အမေရိကန်အောက်လွှတ်တော်ဥက္ကဌရဲ့ အာရှလေးနိုင်ငံခရီးစဉ်စတင် ၊ ထိုင်၀မ်ကိုသွားရင် ဆိုးကျိုးရင်ဆိုင်ရမယ်လို့ တရုတ်သတိပေး

၀ါရှင်တန်၊ သြဂုတ်-၁-၂၀၂၂
မျိုးဆက်(VOM)

အမေရိကန်အောက်လွှတ်တော်ဥက္ကဌ နန်စီပလိုဆီဟာ စင်ကာပူ၊ မလေးရှား၊ တောင်ကိုရီးယားနဲ့ ဂျပန်ခရီးစဉ် စတင်နေပြီဖြစ်ကြောင်း သူ့ရဲ့ရုံးက ဇူလိုင် ၃၁ ရက်မှာ ထုတ်ပြန်ပါတယ်။

ဒါပေမယ့် ထိုင်၀မ်ကို သွားရောက်နိုင်ခြေနဲ့ပတ်သက်ပြီးတော့ ထုတ်ပြန်ခြင်းတော့မရှိပါဘူး။ သူနဲ့ ခြောက်ဦးပါ ကွန်ဂရက်ကိုယ်စားလှယ်အဖွဲ့ဟာ ဒေသတွင်းရှိ မဟာမိတ်တွေအတွက် အမေရိကန်ရဲ့ မပြောင်းလဲတဲ့ ကတိက၀တ်တွေကို ထပ်မံအတည်ပြုဖို့ လုပ်ဆောင်သွားမှာဖြစ်ကြောင်း နန်စီပလိုဆီကပြောပါတယ်။

သူဟာ ထိုင်၀မ်ကိုသွားရောက်နိုင်ခြေရှိကြောင်း ထင်ကြေးပေးမှုတွေလည်းရှိနေပြီး သွားရောက်ခဲ့ပါက ပြင်းထန်တဲ့ အကျိုးဆက်တွေနဲ့ ရင်ဆိုင်ရမယ်လို့ တရုတ်နိုင်ငံက သတိပေးထားပါတယ်။

လွန်ခဲ့တဲ့ ၂၅ နှစ်တာကာလအတွင်း အမေရိကန်မှာ ရွေးကောက်တင်မြှောက်ခံရတဲ့ ထိပ်တန်းတာ၀န်ရှိ တဦးတယောက်မှ ထိုင်၀မ်ကို သွားရောက်ခဲ့တာမရှိပါဘူး။

တရုတ်နိုင်ငံဟာ ထိုင်၀မ်ကို ပိုင်ဆိုင်ကြောင်းအခိုင်အမာပြောဆိုထားပြီး ပြည်မကြီးနဲ့ပြန်လည် ပေါင်းစည်းဖို့အတွက် လိုအပ်ရင် စစ်ရေးအင်အားသုံးစွဲနိုင်ခြေကို ထုတ်ဖော်ပြောဆိုထားပါတယ်။

အမေရိကန်နဲ့ တိုင်ပေတို့အကြား သံတမန်ဆက်ဆံရေးတိုးမြင့်လာတယ်လို့ တရုတ်ကရှုမြင်ထားပြီး ဒီကိစ္စနဲ့ပတ်သက်ပြီး ကြိမ်ဖန်များစွာကန့်ကွက်ခဲ့ပါတယ်။

ဧပြီလအတွင်းကတော့ အမေရိကန်လွှတ်တော်အမတ် ခြောက်ဦးဟာ ထိုင်၀မ်ကို အံ့အားသင့်ဖွယ်သွားရောက်ခဲ့ကြပါတယ်။

Ref: BBC
#voiceofmyanmar #VOM #၀ါရှင်တန်

Related posts

Leave a Comment

VOM News

FREE
VIEW