ရပ်ကွက်ထဲက အပေါင်ဆိုင်တွေမှာ အတိုးနူန်းတွေ မြင့်တက်လာပေမယ့် ပေါင်နှံသူတွေ များနေဆဲ

သြဂုတ် ၊ ၂၇ ၊ ၂၀၂၂ SP( VOM) စစ်ကိုင်းတိုင်း ၊ မုံရွာမြို့ပေါ်က လူနေရပ်ကွက်တွေထဲက အပေါင်ဆိုင်တွေဟာ ဒီလ ၂၀ ရက်နောက်ပိုင်းကစလို့ ပေါင်နှံပစ္စည်းတွေပေါ် မူတည်ပြီး အတိုးနူန်း မြင့်တက်လာတယ်လို့ ကုန်စိမ်းစျေးသည်တွေဆီက သိရပါတယ်။ ” စျေးသည်နဲ့ ငွေတိုးဆိုတာ မကင်းကြဘူးလေ ၊ ပြီးခဲ့တဲ့နှစ် ၂၀၂၁ ကစလို့ ငွေအလွတ်ချေးပေးတာ မရှိတော့ဘူး ၊ ပစ္စည်းပါမှ ငွေချေးပေးတာတွေဖြစ်လာတယ် ၊ အရပ်ထဲက အပေါင်ဆိုင်တွေက အတိုးနူန်းမြင့်လို့ အမိန့်ရဆိုင်တွေကို သွားပေါင်တယ် ၊ သူတို့လည်း အတိုးနူန်းစျေးတွေ တက်လာတယ် ၊ အဲ့ဒါကြောင့် ငွေလိုတဲ့သူတွေက ပစ္စည်းကို ပေါင်နှံတာထက် အပြတ်ရောင်းကြတာများလာတယ် “လို့ မုံရွာ ကန်သာယာစျေးက ကုန်စိမ်းစျေးသည်တယောက်က ပြောပါတယ်။ မုံရွာမြို့ ၊ သာစည်လမ်း ၊သာစည်စျေးက ပန်းသည်တယောက်က…

Read More

ပါကစ္စတန်မှာ ရေဘေးကြောင့် လူ ၉၀၀ ကျော်သေဆုံး၊ နိုင်ငံအရေးပေါ်အခြေအနေ ကြေညာထားရ

အစ္စလာမ္မာဘတ်၊ သြဂုတ်-၂၇-၂၀၂၂ မျိုးဆက်(VOM) ပါကစ္စတန်နိုင်ငံမှာ ရေကြီးရေလျှံမှုတွေကြောင့် လူရာနဲ့ချီသေဆုံးပြီး သန်းပေါင်းများစွာ ရေးဘေးသင့်နေပြီးနောက် ပါကစ္စတန်အစိုးရက သြဂုတ် ၂၆ ရက်မှာ နိုင်ငံအရေးပေါ်အခြေအနေ ကြေညာလိုက်ပါတယ်။ လွန်ခဲ့တဲ့ ၂၄ နာရီအတွင်း သေဆုံးသူ ၃၄ ဦးအပါအ၀င် ရေဘေးကြောင့် လူ ၉၀၀ ကျော်သေဆုံးခဲ့ကြောင်း အမျိုးသား သဘာဝဘေးစီမံခန့်ခွဲမှုအာဏာပိုင်အဖွဲ့က သြဂုတ် ၂၆ ရက်မှာ ပြောပါတယ်။ နိုင်ငံတောင်ပိုင်း ဆင့်ဒ်ပြည်နယ်ရှိ ဆော့ခ်ကာရှေးဟောင်းမြို့မှာ ရေဘေးဒုက္ခတွေဟာ လမ်းဘေးမှာ ယာယီအမိုးအကာတွေနဲ့ နေထိုင်နေကြရပြီး သူတို့ရဲ့ပိုင်ဆိုင်မှုတွေဟာ ရေဘေးကြောင့် ပျက်စီးဆုံးရှုံးခဲ့ရပါတယ်။ အဲဒီပြည်နယ်တခုတည်းမှာ ရေဘေးကြောင့် လူ ၃၀၀ ကျော်ထိသေဆုံးခဲ့ပြီး မိုးဆက်လက်ရွာသွန်းဖွယ်ရှိနေတာကြောင့် ဒေသခံတွေဟာ ဘေးလွတ်ရာနေရာတွေမှာ ယာယီအမိုးအကာတွေနဲ့ နေထိုင်နေကြပါတယ်။ နိုင်ငံတ၀န်းမှာ လူဦးရေရဲ့ ၁၅ ရာခိုင်နှုန်းဖြစ်တဲ့ ပြည်သူ ၃၃ သန်း ရေဘေးသင့်နေကြောင်း ပါကစ္စတန်၀န်ကြီးချုပ် ရှဘက်ဇ်ရှာရဖ်ကပြောဆိုထားပြီး…

Read More

မိုးကောင်းမြို့မှာ ဆိုင်ကယ်အရောင်းဆိုင် မိုးကြိုးပစ်ခံရပြီး ညစောင့်အမျိုးသမီး ၂ ဦးသေဆုံး

သြဂုတ်၂၇ ၊ ၂၀၂၂ SP(VOM) ကချင်ပြည်နယ် ၊ မိုးကောင်းမြို့၊ ဖိုးချစ်ကုန်းရပ်ကွက်မှာရှိတဲ့ စက်ပစ္စည်းနဲ့ ဆိုင်ကယ်အရောင်းဆိုင်းကို မနေ့ သြဂုတ် ၂၆ရက် ည၁၀ နာရီဝန်းကျင်က မိုးကြိုးပစ်ခံရပြီး အဲ့ဒီဆိုင်မှာ ညစောင့်တာဝန်ကျတဲ့ အရောင်းစာရေးမ ၂ ဦး သေဆုံးသွားတယ်လို့ ကချင်ပြည်နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးအဖွဲ့ဆီက သိရပါတယ်။ ” ကချင်ပြည်နယ်မှာက မုန်းတိုင်းသတိပေးချက်ထုတ်ထားတယ် ၊ မနေ့က ညနေပိုင်းကစပြီး မိုးအဆက်မပြတ်ရွာတယ် ၊ မိုးကြိုးပစ်တာတွေရှိတယ် ၊ မိုးကောင်း ၊ ဖိုးချစ်ကုန်းရပ်က ၊ ငွေချမ်းမြေ့ စက်ပစ္စည်းနဲ့ ဆိုင်ကယ်အရောင်းဆိုင် မိုးကြိုးထိမှန်ပြီး ဆိုင်ကယ်တွေ ပေါက်ကွဲ မီးလောင်ကုန်တယ် ၊ အဲ့ဒီ မိုးကြိုးထိ မီးလောင်ပေါက်ကွဲတဲ့အထဲမှာ ဆိုင်ညအစောင့်တာဝန်ကျ အရောင်းစာရေးမ ၂ ဦး သေဆုံးတယ် ၊ ၁ ဦးရဲ့ရုပ်အလောင်းကို ပြန်ရပြီး…

Read More

လွန်ခဲ့တဲ့ နှစ်သန်း ၁၅၀ က အကြီးဆုံးဒိုင်နိုဆောရဲ့ အရိုးစု ပေါ်တူဂီမှာ တွေ့ရှိ

လစ္စဘွန်း၊ သြဂုတ်-၂၇-၂၀၂၂ မျိုးဆက်(VOM) ဥရောပမှာ ရှာဖွေတွေ့ရှိခဲ့သမျှထဲမှာ အကြီးဆုံးလို့သတ်မှတ်နိုင်တဲ့ ဒိုနိုဆောရဲ့ ရုပ်ကြွင်းအရိုးစုတွေကို ပေါ်တူဂီရှိ ဥယျာဉ်ပန်းခြံတခုမှာ တွေ့ရှိခဲ့ကြောင်း တာ၀န်ရှိသူတွေက သြဂုတ် ၂၆ ရက်မှာ ပြောပါတယ်။ ဆော်ရိုပေါ့ဒ် အမျိုးအစား ဒိုင်နိုဆောရဲ့ ရုပ်ကြွင်းအရိုးစုကို နိုင်ငံအလယ်ပိုင်း ပွမ်ဘောလ်မြို့ရှိ အမျိုးသားတဦးက သူ့ရဲ့နေအိမ်ပန်းခြံမှာ အလုပ်လုပ်ကိုင်နေစဉ် ၂၀၁၇ ခုနှစ်က စတင်တွေ့ရှိခဲ့တာဖြစ်ပါတယ်။ ဆော်ရိုပေါ့ဒ်အမျိုးအစားဟာ ဒိုနိုဆောတွေအားလုံးထဲမှာ အကြီးဆုံးနဲ့ အသက်ရှင်နေထိုင်ဖူးသမျှ တိရိစ္ဆာန်တွေထဲမှာ အကြီးဆုံးဖြစ်ပါတယ်။ သူတို့မှာ ရှည်လျားတဲ့ အမြီးနဲ့လည်ပင်းတွေရှိပြီး အပင်တွေကို စားသောက်တတ်ကာ ခြေလေးချောင်းစလုံးနဲ့ လမ်းလျှောက်လေ့ရှိပါတယ်။ လက်ရှိမှာ ပေါ်တူဂီနဲ့စပိန်တို့မှ သုတေသနပညာရှင်တွေဟာ အရပ်အမြင့် ၃၉ ပေနဲ့ အရှည် ၈၂ ပေရှိတဲ့ ဆော်ရိုပေါ့ဒ် ဒိုင်နိုဆောရဲ့ ကျောရိုးနဲ့နံရိုးအစိတ်အပိုင်းတွေကို တူးဖော်တွေ့ရှိထားပါတယ်။ အဲဒီအရိုးစုဟာ နှစ်သန်းပေါင်း ၁၅၀ သက်တမ်းရှိပြီလို့ ယူဆရပြီး အရိုးစုဟာ…

Read More

မုံရွာ အလုံတပ်မြို့က နန်းဦးစားသောက်ဆိုင် ဓားပြတိုက်ခံရတယ်လို့ သိရ

သြဂုတ်၂၇-၂၀၂၂ SP ( VOM) စစ်ကိုင်းတိုင်း ၊ မုံရွာမြို့နယ် ၊ အလုံတပ်မြို့ ၊ အလုံ ဘိုတော်ကြီး နန်းနားက နန်းဦး စာသောက်ဆိုင်ဟာ မနေ့ သြဂုတ် ၂၆ ရက်ည ၈ နာရီဝန်းကျင်က ဓားပြတိုက်ခံရတယ်လို့ အလုံစျေးသည်တွေဆီက သိရပါတယ်။ ” ညက ၇ ခွဲ ၈ ဝန်းကျင်မှာ မက်တူးကား ၁ စီးနဲ့ လူ ၅ ယောက် ဆိုင်ထဲကိုလာတယ် ၊ ပြောက်ကျားဝတ်စုံနဲ့ လူ ၁ ယောက်နဲ့ အရပ်ဝတ် လူ ၄ ယောက် သေနတ်တွေကိုင်ပြီး ဆိုင်ထဲဝင်လာတယ် ၊ ဆိုင်ထဲမှာ ပုံမှန်လာပြီး စားသောက်နေကျ လူ ၊ ဧည့်​သည် ၄ ယောက် ၅ ယောက်ရှိတယ် ၊…

Read More

ထိုင်းမှာ ဂတ်စ်အိုးဖြည့်တဲ့စက်ရုံ ပေါက်ကွဲမီးလောင်မှု မြန်မာအလုပ်သမား ၅ဦးဒဏ်ရာရ

ဘန်ကောက်၊ သြဂုတ်-၃၀-၂၀၂၂ မျိုးဆက်(VOM) ထိုင်းနိုင်ငံ ဘန်ကောက်အနီး Bang Sao Thong ခရိုင်မှာရှိတဲ့ ဂတ်စ်အိုဖြည့်တဲ့စက်ရုံမှာ ဒီနေ့မနက်အစောပိုင်းက ဖြစ်ပွားခဲ့တဲ့ ပေါက်ကွဲမီးလောင်မှုကြောင့် မြန်မာလုပ်သား ငါးဦးဒဏ်ရာရသွားပါတယ်။ ပေါက်ကွဲမှုကြောင့် အဲဒီစက်ရုံမှာ ဆိုးဆိုးရွားရွားပျက်စီးခဲ့ပြီး အနားမှာရပ်ထားတဲ့ကားနဲ့ မော်တော်ဆိုင်ကယ်တွေပါ ပျက်စီးခဲ့တယ်လို့ တာ၀န်ရှိသူတွေက ပြောပါတယ်။ မနက် ၁၂ နာရီ ၂၀ မိနစ်မှာ ဖြစ်ပွားခဲ့ပြီး မီးကိုတနာရီကျော်အောင် မီးသတ်သမားတွေက ငြှိမ်းသတ်ခဲ့ရပါတယ်။ ဖြစ်စဉ်ကြောင့် မြန်မာအလုပ်သမားငါးဦးဒဏ်ရာရရှိခဲ့ပြီး သူတို့ထဲက သုံးဦးဟာ မီးလောင်ဒဏ်ရာတွေ ပြင်းထန်ပါတယ်။ စက်ရုံမှာ အလုပ်သမား ၃၀ ရှိပြီး မနက် ၈ နာရီကနေ ညနေ ၅ နာရီထိ တာ၀န်ချိန်ပြီးဆုံးသွားလို့ ညအိပ်ပျှော်နေချိန်မှာ ပေါက်ကွဲမှုဖြစ်ပွားခဲ့တာဖြစ်တယ်လို့ အသက် ၄၂ နှစ်အရွယ် အလုပ်သမားတဦးက ပြောပါတယ်။ စက်ရုံကို အသက် ၅၁ နှစ်အရွယ်…

Read More

ရွှေစျေး ၃၂ သိန်းနီးပါးနဲ့ ဒေါ်လာစျေး ၃၇၀၀ နီးပါးထိ အဆမတန်မြင့်တက်နေ

ဩဂုတ် ၃၀-၂၀၂၂ VOM (GG) ရွှေစျေး အခေါက်ရွှေ တကျပ်သားကို ၃၂ သိန်းနီးပါးအထိ အဆမတန်မြင့်တက်သွားပြီး အမေရိကန်ဒေါ်လာကလည်း တဒေါ်လာကို ၃၇၀၀ အထိ မြင့်တက်နေတယ် လို့သိရပါတယ်။ ဒီနေ့ဩဂုတ်လ ၃၀ ရက်နေ့မှာ ၁၆ ပဲရည် အခေါက်ရွှေစျေးက ပြင်ပစျေးကွက်မှာ ၃၁၅၀၀၀၀ ကျပ်အထိ ရှိပြီး အမေရိကန်ဒေါ်လာက တဒေါ်လာကို ၃၇၀၀ ကျပ် အထိ စျေးရှိနေတာဖြစ်ပါတယ်။ အခုလို ရွှေစျေး အဆမတန်မြင့်တက်နေတဲ့အပေါ် YGEA ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်းတာဝန်ရှိသူတဦးက ” ကမ္ဘာ့ရွှေစျေးကျနေပေမယ့် ပြည်တွင်းမှာ ဒေါ်လာစျေးက တောက်လျှောက်တက်နေတယ်။ဒေါ်လာစျေးကျရင် ရွှေစျေးပြုတ်ကျမှာပဲ။အခု လက်ဝတ်တန်ဆာကတော့ ဒီစျေးနဲ့ဘယ်သူမှအရောင်းအဝယ်မလုပ်ကြတော့ဘူး။ အခုရွှေစျေးတက်တာမှာ တချို့အမှန်တကယ်ရောင်းဝယ်နေသူလည်းရှိတယ်၊ တချို့ကျ ရွှေလည်းမရှိဘူး ကားလည်းမရှိဘဲ သက်သက်ရွှေစျေးကို လိုက်ဖွနေတာရှိတယ်။စျေးတမင်လိုက်ဖွတာပေါ့ “လို့ ပြောပါတယ်။ လက်ရှိမှာ အခေါက်ရွှေ အတုံးကိုသာ ဝယ်ယူသူရှိတာကြောင့် ဆိုင်အချို့မှာ ရွှေအတုံးရောင်းချမှု…

Read More

ဘိုကလေးမှာ မျှောပါလာတဲ့ စက်လှေပေါ်ကနေ သေဆုံးနေတဲ့ နိုင်ငံသားအထောက်အထားမဲ့သူ ၆ ဦး အပါအဝင် ၆၅ ဦး ဖမ်းဆီးရမိ

သြဂုတ် ၊ ၃၀-၂၀၂၂ မင်းမြတ် ဧရာဝတီတိုင်း၊ ဘိုကလေးမြို့နယ်၊ အမာမြို့၊ဂယက်ကြီးကျွန်းအနီး ပင်လယ်ပြင်အစပ်နားကို မျှောပါလာတဲ့ စက်လှေ ၁ စီးပေါ်မှာ သေဆုံးနေတဲ့ နိုင်ငံသား အထောက်အထားမဲ့သူ ၆ ဦး အပါအဝင် အထောက် အထားမဲ့သူ ၆၅ ဦးကို မနေ့ သြဂုတ် ၂၉ ရက်က ဖမ်းဆီးရမိခဲ့တယ်လို့ ဘိုကလေးမြို့နယ် ရဲတပ်ဖွဲ့နဲ့နီးစပ်သူတွေဆီကနေသိရပါတယ်။ ”စက်လှေနဲ့ မျောပါပြီး အစာရေစာပြတ်လို့ သေဆုံးနေသူလို့ယူဆရတဲ့ နိုင်ငံသားအထောက်အထားမဲ့ ကျား ၃ဦးနဲ့ မ ၃ ဦးတွေ့ရှိတယ်လို့သိရတယ် ၊ အမာမြို့ ပင်လယ်ပြင်အစပ်မှာဖမ်းမိတာပါ သေဆုံးသူက ၆ ဦးနဲ့ ကျန် ၅၉ ဦး ပါ၊လုံခြုံရေးအဖွဲ့တွေက မသင်္ကာတဲ့ သင်္ဘောကိုတွေ့တယ်လို့ သတင်းရတာနဲ့သွားဖမ်းတာပါ ၊ ကဒုံက ရေတပ်က သွားဖမ်းတာလို့သိရတယ်။”လို့ ရဲတပ်ဖွဲ့နဲ့ နီးစပ်သူတဦးကပြောပါတယ်။ နိုင်ငံသားအထောက်အထားမဲ့သူတွေ စီးလာတဲ့စက်လှေဟာ…

Read More

ဘရာဇီး ဌာနေတိုင်းရင်းသားမျိုးနွယ်စုက ကမ္ဘာ့အထီးကျန်ဆုံးလူသား ကွယ်လွန်

ဘရာဇီးလီးယား၊ သြဂုတ်-၃၀-၂၀၂၂ မျိုးဆက်(VOM) ဘရာဇီးနိုင်ငံမှာ လူမှုအသိုင်းအဝိုင်းနဲ့ ကူးလူးဆက်ဆံမှုမရှိတဲ့ ဌာနေတိုင်းရင်းသားမျိုးနွယ်စုတခုမှ နောက်ဆုံးကျန်ရှိတဲ့ ကမ္ဘာ့အထီးကျန်ဆုံး လူသားကွယ်လွန်သွားပြီဖြစ်တယ်လို့ ဘရာဇီးတာ၀န်ရှိသူတွေက သြဂုတ် ၂၉ ရက်မှာ ပြောပါတယ်။ အမည်မသိ အဲဒီအမျိုးသားဟာ လွန်ခဲ့တဲ့ ၂၆ နှစ်တာကာလပတ်လုံး လုံး၀အထီးကျန် တကိုယ်ရေ နေထိုင်ခဲ့ရပြီး သူဟာ အသက် ၆၀ အရွယ်ရှိပြီလို့ ခန့်မှန်းရပြီး သွေးရိုးသားရိုး ကွယ်လွန်သွားတယ်လို့ ယူဆရပါတယ်။ သူ့ရဲ့အလောင်းကို နေထိုင်ရာကောက်ရိုးတဲပြင်ပရှိ ပုခက်ထဲမှာ သြဂုတ် ၂၃ ရက်က တွေ့ရှိခဲ့ခြင်းဖြစ်ပြီး မကြမ်းဖက်ခံရတဲ့ လက္ခဏာတွေမတွေ့ရကြောင်း တာ၀န်ရှိသူတွေကပြောပါတယ်။ သူဟာ တွင်းနက်ကြီးတွေတူးထားလေ့ရှိပြီး အချို့ကို ပုန်းအောင်းဖို့အတွက် လည်းကောင်း၊ အချို့ကို တိရိစ္ဆာန်တွေကို ထောင်ချောက်ဆင်ဖို့အတွက်လည်းကောင်း အသုံးပြုတာကြောင့် တွင်းလူသားလို့လည်း လူသိများပါတယ်။ အဲဒီအမျိုးသားဟာ ဘိုလီဗီးယားနဲ့ နယ်နိမိတ်ထိစပ်နေတဲ့ ဘရာဇီးနိုင်ငံ ရွန်ဒိုနီးယားပြည်နယ် တာနာရူဒေသမှာနေနထိုင်တဲ့ ဌာနေတိုင်းရင်းသားမျိုးနွယ်စုတခုရဲ့ နောက်ဆုံးကျန်ရှိသူဖြစ်ပါတယ်။…

Read More

မောက္ကတော်နယ်က ပစ်ခတ်မှုဖြစ်ပြီး ရဲစခန်းမှုးနဲ့ ပြည်သူ့စစ်ခေါင်ဆောင် အပါအဝင် ၃ ဦး သေဆုံး၊ ၃ ဦး ဒဏ်ရာရ

သြဂုတ် ၊ ၃၀ ၊ ၂၀၂၂ SP( VOM) စစ်ကိုင်းတိုင်း ၊ ကလေးခရိုင် ၊ မင်းကင်းမြို့နယ် ၊ မောက္ကတော်ကျေးရွာ ၊ မောက္ကတော် နယ်မြေရဲစခန်းမှူး အဖွဲ့ဟာ မနေ့ သြဂုတ် ၂၉ ရက် ၊ မနက်ပိုင်းက နယ်မြေရှင်းလင်းရေးလုပ်ငန်းတွေ လုပ်ကိုင်ပြီး ရဲစခန်းကိုပြန်လာတဲ့လမ်းမှာ တိုက်ခိုက်ခံရတဲ့အတွက် ရဲစခန်းမှူအပါအဝင် ၃ ဦးသေဆုံးပြီး ၃ ဦးဒဏ်ရာရခဲ့တယ်လို့ မင်းကင်းနယ် ဒေသခံတွေဆီက သိရပါတယ်။ ” မနေ့က မနက်ပိုင်း ၉ နာရီဝန်းကျင်မှာဖြစ်တာပါ ၊ စခန်းမှူးနဲ့ ပြည်သူ့စစ်အဖွဲ့ဟာ ချင်းတွင်းမြစ် အနောက်ဘက်ကမ်းမှာရှိတဲ့ တောင်ဖြူရွာနဲ့ ပန်ဆက်ရွာဘက်ကနေ မောက္ကတော်ရွာဘက်ကမ်းကို ပြန်အလာ လမ်းမှာ တိုက်ခိုက်ခံရတာပါ ၊ အဲ့ဒီတိုက်ပွဲမှာ မောက္ကတော်နယ်မြေရဲစခန်းမှူး ရဲအုပ်သူရအောင် အပါအဝင် ၃ ဦးသေဆုံးပြီး ၃…

Read More
VOM News

FREE
VIEW