တရုတ်က ထိုင်၀မ်အနီး ပဲ့ထိန်းဒုံးကျည်တွေပစ်ပြီး စစ်ရေးလေ့ကျင့် ၊ အမေရိကန်လေယာဉ်တင် သင်္ဘောအုပ်စုကလည်း ဖိလစ်ပိုင်ပင်လယ်ပြင်မှာ စစ်ဆင်ရေးလုပ်ဆောင်နေ

တိုင်ပေ၊ သြဂုတ်-၄-၂၀၂၂
မျိုးဆက်(VOM)

တရုတ်စစ်တပ်ဟာ ထိုင်၀မ်ကျွန်းရဲ့ အရှေ့မြောက်နဲ့ အနောက်တောင်ဘက်တွေကို ပဲ့ထိန်းဒုံးကျည်တွေနဲ့ ပစ်ခတ်စစ်ရေးလေ့ကျင့်နေတယ်လို့ ထိုင်၀မ်ကပြောပါတယ်။

ထိုင်၀မ်ကျွန်းအနီးမှာ တရုတ်နိုင်ငံရဲ့ အကြီးဆုံးစစ်ရေးလေ့ကျင့်မှုကို သြဂုတ် ၄ ရက်မှာ လုပ်ဆောင်နေပြီး အမေရိကန်အောက်လွှတ်တော်ဥက္ကဌ နန်စီပလိုစီရဲ့ ထိုင်၀မ်ခရီးစဉ်အပေါ် တုံ့ပြန်လိုက်တာဖြစ်ပါတယ်။

စစ်ရေးလေ့ကျင့်နေတဲ့ အချို့နေရာတွေဟာ ထိုင်၀မ်ကျွန်းနဲ့ ၁၂ မိုင်လောက်သာ ကွာဝေးပါတယ်။

ဒီလိုစစ်ရေးလေ့ကျင့်နေတာကြောင့် ထိုင်၀မ်ရေပိုင်နက်နဲ့လေပိုင်နက်ကို အသုံးပြုနေတဲ့ သင်္ဘောတွေနဲ့ လေယာဉ်တွေ သွားလာမရဖြစ်နေတယ်လို့ ထိုင်၀မ်ကပြောပါတယ်။

တရုတ်စစ်တပ်က ဒီလိုစစ်ရေးလေ့ကျင့်နေချိန်မှာ အမေရိကန်လေယာဉ်တင်သင်္ဘော ယူအက်စ်အက်စ် ရော်နယ်ရေဂင် ရေတပ်အုပ်စုကလည်း ထိ်ုင်၀မ်ရေပိုင်နက်တွေပါ၀င်တဲ့ ပစိဖိတ်သမုဒ္ဒရာထဲမှာ စစ်ဆင်ရေးတွေလုပ်ဆောင်နေပါတယ်။

ယူအက်စ်အက်စ် ရော်နယ်ရေဂင် ရေတပ်အုပ်စုဟာ လွတ်လပ်ပွင့်လင်းတဲ့ အင်ဒို-ပစိဖိတ်ဒေသကို ပံ့ပိုးမှုရဲ့ တစိတ်တပိုင်းအဖြစ် ဖိလစ်ပိုင်ပင်လယ်ထဲမှာ စီစဉ်ထားတဲ့အတိုင်း စစ်ဆင်ရေးတွေကို ဆက်လက်လုပ်ဆောင်နေတယ်လို့ အမေရိကန်ရေတပ်ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

Ref: BBC
Photo: Reuters/AFP
#voiceofmyanmar #VOM #တိုင်ပေ

Related posts

Leave a Comment

VOM News

FREE
VIEW