ဆန္ဒပြပွဲမှာ ဖမ်းခံခဲ့ရတဲ့ ဂျပန်နိုင်ငံသား လဝက ဥပဒေအပါအဝင် ပုဒ်မ ၂ခုနဲ့ တရားစွဲခံထားရ

​ဩဂုတ် ၄-၂၀၂၂
VOM ( GG)

ပြီးခဲ့တဲ့ ရက်ပိုင်းက ရန်ကုန်က ဆန္ဒပြမှုမှာ ဖမ်းဆီးခံခဲ့ရတဲ့ ဂျပန်နိုင်ငံသား မှတ်တမ်းရုပ်ရှင်ရိုက်ကူးသူ မစ္စတာ Toru Kubotaတိုရုကူဘိုတာ ပုဒ်မ ၂ ခုနဲ့ တရားစွဲဆိုခံထားရတယ်လို့ သိရပါတယ်။

Toru Kubota ကို လ.ဝ.က ဥပ​ဒေ ၁၃(၁) Visaစည်းကမ်း​ဖောက်ဖျက်မှု နဲ့ ၅၀၅(က)အရ တရားစွဲဆိုထား​​တာ ဖြစ်တယ်လို့ သိရပါတယ်။

” ဆန္ဒပြတဲ့သူတွေနဲ့ချိတ်ဆက်ရှိပြီး မှတ်တမ်းလာယူတ​ယ် ဆိုတာရယ်၊ ပုဒ်မ ၂ ခုလို့ တပ်ထားတယ်တော့ အကြမ်းဖျင်းသိရတယ် ။ဘယ်မှာထိန်းသိမ်းထားလဲတော့ သေချာမသိပါဘူး”လို့ တောင်ဒဂုံအုပ်ချုပ်ရေးအဖွဲ့ အသိုင်းအဝိုင်းကနေ သိရပါတယ်။

ပြီးခဲ့တဲ့ ဇူလိူင်လ ၃၀ ရက်​နေ့ ည​နေပိုင်းက တောင်ဒဂုံမြို့နယ်၊ City Max အနီးမှာ လူ ၁၀ဦး​ကျော် ပါဝင်ပြုလုပ်ခဲ့တဲ့ ဆန္ဒပြမှုကို ဖုန်း၊ ကင်မရာနဲ့ မှတ်တမ်းတင်​နေချိန် ဖမ်းဆီးခံခဲ့ရတာဖြစ်တယ်လို့ သိရပါတယ်။

Toru Kubotaအတူ နွေဦးအိန္ဒြေ၊ ဝေယံထက်၊ ကောင်းခန့်စံ ဆိုသူတို့လည်း ဖမ်းဆီးခံခဲ့ရတာဖြစ်ပြီး ဖမ်းဆီးခံရပြီးနောက် စစ်ကြောရေးကိုပို့ဆောင်ခံလိုက်ရတယ်လို့ သတင်းတွေထွက်ပေါ်နေပါတယ်။

Toru Kubota ဟာ မြန်မာနိုင်ငံကို ထိုင်းကနေတဆင့် ဇူလိူင် ၁ရက်​နေ့ မှာ Tourist Visa နဲ့ ဝင်​ရောက်ခဲ့​တာဖြစ်တယ်လို့ သိရပါတယ်။

Toru Kubota ဖမ်းခံရတာနဲ့ပတ်သက်ပြီး ဂျပန်နိုင်ငံမှာလည်း ဆန္ဒပြမှုတွေရှိခဲ့ကာ အမြန်ဆုံးပြန်လွှတ်ပေးဖို့တောင်းဆိုမှုတွေလည်း ရှိနေပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်ထဲမှာလည်း ဂျပန်နိုင်ငံသားသတင်းထောက် Yuki Kitazumi ဆိုသူ ဖမ်းဆီးခြင်းခံခဲ့ရပြီး ၂၀၂၁ ခုနှစ် မေလ ၁၄ ရက်နေ့မှာ ဂျပန်-မြန်မာ သံတမန်ရေး ချစ်ကြည်ရင်းနှီးမှုအပေါ်အခြေခံပြီး ပြည်နှင်ဒဏ်ပေးကာ ပြန်လွှတ်ပေးခဲ့တာလည်း ရှိပါတယ်။

#voiceofmyanmar #VOM #ဂျပန်သတင်းထောက် #ပုဒ်မ၂ခုနဲ့တရားစွဲခံထားရ

Related posts

Leave a Comment

VOM News

FREE
VIEW