ဩဂုတ် ၄-၂၀၂၂
VOM ( GG)
ပြီးခဲ့တဲ့ ရက်ပိုင်းက ရန်ကုန်က ဆန္ဒပြမှုမှာ ဖမ်းဆီးခံခဲ့ရတဲ့ ဂျပန်နိုင်ငံသား မှတ်တမ်းရုပ်ရှင်ရိုက်ကူးသူ မစ္စတာ Toru Kubotaတိုရုကူဘိုတာ ပုဒ်မ ၂ ခုနဲ့ တရားစွဲဆိုခံထားရတယ်လို့ သိရပါတယ်။
Toru Kubota ကို လ.ဝ.က ဥပဒေ ၁၃(၁) Visaစည်းကမ်းဖောက်ဖျက်မှု နဲ့ ၅၀၅(က)အရ တရားစွဲဆိုထားတာ ဖြစ်တယ်လို့ သိရပါတယ်။
” ဆန္ဒပြတဲ့သူတွေနဲ့ချိတ်ဆက်ရှိပြီး မှတ်တမ်းလာယူတယ် ဆိုတာရယ်၊ ပုဒ်မ ၂ ခုလို့ တပ်ထားတယ်တော့ အကြမ်းဖျင်းသိရတယ် ။ဘယ်မှာထိန်းသိမ်းထားလဲတော့ သေချာမသိပါဘူး”လို့ တောင်ဒဂုံအုပ်ချုပ်ရေးအဖွဲ့ အသိုင်းအဝိုင်းကနေ သိရပါတယ်။
ပြီးခဲ့တဲ့ ဇူလိူင်လ ၃၀ ရက်နေ့ ညနေပိုင်းက တောင်ဒဂုံမြို့နယ်၊ City Max အနီးမှာ လူ ၁၀ဦးကျော် ပါဝင်ပြုလုပ်ခဲ့တဲ့ ဆန္ဒပြမှုကို ဖုန်း၊ ကင်မရာနဲ့ မှတ်တမ်းတင်နေချိန် ဖမ်းဆီးခံခဲ့ရတာဖြစ်တယ်လို့ သိရပါတယ်။
Toru Kubotaအတူ နွေဦးအိန္ဒြေ၊ ဝေယံထက်၊ ကောင်းခန့်စံ ဆိုသူတို့လည်း ဖမ်းဆီးခံခဲ့ရတာဖြစ်ပြီး ဖမ်းဆီးခံရပြီးနောက် စစ်ကြောရေးကိုပို့ဆောင်ခံလိုက်ရတယ်လို့ သတင်းတွေထွက်ပေါ်နေပါတယ်။
Toru Kubota ဟာ မြန်မာနိုင်ငံကို ထိုင်းကနေတဆင့် ဇူလိူင် ၁ရက်နေ့ မှာ Tourist Visa နဲ့ ဝင်ရောက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
Toru Kubota ဖမ်းခံရတာနဲ့ပတ်သက်ပြီး ဂျပန်နိုင်ငံမှာလည်း ဆန္ဒပြမှုတွေရှိခဲ့ကာ အမြန်ဆုံးပြန်လွှတ်ပေးဖို့တောင်းဆိုမှုတွေလည်း ရှိနေပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်ထဲမှာလည်း ဂျပန်နိုင်ငံသားသတင်းထောက် Yuki Kitazumi ဆိုသူ ဖမ်းဆီးခြင်းခံခဲ့ရပြီး ၂၀၂၁ ခုနှစ် မေလ ၁၄ ရက်နေ့မှာ ဂျပန်-မြန်မာ သံတမန်ရေး ချစ်ကြည်ရင်းနှီးမှုအပေါ်အခြေခံပြီး ပြည်နှင်ဒဏ်ပေးကာ ပြန်လွှတ်ပေးခဲ့တာလည်း ရှိပါတယ်။
#voiceofmyanmar #VOM #ဂျပန်သတင်းထောက် #ပုဒ်မ၂ခုနဲ့တရားစွဲခံထားရ