ဇူလိုင် ၊ ၂၆ ၊ ၂၀၂၂ SP(VOM) မကွေးတိုင်း ၊ ပခုက္ကူခရိုင် ၊ ပေါက်မြို့နယ် ၊ တပ်ကုန်းရွာမှာ ဒီကနေ့မနက် အစောပိုင်းက ပစ်ခတ်တိုက်ခိုက်တာတွေဖြစ်ပြီး လူနေအိမ်နဲ့ အဆောက်အဦတချို့ မီးရှို့ခံရကာ အဲ့ဒီ မီးလောင်ပြင်ကြားက မီးလောင်သေဆုံးနေတဲ့ ကလေး ရုပ်အလောင်း ၄ လောင်းနဲ့ လူကြီး ရုပ်အလောင်း ၃ လောင်း တွေ့ခဲ့ရတယ်လို့ ပေါက်မြို့နယ် ဒေသခံ လူမှုကူညီရေးအဖွဲ့တွေဆီက သိရပါတယ်။ ” အသက် ၁၀ နှစ်အောက်အရွယ် ကလေး ၄ ယောက်က မီးရှို့သတ်ခံထားရတာပါ ၊ အသက် ၃၀ ဝန်ကျင် အမျိုးသမီး ၁ ယောက်နဲ့ အမျိုးသား ၂ ယောက်က ကျည်ဆံထိမှန် သေဆုံးနေတာ” လို့ ဒေသခံ ပရဟိတသမား တယောက်က ပြောပါတယ်။…
Read MoreMonth: July 2022
ဂျပန်မှာ မျောက်ကျောက်ရောဂါကူးစက်မှု စတင်တွေ့ရှိ ၊ ကမ္ဘာ့နိုင်ငံ ၇၅ နိုင်ငံမှာ ကူးစက်မှု ၁၆၀၀၀ ကျော်ထိ မြင့်တက်လာ
တိုကျို၊ ဇူလိုင်-၂၆-၂၀၂၂ မျိုးဆက်(VOM) ဂျပန်နိုင်ငံ တိုကျိုမှာ မျောက်ကျောက်ရောဂါဖြစ်ပွားမှုကို ပထမဆုံးတွေ့ရှိခဲ့ကြောင်း တာ၀န်ရှိသူတွေက အတည်ပြုပြောဆိုပါတယ်။ မကြာသေးမီက ပြည်ပကိုသွားရောက်ခဲ့တဲ့ ခရီးသွားမှတ်တမ်းရှိသူ အသက် ၃၀ အရွယ်တိုကျိုဒေသခံတဦးမှာ မျောက်ကျောက်ရောဂါကူးစက်နေတာကို ဇူလိုင် ၂၅ ရက်မှာ စစ်ဆေးတွေ့ရှိခဲ့တာဖြစ်ပါတယ်။ အဲဒီလူနာဟာ လက်ရှိမှာ ကျန်းမာရေးအခြေအနေတည်ငြိမ်နေပြီး ကူးစက်မှုလမ်းကြောင်းနဲ့ အနီးကပ်ထိတွေ့သူတွေ ရှိမရှိ စိစစ်လျှက်ရှိပါတယ်။ ဒါ့ပြင် အိန္ဒိယနိုင်ငံမှာလည်း လေးဦးမြောက် မျောက်ကျောက်ရောဂါကူးစက်ခံရသူကို မြို့တော်ဒေလီမှာ တွေ့ရှိခဲ့ပြီး သူဟာပြည်ပနိုင်ငံတွေကို သွားရောက်ခဲ့တဲ့ ခရီးသွားမှတ်တမ်းမရှိပါဘူး။ အိန္ဒိယနိုင်ငံမှာ ပထမဆုံးမျောက်ကျောက်ရောဂါကူးစက်မှုကို နိုင်ငံတောင်ပိုင်း ကီရာလာပြည်နယ်မှာ တွေ့ရှိခဲ့ပြီး လူနာတွေဟာ ပင်လယ်ကွေ့ဒေသရှိနိုင်ငံတွေကို မကြာသေးမီက သွားရောက်ခဲ့သူတွေဖြစ်ပါတယ်။ မျောက်ကျောက်ရောဂါနဲ့ပတ်သက်ပြီး ကျန်းမာရေးဆိုင်ရာအရေးပေါ်အခြေအနေကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့က လွန်ခဲ့တဲ့ သီတင်းပတ်က ကြေညာခဲ့ပြီး လက်ရှိမှာတော့ ကမ္ဘာ့နိုင်ငံ ၇၅ နိုင်ငံမှာ ကူးစက်မှုပေါင်း ၁၆၀၀၀ ကျော်ထိရှိနေပါတယ်။ Ref: NHK…
Read Moreအိန္ဒိယသမ္မတသစ်အဖြစ် လူမျိုးစု၀င်အမျိုးသမီးတဦး ပထမဆုံးရွေးချယ်တင်မြှောက်ခံရ
ဒေလီ၊ ဇူလိုင်-၂၆-၂၀၂၂ မျိုးဆက်(VOM) အိန္ဒိယနိုင်ငံရဲ့ သမ္မတသစ်အဖြစ် လူမျိုးစု၀င်အမျိုးသမီးတဦးဖြစ်သူ ဒရူပါဒီမာမူး ရွေးချယ်ခံခဲ့ရပြီး ဇူလိုင် ၂၅ ရက်မှာတော့ သမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုခဲ့ပါတယ်။ အသက် ၆၄ နှစ်အရွယ် နိုင်ငံရေးသမားဖြစ်သူ ဒရူပါဒီမာမူး ဟာ အိန္ဒိယနိုင်ငံရဲ့ဒုတိယမြောက် အမျိုးသမီးသမ္မတနဲ့ ပထမဆုံးသော လူမျိုးစုနွယ်၀င်သမ္မတအဖြစ် မှတ်တမ်း၀င်သွားပြီဖြစ်ပါတယ်။ သမ္မတအဖြစ် ခန့်အပ်ခံလိုက်ရတာဟာ သူ့အတွက်သာမက နိုင်ငံကပြည်သူတွေအားလုံးရဲ့အောင်ပွဲဖြစ်ပြီး လူတိုင်း သမ္မတဖြစ်ခွင့်ကို လက်တွေ့အကောင်အထည်ဖော်နိုင်ပါတယ်လို့ သူမက ပြောပါတယ်။ သူမဟာ အိန္ဒိယနိုင်ငံအရှေ့ပိုင်း သြဒိဿပြည်နယ်ရှိ စန်သဲလ်အမည်ရှိ လူမျိုးစုတခုကနေ မွေးဖွားခဲ့သူဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံရဲ့ နိုင်ငံရေးစနစ်အရ သမ္မတရာထူးဟာ ဂုဏ်ထူးဆောင်ရာထူးမျိုးသာဖြစ်ပေမယ့် နိုင်ငံရေးအကျပ်အတည်းတွေ ဖြစ်ပေါ်လာချိန်မှာ အရေးပါအရာရောက်တဲ့ ရာထူးမျိုးဖြစ်ပါတယ်။ အာဏာရ ဘီဂျေပီပါတီကိုယ်စားပြုပြီး သမ္မတတဦးရွေးချယ်တင်မြှောက်နိုင်ခဲ့တာကြောင့် လာမယ့်ရွေးကောက်ပွဲမှာ လူမျိုးစုတွေရဲ့ ထောက်ခံမဲတွေရရှိဖို့ ဘီဂျေပီပါတီက မျှော်လင့်နေပါတယ်။ Ref: BBC Photo:Mint #voiceofmyanmar #vom…
Read Moreမြန်မာနိုင်ငံမှာ သေဒဏ်ပေးစီရင်မှု ကုလသမဂ္ဂ ၊ အီးယူနဲ့ ၈ နိုင်ငံအပြင် အာဆီယံကပါ ရှုတ်ချ ၊ ဒဏ်ခတ်အရေးယူမှုတွေ ထပ်လုပ်မယ်လို့ အမေရိကန်ပြော
ဝါရှင်တန်၊ ဇူလိုင်-၂၆-၂၀၂၂ မျိုးဆက်(VOM) ကိုဂျင်မီ၊ ကိုဇေယျာသော်၊ ကိုလှမျိုးအောင်နဲ့ ကိုအောင်သူရဇော်တို့ကို လုပ်ထုံးလုပ်နည်း အတိုင်းပြစ်ဒဏ် စီရင်လိုက်ကြောင်း မြန်မာအာဏာပိုင်တွေက ဇူလိုင် ၂၅ ရက်မှာ ထုတ်ပြန်ကြေညာပြီးနောက် ဒီလိုတရားစီရင်မှုနဲ့ပတ်သက်ပြီး ဥရောပသမဂ္ဂ၊ သြစတြေးလျ၊ ကနေဒါ၊ ဂျပန်၊ နယူးဇီလန်၊ နော်ဝေး၊ တောင်ကိုရီးယား၊ ဗြိတိန်နဲ့ အမေရိကန်တို့အပြင် အိမ်နီးချင်းအာဆီယံနိုင်ငံတွေကပါ ပြစ်တင်ရှုတ်ချလိုက်ပါတယ်။ ဒီလိုစီရင်တာဟာ မြန်မာအာဏာပိုင်တွေအနေနဲ့ လူ့အခွင့်အရေးနဲ့ တရားဥပဒေကို လျစ်လျူရှုတာဖြစ်ကြောင်း ဥရောပသမဂ္ဂနဲ့ (၈)နိုင်ငံရဲ့ ပူးတွဲကြေညာချက်မှာ ဖော်ပြထားပါတယ်။ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ်ကလည်း ဒီလိုက်ကွပ်မျက်မှုနဲ့ပတ်သက်ပြီး ပြင်းပြင်းထန်ထန် ရှုတ်ချလိုက်ပြီး ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် ဖမ်းဆီးခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို ပြန်လွှတ်ပေးဖို့ တောင်းဆိုလိုက်ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး မြန်မာအာဏာပိုင်တွေကို ဒဏ်ခတ်အရေးယူဖို့ နောက်ထပ်အစီအမံတွေကို ထည့်သွင်းစဉ်းစားနေတဲ့အတွက် ရွေးချယ်စရာနည်းလမ်းတွေအားလုံး စားပွဲဝိုင်းပေါ်မှာရှိနေကြောင်း အမေရိကန် နိုင်ငံခြားရေး၀န်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ နက်ဒ်ပရိုက်က ပြောပါတယ်။ မြန်မာနိုင်ငံရဲ့ အိမ်နီးချင်းအာဆီယံနိုင်ငံတွေကလည်း…
Read Moreမုံရွာမှာ ကားတစီးပစ်ခတ်ခံရလို့ ကလေးငယ် ၁ ဦးသေ ၊ ၂ ဦးဒဏ်ရာရ
ဇူလိုင်၂၆-၂၀၂၂ SP(VOM) စစ်ကိုင်းတိုင်း ၊ မုံရွာမြို့ ၊ နတ်လူထိပ္ပန်ရပ်ကွက် ၊ ဘိုးဘွားရိပ်သာ အဝိုင်းပတ်အနီး မန္တလေး-ချောင်းဦး-မုံရွာ ကားလမ်းပေါ်မှာ မနေ့ ဇူလိုင် ၂၅ ရက် ညနေပိုင်းက ကားတစီး သေနတ်နဲ့ ပစ်ခတ်ခံရတဲ့အတွက် ကလေးငယ် ၁ ဦး သေဆုံးပြီး ၊ လူ ၂ ဦး ပြင်းထန်ဒဏ်ရာရခဲ့တယ်လို့ မုံရွာမြို့ခံ လူမှုကူညီရေးအဖွဲ့တွေဆီက သိရပါတယ်။ ” ဖြစ်တာက ညနေ ၅ နာရီခွဲဝန်းကျင်ဖြစ်တာပါ ၊ နေရာက ဘိုးဘွားရိပ်သာ အဝိုင်းပတ်နားက ရေဦး ဆန်ပွဲရုံရှေ့ဖြစ်တာ ၊ ကားပေါ်က မိသားစု ၃ ယောက်ပါတယ် ၊ ကလေးဖြစ်သူက နေရာမှာတင် သေဆုံးတယ် ၊ မိဘဖြစ်သူ ၂ ယောက်လည်း ပြင်းထန် ဒဏ်ရာရတယ် ” လို့…
Read Moreပခုက္ကူနယ်ထဲမှာ မိုင်းပေါက်ကွဲပြီး ဆိတ်ကျောင်းနေတဲ့ ကလေး ၁ ဦးသေ ၊ ၁ ဦးပြင်းထန်ဒဏ်ရာရ
ဇူလိုင်၂၆ -၂၀၂၂ SP(VOM) မကွေးတိုင်း ၊ ပခုက္ကူမြို့နယ် ၊ ကျောက်စရစ်ကန်ကျေးရွာနဲ့ ဘုန်းကံကျေးရွာ အကြား ၊ ဘုရားကုန်းကျောင်းနားမှာ မနေ့ ဇူလိုင် ၂၅ ရက် မနက်ပိုင်းက မိုင်းပေါက်ကွဲတာဖြစ်ခဲ့ပြီး ဆိတ်ကျောင်းနေတဲ့ ကလေး ၁ယောက် သေဆုံးကာ ၁ယောက် ဒဏ်ရာရတာတွေ ဖြစ်ခဲ့တယ်လို့ ဒေသခံ လူမှုကူညီရေးအဖွဲ့တွေဆီက သိရပါတယ်။ ” မနက်ပိုင်း ၁၀ နာရီခွဲဝန်းကျင်မှာ ဖြစ်တာပါ ၊ ရွာချင်းဆက်လမ်းမှာ ထောင်ထားတဲ့ မိုင်းကွဲတာ ဖြစ်တယ် ၊ သေဆုံးသွားတဲ့ အသက် ၁၃ အရွယ် ဆိတ်ကျောင်းနေတဲ့ ကလေးက ကျောက်စရစ်ကန်ရွာ ဦးကြီးညို ၊ ဒေါ် စန်းစန်းရဲ့ သားဖြစ်တယ် ၊ ဦးခေါင်းကြေမွဒဏ်ရာနဲ့ သေဆုံးသွားတာပါ ၊ သူနဲ့ ဆိတ်ကျောင်းဖော် နောက်တယောက်လည်း ဒဏ်ရာရတယ် ၊…
Read Moreမြိုင်မြို့နယ်ထဲက ကျောက်ကန်ရွာမှာ လူနေအိမ်နဲ့ အဆောက်အဦ ၁ ရာနီးပါး မီးရှို့ခံရ
ဇူလိုင်၂၅-၂၀၂၂ SP(VOM) မကွေးတိုင်း ၊ ပခုက္ကူခရိုင် ၊ မြိုင်မြို့နယ် မြောက်ပိုင်းမှာရှိတဲ့ ကျောက်ကန်ရွာက အဆောက်ဦး ၁ ရာကျော်ဟာ အခုလ ၂၃ ရက်က မီးရှို့ခံခဲ့ရတယ်လို့ မြိုင်မြို့ခံတွေဆီက သိရပါတယ်။ ” လူနေအိမ်နဲ့ အခြား အဆောက်အဦ၁ ရာနီးပါး မီးရှို့ဖျက်စီးခံရတယ် ၊ လယ်ယာလုပ်ငန်းခွင်သုံးပစ္စည်းတွေ ၊ ဆိုင်ကယ်တွေ ၊ ကားတွေ ၊ ထော်လာဂျီ အပြင် လယ်ထွန်စက်တွေပါ မီးလောင်ကုန်တာ “လို့ ကျောက်ကန်ရွာခံ တယောက်က ပြောပါတယ်။ အဲ့ဒီလို မီးရှို့ဖျက်စီးခံရတဲ့အတွက် ကျောက်ကန်ရွာခံ အိမ်ထောင်မိသားစု ၇၀ ဟာ အိုးမဲ့အိမ်မဲ့ ဘဝရောက်ခဲ့ရပြီး ဆွေမျိုးသားချင်းတွေနဲ့ ရင်းနှီးတဲ့ မိတ်ဆွေတွေထံ ခိုကပ်နေရတယ်သလို ကျောက်ကန်ရွာခံ တယောက်လည်း မီးလောင်သေဆုံးခဲ့တယ်လို့ အဲ့ဒီရွာခံတွေက ပြောပါတယ်။ မနေ့ ဇူလိုင် ၂၄ ရက်ကလည်း…
Read Moreရွှေသောင်ယံမှာ စက်လှေနဲ့၀င်ရောက်လာတဲ့ နိုင်ငံသား အထောက်အထားမဲ့သူ ၄၆ ယောက် ဖမ်းမိ
ဇူလိုင် ၂၅-၂၀၂၂ မင်းမြတ် ဧရာဝတီတိုင်း၊ပုသိမ်မြို့နယ်၊ရွှေသောင်ယံကမ်းခြေကို စက်လှေနဲ့၀င်ရောက်လာတဲ့ နိုင်ငံသားအထောက်အထားမဲ့သူ ၄၆ ယောက်ကို ရေတပ်ကနေ ဖမ်းဆီးရမိခဲ့တယ်လို့ ရွှေသောင်ယံမြို့ခံတွေဆီက သိရပါတယ်။ ရွှေသောင်ယံကမ်းခြေကိုဝင်ရောက်လာတဲ့ နိုင်ငံသား အထောက်အထားမဲ့သူ ၄၆ ယောက်ကို ဇူလိုင်၂၃ ရက် ည ၁၂ နာရီကျော်လောက်မှာ ရွှေသောင်ယံမြို့အနောက်ဘက် ပင်လယ်ပြင်မှာ ရေတပ်သင်္ဘော၊ ရဲတပ်ဖွဲ့နဲ့ရေတပ်က လှည့်ကင်းလုပ်ဆောင်နေရင်းနဲ့ဖမ်းမိခဲ့တာလို့ သိရပါတယ်။ “၂၃ ရက် ည ၁၂ နာရီကျော်လောက်က ဖမ်းမိတာလို့ သိရတယ်၊ရေတပ်သင်္ဘောကင်းလှည့်ရင်းဖမ်းလာတာတဲ့၊ ဖမ်းဆီးရမိထားတဲ့ နိုင်ငံသားအထောက်အထားမဲ့သူ ၄၆ ယောက်ကို ရွှေသောင်ယံရဲစခန်းမှာ စစ်ဆေးနေတာလို့ သိရတယ်။”လို့ ရွှေသောင်ယံမြို့ခံတဦးကပြောပါတယ်။ ”ဖမ်းမိတာဟုတ်ပါတယ် ၊လက်ရှိ ရွှေသောင်ယံရဲစခန်းမှာ ထားရှိပါတယ်၊ရေတပ် ၅၅၉ က ကင်းလှည့်ရင်းမိတာပါ၊ဥပဒေနနဲ့အညီ စစ်ဆေးနေတယ်၊ စက်လှေနဲ့လာတာပါ၊ ၄၆ ယောက်ပါ”လို့ ရဲတပ်ဖွဲ့နဲ့နီးစပ်သူတဦးကပြောပါတယ်။ ဖမ်းဆီးရမိတဲ့ နိုင်ငံသားအထောက်အထားမဲ့သူ ၄၈ ယောက်မှာ အမျိုးသား…
Read Moreပခုက္ကူမြို့မှာ စစ်ဆေးရေးတွေ တင်းကြပ်လာပြီးနောက်ပိုင်း ဖမ်းဆီးခံရသူတွေ များပြားလာ
ဇူလိုင် ၊ ၂၅-၂၀၂၂ SP (VOM) မကွေးတိုင်း ၊ ပခုက္ကူမြို့ပေါ်က လမ်းဆုံ၊ လမ်းခွတွေမှာ အခုရက်ပိုင်း စစ်ဆေးရေးတွေ တင်းကြပ်လာပြီးနောက် ဖမ်းဆီးခံရတဲ့သူလည်း များပြားလာတယ်လို့ ပခုက္ကူမြို့ခံတွေဆီက သိရပါတယ်။ ” အခုလ ၁၅ ရက်နောက်ပိုင်း အဖမ်းခံရတာ ၁ ဒါဇင်ကျော်တယ် ၊ မနေ့က ၁ ရက်တည်းကို ၃ ယောက်အဖမ်းခံရတယ် “လို့ ပခုက္ကူမြို့ဒေသခံ နိုင်ငံရေးအသိုင်းအဝိုင်းက ပြောပါတယ်။ မနေ့က အဖမ်းခံရတဲ့ ၃ ဦးနဲ့ ပတ်သက်ပြီး ” မနေ့က မနက် ၈ နာရီဝန်းကျင်မှာ ပခုက္ကူ -မြစ်ခြေကားလမ်း ၊ စစ်ဆေးရေးဂိတ်မှာ ကိုဇာနည်ထွန်း ခေါ် တောကြောင် ကို ဖမ်းတယ်။ အဲ့ဒီနောက် မနက် ၁၀ နာရီဝန်းကျင်မှာ ပခုက္ကူ-ရေစကြိုကားလမ်း မြို့ဖေ ဆီဆိုင်နားက…
Read Moreကိုဂျင်မီနဲ့ ကိုဖြိုးဇေယျာသော်တို့ ပြစ်ဒဏ်စီရင်ချက် ချမှတ်ခံရတဲ့အပေါ် ကမ္ဘာ့နိုင်ငံတွေနဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေရဲ့ သဘောထား
ဇူလိုင် ၂၅-၂၀၂၂ မျိုးဆက်(VOM) ကိုဂျင်မီ၊ ကိုဖြ်ိုးဇေယျာသော်အပါအ၀င် ၄ ဦးကို စီရင်လိုက်ကြောင်း မြန်မာအာဏာပိုင်တွေက ဇူလိုင် ၂၅ ရက်မှာ နိုင်ငံပိုင်သတင်းစာကနေ တရား၀င်ထုတ်ပြန်လိုက်ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး ကမ္ဘာ့နိုင်ငံတွေနဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေရဲ့ တုံ့ပြန်မှုတွေကို VOM ကဖော်ပြလိုက်ရပါတယ်။ -တွမ်အန်ဒရူးစ် (မြန်မာ့နိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ်) “ မြန်မာနိုင်ငံမှာ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီအရေးတွက် ကြိုးပမ်းနေသူတွေကို ကွပ်မျက်လိုက်တယ်ဆိုတဲ့ သတင်းဟာ ကျွန်တော်အတွက် ဒေါသထွက်ပြီး ၀မ်းနည်းကြေကွဲရပါတယ်။ ဒီကိစ္စဟာ မြန်မာ့အာဏာပိုင်တွေအပေါ် ကမ္ဘာက ဘယ်လိုတုံ့ပြန်မလဲဆိုတာနဲ့ပတ်သက်ပြီး အချိုးအကွေ့ အလှည့်အပြောင်းတခုဖြစ်ပါတယ်” -ဂျပန်နိုင်ငံခြားရေး၀န်ကြီး ယိုရှီမာဆာ ဟာယာရှီ “ မြန်မာ့ဒီမိုကရေစီ တက်ကြွလှုပ်ရှားသူလေးဦးကို အာဏာပိုင်တွေက ကွပ်မျက်လိုက်တာဟာ နိုင်ငံတကာ အသိုင်းအဝိုင်းမှာ မြန်မာနိုင်ငံအနေနဲ့ ပိုပြီးအထီးကျန်စေမှာဖြစ်ပြီး ဒီလိုကွပ်မျက်မှုတွေဟာ စိုးရိမ်ပူပန်စရာကိစ္စဖြစ်ပါတယ်” -မက်သရူးစမစ် (ဖိုတီးရိုက်အဖွဲ့ အရှေ့တောင်အာရှရေးရာ အကြီးအကဲ) “ ဒီလိုကြောက်စရာကောင်းတဲ့…
Read More