ဘိုကလေးမှာ မျှောပါလာတဲ့ စက်လှေပေါ်ကနေ သေဆုံးနေတဲ့ နိုင်ငံသားအထောက်အထားမဲ့သူ ၆ ဦး အပါအဝင် ၆၅ ဦး ဖမ်းဆီးရမိ

သြဂုတ် ၊ ၃၀-၂၀၂၂
မင်းမြတ်

ဧရာဝတီတိုင်း၊ ဘိုကလေးမြို့နယ်၊ အမာမြို့၊ဂယက်ကြီးကျွန်းအနီး ပင်လယ်ပြင်အစပ်နားကို မျှောပါလာတဲ့ စက်လှေ ၁ စီးပေါ်မှာ သေဆုံးနေတဲ့ နိုင်ငံသား အထောက်အထားမဲ့သူ ၆ ဦး အပါအဝင် အထောက် အထားမဲ့သူ ၆၅ ဦးကို မနေ့ သြဂုတ် ၂၉ ရက်က ဖမ်းဆီးရမိခဲ့တယ်လို့ ဘိုကလေးမြို့နယ် ရဲတပ်ဖွဲ့နဲ့နီးစပ်သူတွေဆီကနေသိရပါတယ်။

”စက်လှေနဲ့ မျောပါပြီး အစာရေစာပြတ်လို့ သေဆုံးနေသူလို့ယူဆရတဲ့ နိုင်ငံသားအထောက်အထားမဲ့ ကျား ၃ဦးနဲ့ မ ၃ ဦးတွေ့ရှိတယ်လို့သိရတယ် ၊ အမာမြို့ ပင်လယ်ပြင်အစပ်မှာဖမ်းမိတာပါ သေဆုံးသူက ၆ ဦးနဲ့ ကျန် ၅၉ ဦး ပါ၊လုံခြုံရေးအဖွဲ့တွေက မသင်္ကာတဲ့ သင်္ဘောကိုတွေ့တယ်လို့ သတင်းရတာနဲ့သွားဖမ်းတာပါ ၊ ကဒုံက ရေတပ်က သွားဖမ်းတာလို့သိရတယ်။”လို့
ရဲတပ်ဖွဲ့နဲ့ နီးစပ်သူတဦးကပြောပါတယ်။

နိုင်ငံသားအထောက်အထားမဲ့သူတွေ စီးလာတဲ့စက်လှေဟာ ပင်လယ်ထဲမှာ ရက်ရှည်ပျက်နေတာဖြစ်တာကြောင့် နိုင်ငံသား အထောက်အထားမဲ့သူ ၆၅ ဦးအနက်
အစာရေစာ ပြတ်ပြီးသေဆုံးရသူ ကျား ၃ ဦးနဲ့ မ ၃ ဦးဖြစ်ခဲ့တယ်လို့သိရပါတယ်။

အသက်ရှင်လျက် ကျန်တဲ့ အထောက်အထားမဲ့သူ ကျား ၃၆ နဲ့ မ ၂၉ ပေါင်း ၅၉ ဦးကလည်း ကျန်းမာရေး အလွန်ချို့တဲ့နေလို့ သက်ဆိုင်ရာက ကနဦးကျန်းမာရေးစစ်ဆေးတာတွေလုပ်နေပြီး ဥပဒေနဲ့အညီ ဆက်လက်ဆောင်ရွက်သွားမယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #ဘိုကလေး

Related posts

Leave a Comment

VOM News

FREE
VIEW