မန္တလေးမှာ လူသတ်၊ ကားလုပြီး အလောင်းလမ်းဘေးစွန့်ပစ်ခံခဲ့ရ

ဇူလိူင် ၂၇-၂၀၂၂
VOM (GG)

မန္တလေးမြို့၊ အမရပူရမြို့နယ်မှာ စီးလာတဲ့ကားကို လုယူပြီး လူကိုသတ်ကာ အလောင်းကိုလမ်းဘေးစွန့်ပစ်ခဲ့မှု မနေ့ ဇူလိူင်၂၆ ရက်နေ့ မနက်ပိုင်းက ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

” မနေ့က နေ့လယ် ၂ နာရီ ခွဲလောက်မှာ အမျိုးသားတဦး မျက်ကွင်းတွေညိုမဲပြီး နှာခေါင်းထဲက သွေးထွက်၊ မှောက်လျှက်အနေထားနဲ့ သေဆုံးနေတာကို တွေ့ရှိတယ်လို့ ဖုန်းဆက်သတင်းပေးလို့ ဆေးရုံကြီးရေခဲတိုက်ကိုပို့ပေးခဲ့တယ်၊ အလောင်းပိုင်ရှင်တွေနဲ့လည်းအဆက်သွယ်ရပါတယ် ” လို့ ကူညီကယ်ဆယ်ရေးလုပ်ခဲ့တဲ့ ရွှေမဉ္ဇူ ပရဟိတအသင်းဝင်တဦးက ပြောပါတယ်။

အသတ်ခံရသူဟာ ကိုရဲကိုထက်၊ အသက် ၃၀ အရွယ် အမျိုးသားဖြစ်ပြီး ရုပ်အလောင်းကို ပြည်ကြီးတံခွန်မြို့နယ် (၁၃၈)လမ်းနဲ့ (၁၃၉)လမ်းကြား၊ (၇၇)လမ်းနဲ့ (၇၈)လမ်းကြား လမ်းဘေးမှာ စွန့်ပစ်ထားတာခဲ့တာကိုတွေ့ရှိရတာ ဖြစ်တယ်လို့သိရပါတယ်။

ကိုရဲကိုထက်ဟာ အမရပူရမြို့နယ်၊ မြစ်လောင်းရွာမှာနေထိုင်သူဖြစ်ပြီး မနေ့ကမနက် ၉ နာရီခန့် နေအိမ်ကနေ ကားနဲ့ ပြည်ကြီးတံခွန်မြို့နယ်၊ စွယ်တော်စက်မှုဘက်ကို ထွက်သွားရာကနေ ကားကိုအလုခံရတဲ့အပြင် လူကိုလည်းသတ်ခံခဲ့ရတာဖြစ်ပါတယ်။

လက်ရှိမှာ ကျူးလွန်သူတွေကို ဖမ်းဆီးရမိခြင်းမရှိသေးဘဲ သက်ဆိုင်ရာရဲတပ်ဖွဲ့ကတော့ ဖမ်းဆီးရမိရေး အမှုဖွင့်ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

မန္တလေးမြို့မှာ ပြီခဲ့တဲ့ လပိုင်းတွေက စတင်ပြီး ဆိုင်ကယ်စီးနေသူကို ရိုက်နှက်ကာ ဆိုင်ကယ်လုခြင်း၊ ဆိုင်ရှေ့ရပ်ထားတဲ့ ဆိုင်ကယ်တွေ ခိုးယူခံရခြင်းများ ဖြစ်ပေါ်ခဲ့ပြီး ခိုးယူသွားသူအများစုကို ဖမ်းဆီးရမိတာလည်း မကြားမိဘူးလို့ မန္တလေးမြို့ခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

အလားတူ ပြီးခဲ့တဲ့ ဇူလိူင် ၆ ရက်နေ့ကလည်း ရန်ကုန်မှာ အွန်လိုင်းဝန်ဆောင်မှုလုပ်ငန်းဖြစ်တဲ့ Mercury Online Shopping Mall က ဖြည့်ဆည်းရေးစင်တာ တာဝန်ခံဖြစ်တဲ့ ကိုအာကာမိုးကိုကို ဆိုသူ အလုပ်ကနေ ကားမောင်းပြီး အိမ်ပြန်စဥ် ရိုက်နှက်ကာ ပစ္စည်းတွေလုယူခံလိုက်ရတဲ့အပြင် လူကိုပါ သတ်ပြီး အလောင်းကို လိူင်သာယာမြို့ လမ်းဘေးမှာ စွန့်ပစ်ခံခဲ့ရတဲ့ဖြစ်စဥ်လည်း ရှိခဲ့တယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #မန္တလေး

Related posts

Leave a Comment

VOM News

FREE
VIEW