အမေရိကန်အောက်လွှတ်တော်ဥက္ကဌ နန်စီပလိုစီ မြောက်ကိုရီးယားနယ်စပ်သွားဖို့ စီစဉ်နေ

ဆိုးလ်၊ သြဂုတ်-၄-၂၀၂၂
မျိုးဆက်(VOM)

အမေရိကန်အောက်လွှတ်တော်ဥက္ကဌ နန်စီပလိုစီဟာ တောင်ကိုရီးယားနိုင်ငံကို ရောက်ရှိနေပြီး မြောက်ကိုရီးယားရဲ့ရန်စခြင်းတွေကို ထိရောက်စွာဟန့်တားမှုကိုဆက်လက်ထိန်းသိမ်းထားဖို့နဲ့ ကိုရီးယားကျွန်းဆွယ်မှာ နျူကလီးယားကင်းစင်ရေး အောင်မြင်ရန်ကြိုးစားအားထုတ်မှုတွေကို ထောက်ခံကြောင်း သြဂုတ် ၄ ရက်မှာ ကတိပြုပြောဆိုလိုက်ပါတယ်။

ပလိုစီဟာ တောင်ကိုရီးယား အမျိုးသာလွှတ်တော်ဥက္ကဌ ကင်ဂျင်ဖြိုးနဲ့ တွေ့ဆုံဆွေးနွေးပြီးနောက် ပူးတွဲကြေညာချက်ထုတ်ပြန်ခဲ့ပြီး မြောက်ကိုရီးယားရဲ့ တိုးမြင့်လာတဲ့ နျူကလီးယားနဲ့ ဒုံးကျည်ခြိမ်းခြောက်မှုတွေအပေါ် စိုးရိမ်ကြောင်း ထုတ်ဖော်ပြောဆိုပါတယ်။

မြောက်ကိုရီးယားရဲ့ ကြီးထွားလာနေတဲ့ခြိမ်းခြောက်မှုတွေ ဆိုးရွားနေတဲ့အခြေအနေနဲ့ပတ်သက်ပြီး အမေရိကန်နဲ့ တောင်ကိုရီးယားတို့က စိုးရိမ်ကြောင်း ပူးတွဲထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ပလိုစီဟာ ကိုရီးယားနှစ်နိုင်ငံနယ်စပ်အနီး စစ်မဲ့ဇုန်သို့ သြဂုတ် ၄ ရက်နှောင်းပိုင်းမှာ သွားရောက်ဖို့ စီစဉ်ထားကြောင်း တောင်ကိုရီးယားတာ၀န်ရှိသူတဦးက ပြောဆိုထားပြီး သူဟာ ၂၀၁၉ ခုနှစ်မှာ ကင်ဂျုံအန်နှင့်တွေ့ဆုံခဲ့တဲ့ သမ္မတဟောင်းဒေါ်နယ်ထရန့်ပြီးနောက် မြောက်ကိုရီးယားနယ်စပ်ကို သွားရောက်မယ့် အမေရိကန်ထိပ်တန်းတာ၀န်ရှိသူတဦးဖြစ်ပါတယ်။

ယခုသီတင်းပတ်မှာ အားလပ်ရက်အပန်းဖြေခရီးထွက်ဖို့စီစဉ်ထားတဲ့ တောင်းကိုရီးယားသမ္မတ ယွန်းဆွတ်ယိုးလ်ဟာ ပလိုစီနဲ့ တွေ့ဆုံမှာမဟုတ်ပေမယ့် တယ်လီဖုန်းနဲ့ နှစ်ဦးသား ဆွေးနွေးမှာဖြစ်ကြောင်း သမ္မတရုံးက ထုတ်ပြန်ထားပါတယ်။

Ref: Reuters
Photo: Reuters
#voiceofmyanmar #vom #ဆိုးလ်

Related posts

Leave a Comment

VOM News

FREE
VIEW