အောင်ဆန်းကွင်းကနေ ပစ္စည်းပို့တာ ထုတ်တာတွေကို ရက်အကန့်အသတ်မရှိ ပိတ်

ဩဂုတ် ၄-၂၀၂၂ KK+GG(VOM) ရန်ကုန်မြို့၊ အောင်ဆန်းကွင်းက ကားဂိတ်တွေအနေနဲ့ ပစ္စည်းပို့တာ ထုတ်တာတွေအကုန်လုံး မနက်ဖြန် ဩဂုတ်လ၅ရက်ကစပြီး ရက်အကန့်အသတ်မရှိ သက်ဆိုင်ရာကပိတ်ခိုင်းထားတယ်လို့ အဝေးပြေးကားဂိတ်တွေဆီက သိရပါတယ်။ ” ဒီနေ့ကလည်း အပို့မမီတော့ဘူး ။ မနက်ဖြန်ကစပြီး ပစ္စည်းပို့လို့မရတော့ဘူး ။ တခြားနေရာတွေရပါတယ်။ ဘယ်လောက်ပိတ်မယ် ဘယ်တော့ပြန်ဖွင့်မယ်တော့မသိဘူး ။ အဲ့ဒါတွေ မပြောဘူး ။ ကြားတာတော့ လုံခြုံရေးအရလို့လည်း ပြောတာကြားရတယ် အတိကျတော့ ကျနော်တို့ မသိရသေးဘူး”လို့ အောင်ဆန်းကွင်းကားဂိတ်က အဝေးပြေးယာဥ်လိုင်းတခုရဲ့ တာဝန်ကျသူတဦးကပြောပါတယ်။ ကားဂိတ်တာဝန်ရှိသူတွေကတော့ ပစ္စည်းပို့တာ ထုတ်တာတွေ အမြန်ဆုံးပြန်လည်လုပ်ခွင့်ရဖို့အတွက် အသနားခံစာတင်ပြထားပြီး ကျန်တဲ့ အောင်မင်္ဂလာအဝေးပြေးကွင်းမှာတော့ ပစ္စည်းပို့လို့ရတယ်လို့ ပြောပါတယ်။ “ပစ္စည်းကတော့ ပို့လည်းမရဘူး။ထုတ်လည်းမရဘူး ။ ဆိုင်ခန်းတွေရွှေ့ရမယ်လို့လည်း ပြောတာကြားရတယ် ။ အောင်ဆန်းကွင်းက ပို့မရတော့ ပစ္စည်းတွေပို့ရတာ အခက်အခဲတွေဖြစ်ကုန်တာပေါ့။ခရီးစရိတိတ်တွေ ၂ ဆလောက်ဖြစ်ကုန်မှာ”လို့ အွန်လိုင်းရှော့ပင်းလုပ်ကိုင်သူတဦးကပြောပါတယ်။ ဒါ့အပြင်…

Read More

ရွှေစျေး ၂၅ သိန်းနီးပါးဖြစ်လာပြီး ဒေါ်လာဈေးက၂၇၀၀ အထိပြန်ဖြစ်လာ

ဩဂုတ် ၄-၂၀၂၂ GG(VOM) ပြည်တွင်းရွှေစျေးက ဒီနေ့ဩဂုတ်လ ၄ ရက်နေ့ မှာ အခေါက်ရွှေ တကျပ်သားကို ၂၅ သိန်းနီးပါးအထိ ​ရှိလာပြီး အမေရိကန်ဒေါ်လာဈေးကဘတဒေါ်လာကို ၂၇၀၀ ကျပ်အထိ စျေးပေါက်လာတယ်လို့ သိရပါတယ်။ ” အခုပြင်ပမှာ ၂၄သိန်း ၇သောင်းကျော်ပေါက်နေတယ်။တချို့ဆိုင်တွေ အဲ့ဒီစျေးထက်များတာလည်းရှိနေတယ် ။ ဒေါ်လာက မနက်တုန်းက ၂၆၀၀ လောက်ပဲ၊ အခုနေ့လယ်တော့၂၇၀၀ ဖြစ်နေတယ်လို့ သိရတယ် ” လို့ ရွှေလုပ်ငန်းရှင်တဦးကပြောပါတယ်။ ၁၆ ပဲရည် အခေါက်ရွှေစျေးက ၂၄သိန်း၇သောင်းကျော်အထိ စံချိန်တင်မြင့်တက်သွားမှုနဲ့အတူ ရွှေဆိုင်အများစုကတော့ အရောင်းအဝယ် ယာယီရပ်ထားတယ်လို့ သိရပြီး ၁၅ ပဲရည်အပြည့် ရွှေကိုသာ အရောင်းအဝယ်ရှိနေတယ်လို့ သိရပါတယ်။ ” ၁၆ ပဲရည်က အရောင်းရော အဝယ်ရောခဏရပ်ထားပါတယ်။၁၅ ပဲရည်တွေတော့ရပါတယ်။အခေါက်ရွှေကအရင်ကတော့ရောင်းပါတယ်။ အခုက မရောင်းတာပါ။ “လို့ ရန်ကုန်က ရွှေအရောင်းဆိုင်တခုက ပြောပါတယ်။…

Read More

တရုတ်က ထိုင်၀မ်အနီး ပဲ့ထိန်းဒုံးကျည်တွေပစ်ပြီး စစ်ရေးလေ့ကျင့် ၊ အမေရိကန်လေယာဉ်တင် သင်္ဘောအုပ်စုကလည်း ဖိလစ်ပိုင်ပင်လယ်ပြင်မှာ စစ်ဆင်ရေးလုပ်ဆောင်နေ

တိုင်ပေ၊ သြဂုတ်-၄-၂၀၂၂ မျိုးဆက်(VOM) တရုတ်စစ်တပ်ဟာ ထိုင်၀မ်ကျွန်းရဲ့ အရှေ့မြောက်နဲ့ အနောက်တောင်ဘက်တွေကို ပဲ့ထိန်းဒုံးကျည်တွေနဲ့ ပစ်ခတ်စစ်ရေးလေ့ကျင့်နေတယ်လို့ ထိုင်၀မ်ကပြောပါတယ်။ ထိုင်၀မ်ကျွန်းအနီးမှာ တရုတ်နိုင်ငံရဲ့ အကြီးဆုံးစစ်ရေးလေ့ကျင့်မှုကို သြဂုတ် ၄ ရက်မှာ လုပ်ဆောင်နေပြီး အမေရိကန်အောက်လွှတ်တော်ဥက္ကဌ နန်စီပလိုစီရဲ့ ထိုင်၀မ်ခရီးစဉ်အပေါ် တုံ့ပြန်လိုက်တာဖြစ်ပါတယ်။ စစ်ရေးလေ့ကျင့်နေတဲ့ အချို့နေရာတွေဟာ ထိုင်၀မ်ကျွန်းနဲ့ ၁၂ မိုင်လောက်သာ ကွာဝေးပါတယ်။ ဒီလိုစစ်ရေးလေ့ကျင့်နေတာကြောင့် ထိုင်၀မ်ရေပိုင်နက်နဲ့လေပိုင်နက်ကို အသုံးပြုနေတဲ့ သင်္ဘောတွေနဲ့ လေယာဉ်တွေ သွားလာမရဖြစ်နေတယ်လို့ ထိုင်၀မ်ကပြောပါတယ်။ တရုတ်စစ်တပ်က ဒီလိုစစ်ရေးလေ့ကျင့်နေချိန်မှာ အမေရိကန်လေယာဉ်တင်သင်္ဘော ယူအက်စ်အက်စ် ရော်နယ်ရေဂင် ရေတပ်အုပ်စုကလည်း ထိ်ုင်၀မ်ရေပိုင်နက်တွေပါ၀င်တဲ့ ပစိဖိတ်သမုဒ္ဒရာထဲမှာ စစ်ဆင်ရေးတွေလုပ်ဆောင်နေပါတယ်။ ယူအက်စ်အက်စ် ရော်နယ်ရေဂင် ရေတပ်အုပ်စုဟာ လွတ်လပ်ပွင့်လင်းတဲ့ အင်ဒို-ပစိဖိတ်ဒေသကို ပံ့ပိုးမှုရဲ့ တစိတ်တပိုင်းအဖြစ် ဖိလစ်ပိုင်ပင်လယ်ထဲမှာ စီစဉ်ထားတဲ့အတိုင်း စစ်ဆင်ရေးတွေကို ဆက်လက်လုပ်ဆောင်နေတယ်လို့ အမေရိကန်ရေတပ်ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။ Ref: BBC Photo: Reuters/AFP…

Read More

တောင်ပြုံးနှင့် ရနောင်

ဆူးငှက် မြန်မာပြည်မှာကျင်းပတဲ့ နတ်ပွဲတွေထဲမှာ တောင်ပြုန်းပွဲဟာ အကြေ၊ အညာ စုံစုံလင်လင် စည်စည်ကားကား လာရောက်ကြတဲ့ ပွဲပါပဲ။ အနယ်နယ် အရပ်ရပ်က မန္တလေးကို ရောက်လာကြပြီး မန္တလေးကနေ တောင်ပြုန်းကို ကားနဲ့မီးရထားနဲ့ သွားလာကြတယ်။ အရင်ခေတ်တုန်းက တောင်ပြုန်းကို လှေတွေနဲ့ သွားကြတယ်။ မန္တလေးဈေးချိုတော်ရဲ့ အနောက်ဘက်က ကပ်စီးတဲ့ ရွှေတချောင်းမြောင်းကနေ တောင်ပြုန်းအထိ လှေတွေနဲ့ သွားကြတယ်ဆိုရင် အတော်အံ့သြမှာပါပဲ။ ဒီလိုသွားကြတာ ကျွန်တော်တို့တောင်မှ မမီခဲ့ပါဘူး။ ကျွန်တော်တို့ မိဘများခေတ် ဖြစ်မှာပေါ့။ ‘နှဲကုပ်သို’လို့ အမည်ရတဲ့ ရွှေတချောင်းမြောင်းဟာ ဘိုးတော်ဘုရားလက်ထက်တည်းက မတ္တရာကနေ အမရပူရနေပြည်တော် တက်သိမ်းအင်းအထိ ဖောက်သွယ်ခဲ့တဲ့ မြောင်းဖြစ်ပါတယ်။ တာပေါင်း ၂၇၀၀ ရှည်သတဲ့။ လယ်တွေကို ရေပေးဝေဖို့အပြင် မတ္တရာနဲ့ အမရပူရနေပြည်တော် ဆက်သွယ် သွားလာရေးအတွက် ရေလမ်းအဖြစ် အသုံးပြုခဲ့တာပေါ့။ ရတနာပုံခေတ်မှာတော့ ရွှေတချောင်းမြောင်း အမည်နဲ့ ရေရှင်ရေကောင်းတွေ…

Read More

ထိုင်းစစ်ဘက်အာဏာသိမ်းမှု၊ အမေရိကန်ဆန်ရှင် နှင့် အာစီယံ ဘယ်လဲ ဘာလဲ

သန်းစိုး(ဘောဂဗေဒ) ၂၀၁၄ ထိုင်းစစ်အာဏာသိမ်းမှု ———————————————- ထိုင်းနိုင်ငံမှာ ၂၀၁၄ ခုနှစ် မေလ ၂၂ ရက်နေ့မှာ ၊ဖွဲ့စည်းပုံအခြေခံဥပဒေ ဆိုင်းငံလိုက်ပြီး စစ်အုပ်ချုပ်ရေးအမိန့် ထုတ်ပြန်ကာ လက်ရှိဝန်ကြီးချုပ် တဖြစ်လည်း ဗိုလ်ချုပ်ကြီး ပရဲရွတ်က စစ်တပ်အာဏာသိမ်းလိုက်ပါတယ်။ အဲဒီအချိန်ကျမှ ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝတ်ရဲ့ထိုင်းရက်ထိုင်းပါတီ၊ သူညီမယင်လတ်ရှင်နာဝပ်ရဲ့ဖူအာ ထိုင်းပါတီတို့ရဲ့ဆယ်စုနှစ်ကြာ လွမ်းမိုးကြီးစိုးခဲ့တဲ့ ထိုင်းနိုင်ငံရေးဇာတ်လမ်းဟာလည်း နိဂုံးချုပ်သွားခဲ့ပါတော့တယ်။ ထိုင်းနိုင်ငံအတွင်း နိုင်ငံရေးမတည်ငြိမ်မှုတွေဟာ လပေါင်းများစွာ ဆက်တိုက်ဖြစ်နေခဲ့တယ်၊ ရှပ်နီ ရှပ်ဝါ ဆန္ဒပြမူတွေကနေ အကြမ်းဖက်မှုတွေ၊ လုပ်ကြံသတ်ဖြတ်မှုတွေအထိ ဖြစ်ပေါ်လာခဲ့တယ်၊ သုဝဏ္ဏဘူမိလေဆိပ် ပိတ်ရလောက်အောင်ဖြစ်ခဲ့လို့ ထိုင်းစီးပွားရေးနှင့် နိုင်ငံတကာမှာ ထိုင်းရဲ့ပုံရိပ် ကျဆင်းခဲ့တယ်၊ထိုင်းလူ့အဖွဲ့အစည်းဟာ နိုင်ငံရေး အက်ကွဲမှုကြောင့် အစည်းပြေနေခဲ့တယ်၊ စတဲ့ မတည်ငြိမ်မှုတွေကြောင့် စစ်တပ်ကအာဏာသိမ်းလိုက်ရတာပါဆိုပြီး ဗိုလ်ချုပ်ကြီးပရာရွတ်က အကြောင်းပြပါတယ်။ အာဏာသိမ်းဗိုလ်ချုပ်ကြီးပရာရွတ်ချန်အိုရာက ရွေးကာက်ပွဲ ကို ခြောက်လအတွင်း လုပ်ပေးမယ်လို့ ကတိပေးခဲ့ပေမယ့့် အကြိမ်ကြိမ်ရွှေ့ဆိုင်းခဲ့ရပါတယ်။ အဲဒီ အချိန်မှာ…

Read More

အမေရိကန်အောက်လွှတ်တော်ဥက္ကဌ နန်စီပလိုစီ မြောက်ကိုရီးယားနယ်စပ်သွားဖို့ စီစဉ်နေ

ဆိုးလ်၊ သြဂုတ်-၄-၂၀၂၂ မျိုးဆက်(VOM) အမေရိကန်အောက်လွှတ်တော်ဥက္ကဌ နန်စီပလိုစီဟာ တောင်ကိုရီးယားနိုင်ငံကို ရောက်ရှိနေပြီး မြောက်ကိုရီးယားရဲ့ရန်စခြင်းတွေကို ထိရောက်စွာဟန့်တားမှုကိုဆက်လက်ထိန်းသိမ်းထားဖို့နဲ့ ကိုရီးယားကျွန်းဆွယ်မှာ နျူကလီးယားကင်းစင်ရေး အောင်မြင်ရန်ကြိုးစားအားထုတ်မှုတွေကို ထောက်ခံကြောင်း သြဂုတ် ၄ ရက်မှာ ကတိပြုပြောဆိုလိုက်ပါတယ်။ ပလိုစီဟာ တောင်ကိုရီးယား အမျိုးသာလွှတ်တော်ဥက္ကဌ ကင်ဂျင်ဖြိုးနဲ့ တွေ့ဆုံဆွေးနွေးပြီးနောက် ပူးတွဲကြေညာချက်ထုတ်ပြန်ခဲ့ပြီး မြောက်ကိုရီးယားရဲ့ တိုးမြင့်လာတဲ့ နျူကလီးယားနဲ့ ဒုံးကျည်ခြိမ်းခြောက်မှုတွေအပေါ် စိုးရိမ်ကြောင်း ထုတ်ဖော်ပြောဆိုပါတယ်။ မြောက်ကိုရီးယားရဲ့ ကြီးထွားလာနေတဲ့ခြိမ်းခြောက်မှုတွေ ဆိုးရွားနေတဲ့အခြေအနေနဲ့ပတ်သက်ပြီး အမေရိကန်နဲ့ တောင်ကိုရီးယားတို့က စိုးရိမ်ကြောင်း ပူးတွဲထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ပလိုစီဟာ ကိုရီးယားနှစ်နိုင်ငံနယ်စပ်အနီး စစ်မဲ့ဇုန်သို့ သြဂုတ် ၄ ရက်နှောင်းပိုင်းမှာ သွားရောက်ဖို့ စီစဉ်ထားကြောင်း တောင်ကိုရီးယားတာ၀န်ရှိသူတဦးက ပြောဆိုထားပြီး သူဟာ ၂၀၁၉ ခုနှစ်မှာ ကင်ဂျုံအန်နှင့်တွေ့ဆုံခဲ့တဲ့ သမ္မတဟောင်းဒေါ်နယ်ထရန့်ပြီးနောက် မြောက်ကိုရီးယားနယ်စပ်ကို သွားရောက်မယ့် အမေရိကန်ထိပ်တန်းတာ၀န်ရှိသူတဦးဖြစ်ပါတယ်။ ယခုသီတင်းပတ်မှာ အားလပ်ရက်အပန်းဖြေခရီးထွက်ဖို့စီစဉ်ထားတဲ့ တောင်းကိုရီးယားသမ္မတ ယွန်းဆွတ်ယိုးလ်ဟာ ပလိုစီနဲ့…

Read More

ဆန္ဒပြပွဲမှာ ဖမ်းခံခဲ့ရတဲ့ ဂျပန်နိုင်ငံသား လဝက ဥပဒေအပါအဝင် ပုဒ်မ ၂ခုနဲ့ တရားစွဲခံထားရ

​ဩဂုတ် ၄-၂၀၂၂ VOM ( GG) ပြီးခဲ့တဲ့ ရက်ပိုင်းက ရန်ကုန်က ဆန္ဒပြမှုမှာ ဖမ်းဆီးခံခဲ့ရတဲ့ ဂျပန်နိုင်ငံသား မှတ်တမ်းရုပ်ရှင်ရိုက်ကူးသူ မစ္စတာ Toru Kubotaတိုရုကူဘိုတာ ပုဒ်မ ၂ ခုနဲ့ တရားစွဲဆိုခံထားရတယ်လို့ သိရပါတယ်။ Toru Kubota ကို လ.ဝ.က ဥပ​ဒေ ၁၃(၁) Visaစည်းကမ်း​ဖောက်ဖျက်မှု နဲ့ ၅၀၅(က)အရ တရားစွဲဆိုထား​​တာ ဖြစ်တယ်လို့ သိရပါတယ်။ ” ဆန္ဒပြတဲ့သူတွေနဲ့ချိတ်ဆက်ရှိပြီး မှတ်တမ်းလာယူတ​ယ် ဆိုတာရယ်၊ ပုဒ်မ ၂ ခုလို့ တပ်ထားတယ်တော့ အကြမ်းဖျင်းသိရတယ် ။ဘယ်မှာထိန်းသိမ်းထားလဲတော့ သေချာမသိပါဘူး”လို့ တောင်ဒဂုံအုပ်ချုပ်ရေးအဖွဲ့ အသိုင်းအဝိုင်းကနေ သိရပါတယ်။ ပြီးခဲ့တဲ့ ဇူလိူင်လ ၃၀ ရက်​နေ့ ည​နေပိုင်းက တောင်ဒဂုံမြို့နယ်၊ City Max အနီးမှာ လူ ၁၀ဦး​ကျော် ပါဝင်ပြုလုပ်ခဲ့တဲ့ ဆန္ဒပြမှုကို ဖုန်း၊…

Read More

အဆိုတော် အီတိုး ထောင် ၃ နှစ် ချခံရ

ဩဂုတ် ၄-၂၀၂၂ VOM (GG) ဝါရင့်အဆိုတော်ကြီး ဇော်ဝင်းထွဋ်ရဲ့သားဖြစ်သူ အဆိုတော် အီတိုး ကို ဒီနေ့ ဩဂုတ်လ ၄ ရက်နေ့မှာ အင်းစိန်ထောင်အထူးတရားရုံးကနေ ထောင် ၃ နှစ် အမိန့်ချလိုက်တယ်လို့ သိရပါတယ်။ အီတိုးကို အကြမ်းဖက်မှုတွေမှာပါဝင်တယ်ဆိုပြီး ဖမ်းဆီးကာ ပုဒ်မ ၅၀၅ -ကနဲ့ တရားစွဲဆိုပြီး ၁ နှစ်နီးပါး အကြာမှာ အခုလိုအမိန့်ချမှတ်လိုက်တာဖြစ်ပါတယ်။ ” ၃ နှစ် အမိန့်ချလိုက်တယ်လို့တော့ကြားတယ်။ အသေးစိတ်တော့ မသိသေးဘူး။ သူ့ကိုတရားစွဲထားတာကတော့ ရာဇသတ်ကြီးပုဒ်မ ဖြစ်တယ် “လို့ အင်းစိန်ထောင်နဲ့နီးစပ်တဲ့ တရားလွှတ်တော်ရှေ့နေတဦးကပြောပါတယ်။ အဆိုတော် အီတိုးကို ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် စက်တင်ဘာလက မရမ်းကုန်းမြို့နယ်၊ နဝဒေးလမ်းက အိမ်မှာ ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။ အဆိုတော်အီတိုးနဲ့အတူ အမျိုးသား ၅ ဦး၊ အမျိုးသမီး ၁ ဦးလည်း အကြမ်းဖက်ကိစ္စတွေမှာ…

Read More

ကုလားတန်မြစ်ကြောင်းထဲမှာ ကျောင်းပို့စက်လှေ ပစ်ခတ်ခံရလို့ ကျောင်းသား ၂ ဦးသေ ၊ ၃ ဦး ဒဏ်ရာရ

သြဂုတ် ၊ ၄-၂၀၂၂ SP( VOM) ချင်းပြည်နယ်တောင်ပိုင်း ၊ ပလက်ဝမြို့နယ် ၊ တုံးမဝကျေးရွာနဲ့ ရီးမဝကျေးရွာအကြား ကုလားတန်မြစ်ကြောင်းထဲမှာ ပြီးခဲ့တဲ့ သြဂုတ် ၂ ရက်နေ့ ၊ နေ့လယ်ပိုင်းက ကျောင်းပို့စက်လှေ ၁စီး ပစ်ခတ်ခံရပြီး အဲ့ဒီ စက်လှေပေါ်မှာ လိုက်ပါလာတဲ့ ကျောင်းသား ၂ ဦးသေဆုံးကာ ကျန်လူ ၃ ဦးလည်း ထိခိုက်ဒဏ်ရာတွေ ရခဲ့တယ်လို့ ပလက်ဝ ပညာရေးအသိုင်းအဝိုငဆီက သိရပါတယ်။ ” တုံးမဝကျေးရွာ အခြေခံပညာအထက်ကျောင်းခွဲက အထွေထွေဝန်ထမ်း ဦးဗဒူးက ရီးမဝကျေးရွာကို စက်လှေနဲ့သွားတာပါ ၊ လမ်းကြုံလိုက်လာတဲ့ ကျောင်းသား ကျောင်းသူ ၇ ယောက် အဲ့ဒီ စက်လှေပေါ်မှာပါတယ် ၊ ရီးမဝကျေးရွာ ရောက်ဖို့ ၂ ဖာလုံ အလိုလောက်မှာ ကုလားတန်မြစ်ရဲ့ ညာဘက်အခြမ်း ကမ်းပေါ်ကနေ စက်လှေကို…

Read More

မြင်းခြံက ရပ်ကျေးအုပ်/မှူး နဲ့ရွာသားတဦးကို Myingyan PDFက ပစ်ခတ်ခဲ့ကြောင်း ထုတ်ပြန်ထား

ဩဂုတ် ၄-၂၀၂၂ VOM (GG) မြင်းခြံမြို့နယ်က ရပ်ကျေးအုပ်ချုပ်ရေးမှူး နဲ့ ရွာသားတဦးကို မနေ့ ဩဂုတ်လ ၃ ရက်နေ့ ညပိုင်းက Myingyan People Defense Force အဖွဲ့ကနေ သေနတ်နဲ့ပစ်ခတ်ခဲ့ပြီး သေဆုံးခဲ့တယ်လို့ သူတို့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာ ထုတ်ပြန်ထားပါတယ်။ အုပ်ချုပ်ရေးမှူး နဲ့ရွာသားတဦး ပစ်သတ်ခံရမှုနဲ့ပတ်သက်ပြီး Myingyan People Defense Force အဖွဲ့ကတော့ သူတို့လုပ်ဆောင်ခဲ့တာဖြစ်ကြောင်းနဲ့ လက်ပစ်ဗုံး၊ဓားတချောင်း၊လေးခွ တလက် သိမ်းဆည်းရမိခဲ့တယ်လို့ သတင်းထုတ်ပြန်ထားတာကို တွေ့ရတယ်။ သေဆုံးသူတွေက နစက လက်ထက်မှာမှ အသစ်ခန့်အပ်ထားတဲ့ ကျောက်ပြုတ်ရွာအုပ်ချုပ်ရေးမှူး ဦးမောင်မြင့်ဆိုသူနဲ့ လယ်သစ်ရွာဒေသခံ ကိုမောင်နိုင်ဆိုသူတို့ဖြစ်တယ်လို့သိရပါတယ်။ ” မနေ့ကည ၇ နာရီလောက်မှာဖြစ်တာ ။ မြင်းခြံ ၊ ကျောက်ပြုတ်ရွာနဲ့လယ်သစ်ရွာကြားမှာ သေနတ်နဲ့ ပစ်ခံရတာ ။ တယောက်သေနတ် ၄ချက် မှန်တယ်လို့ သိရတယ် “လို့…

Read More
VOM News

FREE
VIEW