ကိုဇေယျာသော်ရဲ့ မိဘနေအိမ်နဲ့ ကိုဂျင်မီရဲ့အိမ်ကို အမည်မသိလူအုပ်စုက ခဲနဲ့ လာရောက်ပစ်ပေါက် စိန်ခေါ်

ရန်ကုန်၊ဇူလိုင် ၂၇၊ ၂၀၂၂
KK(VOM)

ကျောက်တံတားမြို့နယ် ၉ ရပ်ကွက် ဗိုလ်အောင်ကျော်လမ်းမှာရှိတဲ့ ကိုဖြိုးဇေယျာသော်ရဲ့ မိဘတွေနေထိုင်ရာ နေအိမ်ကို ဒီကနေ့ နေ့လယ်ပိုင်းက အမည်မသိလူအုပ်စုက လာရောက်ပြီး ခဲတွေနဲ့ပေါက် ဆဲဆိုကာ စိန်ခေါ်ခဲ့ကြတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

ဒီကနေ့ မနက် ၁၂နာရီခွဲ ဗိုလ်အောင်ကျော်လမ်း အလယ်ဘလောက်မှာရှိတဲ့ ကိုဖြိုးဇေယျာသော်ရဲ့မိဘတွေနေအိမ်ကို Light Truck ကားတွေနဲ့ လူဦးရေ ငါးဆယ်ကျော်ခန့်
ရောက်ရှိလာပြီး ဆဲဆို ခဲနဲ့ပေါက်ခဲ့တာဖြစ်တယ်လို့ ပတ်ဝန်းကျင်နေသူတဦးက ပြောပါတယ်။

“သူတို့ပြောတာ ဇေယျာသော်ရဲ့ မစ်ရှင်မှာတုန်းက သေခဲ့တဲ့သူတွေရဲ့ မိသားစုဝင်တွေလို့ ပြောတာပဲ ဟုတ်မဟုတ်တော့မသိဘူး ခဲတွေနဲ့ပေါက်တယ် လေးခွတွေနဲ့ပစ်တယ် ကိုဇေယျာသော်အဖေကို ဆင်းခဲ့ဖို့ သတ္တိရှိရင်ထွက်ခဲ့ဖို့ စိန်ခေါ်တယ်”လို့ ပြောပါတယ်။

အဲဒီလူအုပ်ကြီးဟာ မိနစ်နှစ်ဆယ်ခန့် ခဲတွေ၊ လေးခွတွေနဲ့ပစ်ခတ်ပြီးနောက် ဒုတိယအကြိမ် ထပ်မံလာရောက်မယ်လို့ ခြိမ်းခြောက်သွားခဲ့တယ်လို့ ရပ်ကွက်နေသူတွေဆီက သိရပါတယ်။

ကိုဇေယျာသော်ရဲ့မိဘနေအိမ် ခဲနဲ့ပစ်ပေါက်ပြီး ရန်ရှာခံရတဲ့ကိစွနဲ့ပါတ်သတ်ပြီး ကျောက်တံတားမြို့မရဲစခန်းကို ဖုန်းနဲ့ဆက်သွယ်ခဲ့ပေမယ့် ဖုန်းကိုင်ဖြေကြားပေးခြင်းမရှိပါဘူး။

အလားတူပဲ အင်းစိန်၊ ပိန္နဲကုန်းရပ်ကွက်၊ သရက်ခြံ ၂ လမ်းမှာရှိတဲ့ ကိုဂျင်မီရဲ့ အိမ်ရှေ့မှာ အမည်မသိလူအုပ်စုကြီးကနေ မြန်မာနိူင်ငံကနေထွက်သွားဖို့နဲ့ အကြမ်းဖက်မှုလုပ်ရပ်တွေကို မလိုလားကြောင်း အော်ဟစ်ပြီး ခဲနဲ့ပစ်တာတွေပါ လုပ်ခဲ့ကြပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းက ကိုဖြိုးဇေယျာသော်၊ ကိုဂျင်မီအပါအဝင် လေးဦးကို နစကကောင်စီ က သေဒဏ်စီရင်ခဲ့ပြီးနောက် ပြည်တွင်းပြည်ပအသီးသီးမှာ ကန့်ကွက်ရှုံ့ချတာတွေ ဆန္ဒပြတာတွေလည်း ဖြစ်ပွားနေပါတယ်။

#voiceofmyanmar #VOM #ဇေယျာသော်မိဘအိမ်ခဲနဲ့ပစ်ပေါက် #ကျောက်တံတား #အင်းစိန် #ကိုဂျင်မီ

Related posts

Leave a Comment

VOM News

FREE
VIEW