ရင်ဖွင့်သံ

မန္တလေးခရိုင် တရားရုံးတော်အား ခရိုင် ၃ရုံးပေါင်းပြီးသောအခါ မည်သည့်ရှေ့နေမျှ ရုံးအဝန်းအဝိုင်းထဲ ဖုန်းများယူဆောင်ခွင့် မပြုတော့ပါ။

တရားခွင်ထဲ ဖုန်းယူဆောင်ခြင်း မပြုသည်ကိုလက်ခံပါသည်။

သို့ရာတွင် တရားရုံးဝန်းအတွင်း မယူရဆိုလျှင် တရားရေး၊ဥပဒေဝန်ထမ်းများ၊ရဲများလည်း မယူဆောင်ပါနဲ့ ဘာလို့လဲဆိုက ရှေ့နေဆိုသည်ကလည်း တရားရေးအရာရှိပါဘဲ အဆင့်အတန်းခွဲခြားခွင့်ကို နိုင်ငံတော်စီမံ အုပ်ချူပ်ရေးကောင်စီက ပေးမထားပါဘူး။

ယခု ကိစ္စကို မည်သည့် ခရိုင်တရားရေး အရာရှိက သတ်မှတ်လိုက်ပါသလဲ?

တိုင်းဒေသကြီးတရားလွှတ်တော်နှင့် မန္တလေးရှေ့နေကြီးအသင်းက ကူညီဆောင်ရွက်မှုမရှိပါ။

သို့ဖြစ်ပါ၍ တရားရုံးဝန်းထဲဖုန်းယူခွင့်မရှိလျှင် သေရေးရှင်ရေး သာရေးနာရေးနှင့် အမှုများစစ်ဆေးရန် အမှု့မြန်ဆန်ရေး အတွက် အထောက်အကူမရှိကြောင်း မန္တလေးရှေ့နေများမှ အော်ဟစ်အကူအညီတောင်းခံနေကြပါသည်။

Related posts

Leave a Comment

VOM News

FREE
VIEW