ကုလားတန်မြစ်ကြောင်းထဲမှာ ကျောင်းပို့စက်လှေ ပစ်ခတ်ခံရလို့ ကျောင်းသား ၂ ဦးသေ ၊ ၃ ဦး ဒဏ်ရာရ

သြဂုတ် ၊ ၄-၂၀၂၂
SP( VOM)

ချင်းပြည်နယ်တောင်ပိုင်း ၊ ပလက်ဝမြို့နယ် ၊ တုံးမဝကျေးရွာနဲ့ ရီးမဝကျေးရွာအကြား ကုလားတန်မြစ်ကြောင်းထဲမှာ ပြီးခဲ့တဲ့ သြဂုတ် ၂ ရက်နေ့ ၊ နေ့လယ်ပိုင်းက ကျောင်းပို့စက်လှေ ၁စီး ပစ်ခတ်ခံရပြီး အဲ့ဒီ စက်လှေပေါ်မှာ လိုက်ပါလာတဲ့ ကျောင်းသား ၂ ဦးသေဆုံးကာ ကျန်လူ ၃ ဦးလည်း ထိခိုက်ဒဏ်ရာတွေ ရခဲ့တယ်လို့ ပလက်ဝ ပညာရေးအသိုင်းအဝိုငဆီက သိရပါတယ်။

” တုံးမဝကျေးရွာ အခြေခံပညာအထက်ကျောင်းခွဲက အထွေထွေဝန်ထမ်း ဦးဗဒူးက ရီးမဝကျေးရွာကို စက်လှေနဲ့သွားတာပါ ၊ လမ်းကြုံလိုက်လာတဲ့ ကျောင်းသား ကျောင်းသူ ၇ ယောက် အဲ့ဒီ စက်လှေပေါ်မှာပါတယ် ၊ ရီးမဝကျေးရွာ ရောက်ဖို့ ၂ ဖာလုံ အလိုလောက်မှာ ကုလားတန်မြစ်ရဲ့ ညာဘက်အခြမ်း ကမ်းပေါ်ကနေ စက်လှေကို လက်နက်ငယ်တွေနဲ့ လှမ်းပစ်တာပါ ” လို့ ပလက်ဝမြို့နယ် ပညာရေးမှူးရုံး ဝန်ထမ်းအသိုင်းအဝိုင်းက ပြောပါတယ်။

အဲ့ဒီ ပစ်ခတ်မှုကြောင့် စက်လှေပေါ်မှာ လိုက်ပါလာတဲ့ ၅ တန်းကျောင်းသား မောင်နေမင်းထွန်းနှင့် မောင်သန်းမြင့်တို့မှာ နောက်ကျောကျည်ထိမှန်ဒဏ်ရာဖြင့် သေဆုံးခဲ့တာဖြစ်ပါတယ်။

ဒါ့အပြင် (၅) တန်း ကျောင်းသူ မခင်သီတာတွင် ဝဲ/ယာ ခြေထောက် နှစ်ချောင်းကျည်ထိမှန်ဒဏ်ရာ ၊ (၅) တန်းကျောင်းသား မောင်အောင်လင်းဝင်းတွင် ကျောကျည်ရှပ်ထိဒဏ်ရာနဲ့ စက်လှေမောင်းနှင်လာတဲ့ ဦးဗဒူကတော့ ဝဲလက်ကောက်ဝတ်နဲ့ လည်ပင်းကျည်ရှပ်ထိဒဏ်ရာတချက်တို့ ရရှိခဲ့တာဖြစ်ပါတယ်။

အဲ့ဒီ ပစ်ခတ်မှုဟာ ဘယ်အဖွဲ့အစည်းက ပစ်ခတ်တယ်ဆိုတာကိုတော့ VOM အနေနဲ့ အတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

#voiceofmyanmar #VOM #ပလက်ဝ

Related posts

Leave a Comment

VOM News

FREE
VIEW