ဇူလိုင် ၂၂-၂၀၂၂ Voice Of Myanmar မန္တလေးမြို့၊ ပုသိမ်ကြီးမြို့နယ်၊ ပုသိမ်ကြီးမြို့အဝင်အနီးရှိ ဦးလှထွန်း ကင်ဆာဖောင်ဒေရှင်းရှေ့မှာ ဗုံးပေါကွဲမှုဖြစ်ပွားခဲ့ပြီး EPC ဝန်ထမ်း(၂)ဦးနဲ့ ဗုံးပေါက်ကွဲချိန် ဖြတ်သန်းသွားလာနေတဲ့ သံဃာတော်(၁)ပါး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။ ရဲတပ်ဖွဲ့နဲ့နီးစပ်သူတဦးက “ဖောင်းဒေရှင်းရှေ့မှာ မီးမီတာလိုက်ဖတ်နေတာပေါ့ သူတို့တွေက ၊ အရန်သင့်ထောင်ထားတဲ့ မိုင်းလို့ယူဆရတာက ထပေါက်တာပဲ၊ ဝန်ထမ်းတဦးက အမျိုးသားအင်္ဂါ မှာ ဒဏ်ရာရတယ်၊ ဆရာတော်တပါး နဲ့ နောက်ထပ် EPCဝန်ထမ်းတဦး ပေါင်း(၃)ဦး ဒဏ်ရာရတယ်”လို့ ပြောပါတယ်။ ဗုံးပေါက်ကွဲတာဟာ ၂ ကြိမ်ဆက်တိုက်ပေါက်ကွဲခဲ့တာကြောင့် အသက် (၂၀)နှစ်အရွယ် မီတာစာရေး အမျိုးသားတဦးက အမျိုးသားအင်္ဂါ မိုင်းစထိမှန်ဒဏ်ရာ(၁)ချက်၊ မိုင်းစထိမှန်ဒဏ်ရာတွေ (မစိုးရိမ်ရ)၊ သက်တော်(၆၂)နှစ်အရွယ် သံဃာတော်တပါးက မိုင်းစထိမှန်ဒဏ်ရာ(၃)ချက်(စိုးရိမ်ရ)ဒဏ်ရာတွေ ရခဲ့ပြီး အသက်(၃၁)နှစ်အရွယ် အမျိုးသားတဦးက မိုင်းစထိမှန်ဒဏ်ရာတွေ(မစိုးရိမ်ရ)ရရှိခဲ့တယ်လို့ သိရပါတယ်။ အဲ့ဒီဗုံးပေါက်ကွဲတဲ့ဖြစ်စဉ်နဲ့ ပတ်သက်ပြီး Generation Z…
Read MoreMonth: July 2022
သမ္မတရုံးအနီးက သီရိလင်္ကာအစိုးရဆန့်ကျင်ရေး သပိတ်စခန်းကို ရာနဲ့ချီတဲ့ ရဲနဲ့စစ်သားတွေ ဖြိုခွဲ
ကိုလံဘို၊ ဇူလိုင်-၂၂-၂၀၂၂ မျိုးဆက်(VOM) သီရိလင်္ကာလုံခြုံရေးတပ်ဖွဲ့၀င်တွေဟာ အစိုးရဆန့်ကျင်ရေး အဓိကသပိတ်စခန်းတစ်ခုကို ဇူလိုင် ၂၂ ရက် နံနက်အစောပိုင်းမှာ ၀င်ရောက်စီးနှင်းခဲ့ပြီး ဆန္ဒပြသူတွေကို ဖမ်းဆီးကာ ဆန္ဒပြသူများပြုလုပ်ထားတဲ့ ယာယီတဲတွေကို ဖျက်ဆီးခဲ့ပါတယ်။ ရာနဲ့ချီတဲ့ ရဲနဲ့စစ်သားတွေဟာ ကိုလံဘိုမြို့ သမ္မတရုံးပြင်ပမှာ စခန်းချပြီးဆန္ဒပြနေသူတွေကိုဖြိုခွင်းခဲ့တာဖြစ်ပြီး ဆန္ဒပြသူနှစ်ဦး ဒဏ်ရာရရှိကာ ကိုးဦးဖမ်းဆီးခံရခဲ့ရပါတယ်။ ဒါဟာ သမ္မတရုံးကို ပြန်လည်ထိန်းချုပ်ဖို့ အထူးစစ်ဆင်ရေးဖြစ်တယ်လို့ တာ၀န်ရှိသူတွေကပြောပါတယ်။ သမ္မတ ဂိုတာဘာယာရာဂျာပက်ဆာ နိုင်ငံမှထွက်ပြေးပြီးနောက် ၀န်ကြီးချုပ်ဖြစ်သူ ၀စ်ခရီမီဆင်းက သမ္မတသစ်အဖြစ် ဇူလိုင် ၂၁ ရက်မှာ ကျမ်းသစ္စာကျိန်ဆိုခဲ့ပါတယ်။ ၀န်ကြီးချုပ်ဟောင်းဖြစ်သူ သမ္မတ၀စ်ခရီမီဆင်းဟာ ပြည်သူတွေအကြားမှာ ရေပန်းစားလူကြိုက်များသူ တစ်ဦးမဟုတ်ကြောင်း ရှုမြင်ခြင်းခံထားရသူဖြစ်ပြီး ဆန္ဒပြသူတွေကို ပြင်းပြင်းထန်ထန်အရေးယူမယ်လို့ သူက ကတိပြုထားပါတယ်။ သီရိလင်္ကာနိုင်ငံမှာ ဆိုးရွားတဲ့ စီးပွားရေးအကျပ်အတည်းတွေကြောင့် လပေါင်းများစွာ မငြိမ်မသက်မှုတွေ ဖြစ်ပွားနေပြီး ယခင်အစိုးရရဲ့ဘဏ္ဍာရေးဆိုင်ရာ လွဲမှားစွာကိုင်တွယ်မှုအပေါ် ပြည်သူအများစုက အပြစ်တင်နေကြပါတယ်။ Ref;…
Read Moreပဲခူးမှာ နေအိမ်ထဲပစ္စည်းဝင်ခိုးပြီး လူသတ်ခဲ့သူက အသက် ၁၃နှစ်အရွယ် ယောင်္ကျားလေးဖြစ်နေ
ဇူလိူင် ၂၂-၂၀၂၂ GG(VOM) ပဲခူးမြို့၊ နန်းတော်ရာရပ်ကွက် ၊ရွှေအောင်ရွေး ၂ လမ်းက နေအိမ်တအိမ်မှာ ဒီနေ့မနက်အစောပိုင်းက နေအိမ်အတွင်းဝင်ခိုးတဲ့ အသက် ၁၃နှစ်အရွယ် သူခိုးက အိမ်ရှင်ကို ဓားနဲ့ထိုးတာကြောင့် ၁ ယောက်သေဆုံးပြီး ၁ ယောက်ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။ ” မနက် ၃ နာရီလောက်မှာဖြစ်တာ။ခိုးတာကလည်း အသတ်ခံလိုက်ရတဲ့ကောင်လေးနဲ့အတူ ဂိမ်းတွေဘာတွေဆော့တဲ့သူ ၊အသက်က ၁၃ နှစ်လောက်ပဲရှိအုံးမယ်။အသတ်ခံလိုက်ရတဲ့သူက i phone ဝယ်လာတာ ၃ရက်လောက်ရှိသေးတယ်။ဟိုကလေးက ဖုန်းကိုလိုချင်စိတ်များသွားတာဖြစ်မယ်။မနက်ကဝင်ခိုးတော့ အသတ်ခံရတဲ့ကောင်လေးက နိုးသွားတော့ ရုန်းရင်းဆန်ခတ်ဖြစ်ပြီး ဓားနဲ့ထိုးတာ၊ အကိုဖြစ်သူကလည်း ဝင်ဖမ်းတော့ သူ့ကိုပါ ထိုးမိတာ ၊ အခု အဲ့ဒီကလေးကို ဖမ်းမိပြီ ပဲခူးခေါ်လာနေပြီလို့သိရတယ် “လို့ ဒေသခံ ပရဟိတသမားတဦးကပြောပါတယ်။ လူသတ်မှုကျူးလွန်ခဲ့တဲ့ အသက် ၁၃နှစ်အရွယ် ကလေးငယ်ကို ဝေါမြို့တာဝန်ရှိသူတွေက ဖမ်းဆီးရမိခဲ့ပြီး ပဲခူးမြို့က သက်ဆိုင်ရာရဲစခန်းကို ခေါ်ဆောင်လာနေပြီဖြစ်တယ်လို့လည်း…
Read Moreဆားလင်းကြီးမှာ လက်ဖက်ရည်ဆိုင် ထိုင်နေတဲ့ ရဲ ၄ ယောက် ပစ်သတ်ခံရ
ဇူလိုင် ၊ ၂၂-၂၀၂၂ SP (VOM) စစ်ကိုင်းတိုင်း ၊ ယင်းမာပင်ခရိုင် ၊ ဆားလင်းကြီးမြို့ ၊ စည်ပင်စျေးအနီးက လက်ဖက်ရည်ဆိုင်မှာ ဒီကနေ့ မနက်ပိုင်းက လက်ဖက်ရည်ထိုင်သောက်နေတဲ့ ရဲ ၄ ယောက် ပစ်သတ်ခံရတယ်လို့ ဆားလင်းကြီးမြို့ခံတွေဆီက သိရပါတယ်။ ” ဒီမနက် ၇ နာရီခွဲ ဝန်းကျင်က စျေးအနောက်ဘက်က လက်ဖက်ရည်ဆိုင်မှာ ရဲ ၄ ယောက် လက်ဖက်ရည်ထိုင်သောက်နေတယ် ၊ အဲ့ဒီအချိန်မှာ ကား ၁ စီးနဲ့ လူ ၇ ယောက်လောက်က လာပြီး သေနတ်နဲ့ပစ်တယ် ၊ နောက်ပြီး ကားက မောင်းထွက်ပြေးသွားတာ “လို့ မြင်တွေ့ခဲ့ရတဲ့ ဆားလင်းကြီးမြို့ခံတယောက်က ပြောပါတယ်။ အဲ့ဒီ ရဲ ၄ ယောက် ပစ်သတ်ခံရတာနဲ့ ပတ်သက်လို့ ဆားလင်းကြီး ရဲအသိုင်းအဝိုင်းက ”…
Read Moreကာကွယ်ဆေး လေးကြိမ်ထိုးပြီးသူ အမေရိကန်သမ္မတဂျိုးဘိုင်ဒင် ကိုဗစ်-၁၉ ရောဂါကူးစက်ခံနေရ
ဝါရှင်တန်၊ ဇူလိုင်-၂၂-၂၀၂၂ မျိုးဆက်(VOM) အမေရိကန်သမ္မတဂျိုးဘိုင်ဒင်ဟာ ကိုဗစ်-၁၉ ရောဂါကူးစက်နေတာကြောင့် အိမ်ဖြူတော်မှာ သီးခြားနေပြီး ကွာရန်တင်း၀င်နေရကြောင်း တာ၀န်ရှိသူတွေက ဇူလိုင် ၂၁ ရက်မှာပြောပါတယ်။ အသက် ၇၉ နှစ်အရွယ် သမ္မတဂျိုးဘိုင်ဒင်ဟာ ကာကွယ်ဆေးအပြည့်အ၀ထိုးနှံပြီးဖြစ်တဲ့အပြင် ထပ်ဆောင်းကာကွယ်ဆေးနှစ်ကြိမ်းထိုးနှံပြီးဖြစ်ပြီး လက်ရှိမှာ အပျော့စားရောဂါလက္ခဏာတွေ ခံစားနေရပေမယ့် တာ၀န်တွေကို ဆက်လက်ထမ်းဆောင်သွားမှာဖြစ်ကြောင်း အိမ်ဖြူတော်ပြောရေးဆိုခွင့်ရှိသူကပြောပါတယ်။ လက်ရှိမှာတော့ သမ္မတဂျိုးဘိုင်ဒင်ဟာ မောပန်းနွမ်းနယ်မှုနဲ့ နှာရည်ယိုခြင်း၊ ချောင်းခြောက်ဆိုးခြင်းတွေကို ခံစားနေရကြောင်း အိမ်ဖြူတော်က ထုတ်ပြန်ထားပါတယ်။ သမ္မတဟာ ပိုးသတ်ဆေးတစ်မျိုးဖြစ်တဲ့ Paxlovid ဆေးကို သောက်သုံးနေကြောင်း အိမ်ဖြူတော်ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ သူ့အနေနဲ့ အခြေအနေကောင်းမွန်နေပြီး အလုပ်များနေကြောင်း သမ္မတဂျိုးဘိုင်ဒင်က တွစ်တာမှာ ရေးသားဖော်ပြထားပါတယ်။ သမ္မတကတော် ဂျေးလ်ဘိုင်ဒင်ကတော့ ရောဂါကူးစက်မှုမရှိကြောင်းသိရပါတယ်။ သမ္မတအနေနဲ့ ရောဂါကူးစက်မှု ပျောက်ကင်းတဲ့အချိန်ထိ သီးခြားနေထိုင်ပြီး တာ၀န်တွေကို ဆက်လက်ထမ်းဆောင်သွားမှာဖြစ်ပြီး အစည်းအဝေးတွေကို တယ်လီဖုန်း သို့မဟုတ် အွန်လိုင်းမှပြုလုပ်သွားမှာဖြစ်တယ်လို့…
Read Moreမော်လမြိုင် အ -ထ -က (၅ ) ကျောင်းအုတ်တံတိုင်းပြိုကျ ငါးဦးသေ သုံးဦးဒဏ်ရာရ
ရန်ကုန်၊ဇူလိုင် ၂၂ ၊၂၀၂၂ KK(VOM) မော်လမြိုင်မြို့ ရွှေတောင်ရပ်ကွက် မာလာဝင်း တောင်ရိုးတန်းလမ်းရှိ အထက ၅ ကျောင်းမှာ ဒီကနေ့ မနက်ပိုင်းကအုတ်တံတိုင်းပြိုကျမှုဖြစ်ပွားခဲ့တာမှာ ငါးဦးသေဆုံးပြီး သုံး ဦး ဒဏ်ရာရရှိခဲ့တယ်လို့ မီးသတ်ဦးစီးဌာနရဲ့ထုတ်ပြန်ချက်အရ သိရပါတယ်။ ကျောင်းအုတ်တံတားပြိုကျမှုကို မီးသတ်တပ်ဖွဲ့ဝင်တွေနဲ့ ဘိုဘိုဝင်းလူမှုကယ်ဆယ်ရေး၊မော်လမြိုင်လူမှုကယ်ဆယ်ရေး၊အဖြူရောင်တွဲလက်လူမှု ကယ်ဆယ်ရေး၊ ရွှေတောင်ရပ်ကွက်လူမှုကယ်ဆယ်ရေးနဲ့ ရာမညလူမှုကယ်ဆယ်ရေးအဖွဲ့တို့ ပူးပေါင်းကာကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်ဆောင်ခဲ့ရတယ်လို့ ပရဟိအဖွဲ့တွေဆီက သိရပါတယ်။ ကယ်ဆယ်ရေးလုပ်ရာမှာပါဝင်ခဲ့တဲ့ ရာမညလူမှုကယ်ဆယ်ရေးအဖွဲ့ ဥက္ကဋ္ဌ ပြောပြတာက “ငါးဦးသေတယ် ယောက်င်္ကျား ၂ ယောက် မိန်းခလေး သုံးယောက် ဒဏ်ရာရတာက သုံးယောက်”လို့ ပြောပါတယ်။ ဒဏ်ရာရရှိသူသုံးဦးကို ပရဟိတအဖွဲ့တွေက လူနာတင်ယာဥ်တွေနဲ့ မော်လမြိုင်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ တယ်လို့ သူကရှင်းပြပါတယ်။ ဒီကနေ့မနက်ပိုင်းက မော်လမြိုင်မြို့နယ်မှာ မိုးသည်းထန်စွာရွာသွန်းရာ အ.ထ.က(၅)ကျောင်းရဲ့ အုတ်တံတိုင်းပြိုကျခဲ့ပြီး ဆိုင်တန်းမှာရှိနေတဲ့လူတွေ အပေါ်ပိခဲ့တာဖြစ်တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၂…
Read Moreစက်သုံးဆီ သယ်ယူနေတဲ့ ရေယာဥ်ဆီတွဲနဲ့ ဆီဘောက်ဆာကားတွေ GPS အမြန်တပ်ဆင်ဖို့ ညွှန်ကြားထား
ဇူလိုင် ၊ ၂၂- ၂၀၂၂ SP (VOM) စက်သုံးဆီ ဖြန့်ချီရာမှာ အဓိကကျတဲ့ ရေယာဥ်ဆီတွဲ တွေနဲ့ ဆီသယ်ယာဥ် ဘောက်ဆာကားတွေကို GPS တပ်ဆင်ထားကြဖို့အတွက် မြန်မာနိုင်ငံစက်သုံးဆီတင်သွင်းရောင်းချဖြန့်ဖြူးရေးအသင်းက ညွှန်ကြားထားတယ်လို့ စက်သုံးဆီလုပ်ငန်းရှင်တွေဆီက သိရပါတယ်။ ” စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းဆောင်ရွက်နေတဲ့ ကုမ္ပဏီတွေ ၊ နောက်ပြီး သယ်ယူပို့ဆောင်နေတဲ့ ကုမ္ပဏီတွေ နဲ့ အခြားပုဂ္ဂလိကလုပ်ငန်းရှင်များပိုင်ဆိုင်တဲ့ ရေယာဉ်ဆီတွဲများနဲ့ ဆီတင်ယာဉ်တွေကို ၅.၈.၂၀၂၂ ရက်နေ့ နောက်ဆုံးထားပြီး GPS တွေ အမြန်ဆုံးတပ်ဆင်ဖို့ ဇူလိုင်လ ၂၀ရက်နေ့ရက်စွဲနဲ့ မြန်မာနိုင်ငံစက်သုံးဆီတင်သွင်းရောင်းချရေးအသင်းက စာထုတ်ထားတာ ” လို့ ချင်းတွင်းမြစ်ကြောင်း စက်သုံးဆီတင်သွင်းဖြန့်ချီရေး လုပ်ငန်းရှင်တယောက်က ပြောပါတယ်။ အဲ့ဒီလို ညွှန်ကြားရတာဟာ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ရေနံထွက်ပစ္စည်း ကြီးကြပ်စစ်ဆေးရေးဦးစီးဌာနက ၊ ဆီတင်ရေယာဉ်/ယာဉ်တွေ အနေနဲ့ စက်သုံးဆီတွေကို တနေရာကနေ တနေရာကို သယ်ယူပို့ဆောင်တာ ၊ လက်ခံဖြည်းတင်းမှုတွေ ဆောင်ရွက်တဲ့အခါ…
Read Moreအိန္ဒိယက မြန်မာ မတ်ပဲ တန် ၂ သိန်းခွဲကို ၅ နှစ်ဆက်တိုက်၀ယ်မယ်၊ ပြည်တွင်းမှာတော့ အရောင်းအဝယ်မရှိဖြစ်နေ
ဇူလိူင် ၂၂-၂၀၂၂ VOM (GG) မြန်မာနိုင်ငံကနေ မတ်ပဲတန်ချိန် ၂ သိန်းခွဲကို အိန္ဒိယအစိုးရက ၅ နှစ်ဆက်တိုက် ဝယ်ယူသွားမှာဖြစ်တယ်လို့သိရပါတယ်။ မတ်ပဲဝယ်ယူမယ့်ကာလဟာ လက်ရှိ ဘဏ္ဍာနှစ်ကနေ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အထိ ဖြစ်ပြီး အခုဘဏ္ဍာနှစ်ကုန်အထိကိုလည်း မတ်ပဲနဲ့ ပဲစဉ်းငုံကို အကန့်အသတ်မရှိ တင်သွင်းခွင့်ပြုထားတယ်လို့သိရသလို ပဲစဉ်းငုံ တန်ချိန် ၁ သိန်းလည်းဝယ်ယူမှာဖြစ်တယ်လို့ သိရပါတယ်။ ဒါပေမယ့် ပြည်တွင်းမှာဖြစ်နေတဲ့ ဒေါ်လာကန့်သတ်ချက် ဂယက်တွေကြောင့် မတ်ပဲစျေး မတည်မငြိမ်ဖြစ်နေသလို အဝယ်သာရှိပြီး ရောင်းလိုအား မရှိဖြစ်နေကြောင်း၊ ကုန်သည်တွေကလည်း အခြေအနေကိုစောင့်ကြည့်နေကြရတယ်လို့ ကုန်စည်ဒိုင်တွေကနေ သိရပါတယ်။ “မြေပဲ၊ ပဲမျိုးစုံကို တင်ပို့ရောင်းချတာကို ဒေါ်လာနဲ့လုပ်ရမယ်ဆိုတဲ့ ကန့်သတ်ချက်ကြောင့်အရောင်းအဝယ် နည်းတယ်။တင်ပို့ရင်လည်း ပစ္စည်းဖိုးကို အရင်ချေရမယ်ဆိုတော့ လုပ်ငန်းရှင်တွေ ဒုက္ခရောက်ကြတယ်။ရတဲ့ဒေါ်လာကျ ၁၈၅၀ နဲ့ရောင်းရတယ်။ကိုယ်လိုအပ်တော့ ၂၅၀၀ နဲ့ဝယ်ရတယ်၊အဆင်မပြေဘူး။ နောက်ဆုံး အကုန်ထိမှာ၊ ကျနော်တို့ ကတော့ ကိုယ်…
Read MoreDICAမှာ မှတ်ပုံတင်ထားတဲ့ ကုမ္ပဏီအားလုံးရဲ့နိုင်ငံခြားဘဏ်စာရင်းထဲကဒေါ်လာကို မြန်မာငွေနဲ့လဲရမယ်
ဇူလိူင် ၂၁-၂၀၂၂ VOM (GG) DICA ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှာ မှတ်ပုံတင်ထားတဲ့ ကုမ္ပဏီအားလုံးရဲ့နိုင်ငံခြားဘဏ်စာရင်းထဲမှာရှိတဲ့ ဒေါ်လာငွေကို မြန်မာကျပ်ငွေ လဲလှယ်ရမယ်လို့ ဗဟိုဘဏ်က ထုတ်ပြန်လိုက်ပါတယ်။ ဒေါ်လာအားလုံးကို မြန်မာငွေလဲလှယ်ခြင်းကို ဒီနေ့ ဇူလိုင်လ ၂၁ ရက်နေ့ ညနေ ၆ နာရီ နောက်ဆုံးထားပြီး လုပ်ဆောင်ဖို့ ဘဏ်တွေကိုအကြောင်းကြားစာပေးပို့ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ နိုင်ငံခြားငွေကို မြန်မာကျပ်နဲ့လဲလှယ်တဲ့အခါ ဗဟိုဘဏ်သတ်မှတ်စျေး တဒေါ်လာကို ၁၈၅၀ ကျပ်နဲ့ရောင်းချရမှာဖြစ်ပြီး ပြင်ပမှာတော့ တဒေါ်လာကို ၂၅၀၀ ကျပ်အထိ ဖြစ်နေပါတယ်။ ” DICA မှာ မှတ်ပုံတင်ထားတဲ့ ကုမ္ပဏီပေါင်းက ၅၀၀၀၀ ကျော်လောက်ရှိတယ်၊ ပြည်ပရော ပြည်တွင်း ရောပေါ့”လို့ DICAမှ တာဝန်ရှိသူတဦးကပြောပါတယ်။ ဗဟိုဘဏ်ဟာ ဇူလိူင်လ ၁၅ ရက်နေ့က နိုင်ငံခြားသား ပိုင်ဆိုင်မှု ၃၅ ရာခိုင်နှုန်းပါဝင်တဲ့ မြန်မာကုမ္ပဏီတွေရဲ့ နိုင်ငံခြားငွေစာရင်းထဲက နိုင်ငံခြားငွေကိုသာ…
Read Moreအာဇာနည် ဦးရာဇတ်ရဲ့သားကြီး ဦးတင်မြင့် ကွယ်လွန်
ဇူလိုင် ၂၁၊၂၀၂၂ KK(VOM) မြန်မာနိူင်ငံကို လွတ်လပ်ရေးရရှိအောင် ကြိုပမ်းခဲ့တဲ့ အာဇာနည်ကိုးဦးစာရင်းဝင် ဦးရာဇာတ်ရဲ့သားကြီးဖြစ်သူ ဦးတင်မြင့်ဟာ ဒီကနေ့ မနက်ပိုင်းက ရန်ကုန်မြို့ရှိ ဝီတိုရီယဆေးရုံမှာ ကွယ်လွန်သွားတယ်လို့ မိသားစုနဲ့နီးစပ်သူတွေဆီကသိရပါတယ်။ “ဒီကနေ့ မနက် ၆နာရီ လေးဆယ်မိနစ်က ရန်ကုန်မြို့ ဝိတိုရိယဆေးရုံမှာ ကွယ်လွန်ခဲ့တာပါ၊ ဒီနေ့ နေ့လယ် တနာရီခွဲအချိန် မွတ်ဆလင်သုသာန်မှာပဲ သင်္ဂြိုဟ်ခဲ့တယ်”လို့ မိသားစုနဲ့နီးစပ်သူတဦးကပြောပါတယ်။ ဦးတင်မြင့်ဟာ မြန်မာနိုင်ငံ ဘူမိသိပ္ပံအသင်း နာယကတဦးဖြစ်သလို မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း (ကမ်းလွန်) ညွှန်ကြားရေးမှူး (ငြိမ်း)တစ်ဦးလည်းဖြစ်ကာ ကွယ်လွန်ချိန်မှာ အသက် ၈၃နှစ်အရွယ်ရှိပြီဖြစ်ပါတယ်။ Photo – Original uploader #voiceofmyanmar #VOM #အာဇာနည်စာရင်းဝင်ဦးရာဇတ်ရဲ့သားကြီး #ဦးတင်မြင့် #ကွယ်လွန်
Read More