နေ့ရောညပါ အေးစေ၊ ကလေးတွေ သီချင်းသီဆိုကြစေ

ဆူးငှက် မန္တလေးမှာက မြန်မာပြည်အလယ်ပိုင်း ကုန်းခေါင်ခေါင်မှာပဲရှိလို့ သဘာဝဘေးအန္တရာယ် ကြီးကြီးမားမားသိပ်ပြီး ကြုံခဲ့ဆုံခဲ့ပုံမရ ။ ကျွန်တော်တို့ငယ်ငယ်က အမေကြီးတို့ပြောသော ကိုးတာမီး ဆိုတာကြားဖူးသည်။ “အမလေးတော် ကိုးတာရပ်က လောင်လိုက်တဲ့မီးက ကိုးတာ၊ ဒီဘိုးဝင်း၊ ဓာတ်နန်း၊ဘီလူးမ၊ညာင်ပင်၊ ဥယျာဉ်တန်းကနေ ထီးလင်းတိုက်၊ မိုးကောင်းတိုက်၊ဂွေးချိုတိုက်၊ အိမ်တော်ရာဘုရားထဲက စောင်းတန်းတွေ၊ ဇရပ်တွေအကုန်ပါသွားတာ ဟိုမြောက် အင်းဘဲရောက်မှ လောင်တာရပ်သတဲ့” ဟု ပြောလေ့ရှိသည်။ နောက်မှ ရှာဖွေ ဖတ်ရှုရာတွင် ကိုးတာမီးက မြန်မာသက္ကရာဇ် ၁၂၇၁ခုနှစ်မှာ လောင်သည်။ နောက် အမေတို့ပြောဖူးတာ စစ်ကိုင်းငလျင်ဖြစ်သည်။ စစ်ကိုင်းမှာ ငလျင်ကြီး လှုပ်လိုက်တာ မြို့ထဲက ဘုရားတွေရော၊ စစ်ကိုင်းတောင်ပေါ်က ဘုရားတွေရော ပြိုကျ ကုန်သတဲ့ ။ ဧရာဝတီမြစ်ကြီးက ဘောင်ဘင်ခတ်သွားသတဲ့။ နာမည်ကျော် အင်း၀ တံတားကြီးလည်း နည်းနည်းနေရာရွေ့သွားသတဲ့။မန္တလေးမှာလည်း တိုက်တာအိမ်ခြေတွေ ပျက်စီးကုန်သည်ပြောသည်။ အဖေက “ငလျင်လှုပ်တယ်ဆိုတာ သိလိုက်ချိန်…

Read More

(၃)ကြိမ်တိုင် မီးရှို့ခံရတဲ့ မွေ့တုံရွာသားတွေ အစားအသောက်အခက်တွေ့နေရ

နိုဝင်ဘာ ၁-၂၀၂၂ Voice Of Myanmar(VOM) စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်ထဲက မွေ့တုံကျေးရွာမှာ ပြီးခဲ့တဲ့ စက်တင်ဘာ ၁၃ ရက်နေ့က (၃) ကြိမ်မြောက်မီးရှို့ခံခဲ့ရတယ်လို့ သိရပါတယ်။ မွေ့တုံရွာဟာ အိမ်ခြေ (၃၅၀)ဝန်းကျင်ရှိပြီး (၃)ကြိမ်မြောက်မီးရှို့ခံရပြီးနောက်မှာတော့ လုံးဝမီးမလောင်တဲ့အိမ် (၂၀) ကျင်သာရှိတော့တယ်လို့ ဒေသခံတွေကပြောပါတယ်။ လက်ရှိမှာတော့ မွေ့တုံရွာသားတွေဟာ အိုးအိမ်ပြန်လည်ထူထောင်နိုင်ဖို့လိုအပ်နေသလို ချက်ပြုတ်စားသောက်ဖို့အတွက် အိုးခွက်ပန်းကန်ကအစ ခက်ခဲနေတယ်လို့ ပြောကြပါတယ်။ #voiceofmyanmarv#VOM #ပုလဲ Youtube Link – https://youtu.be/M8MKz_uyiIU

Read More

ရာထူးဆိုင်းငံ့ခံထားရတဲ့ ထိုင်း၀န်ကြီးချုပ်ပရာယွတ်ကို ရာထူးတာ၀န် ဆက်လက်ထမ်းဆောင်ဖို့ တရားရုံးဆုံးဖြတ်

ဘန်ကောက်၊ စက်တင်ဘာ-၃၀-၂၀၂၂ မျိုးဆက်(VOM) ထိုင်း၀န်ကြီးချုပ် ပရာယွတ်ချန်အိုချာရဲ့ ၀န်ကြီးချုပ်ရာထူးသက်တမ်းကန့်သတ်ချက်အပေါ် ကန့်ကွက်မှုနဲ့ပတ်သက်ပြီး ထိုင်းဖွဲ့စည်းပုံအခြေခံဥပဒေတရားရုံးက စက်တင်ဘာ ၃၀ ရက်မှာ ပယ်ချလိုက်ပြီး ၀န်ကြီးချုပ်တာ၀န် ဆက်လက်ထမ်းဆောင်နိုင်တယ်လို့ စီရင်ချက်ချလိုက်ပါတယ်။ သူ့ရဲ့ ဒီအမှုကို တရားရုံးကကြားနာနေချိန်မှာ ပရာယွတ်ကို ၀န်ကြီးချုပ်တာ၀န်ကနေ ဆိုင်းငံ့ထားခဲ့ပေမယ့်လည်း အတိုက်အခံပါတီတွေရဲ့ ကန့်ကွက်တင်ပြမှုကို တရားရုံးက ပယ်ချလိမ့်မယ်လို့ ကျယ်ကျယ်ပြန့်ပြန့် ရှုမြင်ထားကြပါတယ်။ စစ်တပ်အကြီးအကဲဟောင်း ပရာယွတ်ဟာ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ကန့်သတ်ထားတဲ့ ၀န်ကြီချုပ်ရာထူးသက်တမ်းရှစ်နှစ်ကို ကျော်လွန်သွားပြီးလို့ အတိုက်အခံတွေက စောဒကတက်နေကြတာဖြစ်ပါတယ်။ စစ်တပ်အကြီးအကဲ ပရာယွတ်ဟာ ၂၀၁၄ ခုနှစ်အာဏာသိမ်းမှုကို ဦးဆောင်ခဲ့ပြီး သြဂုတ်လမှာတော့ သူ့ကိုယ်သူ ၀န်ကြီးချုပ်ခန့်အပ်တာ၀န်ယူခဲ့တာကြောင့် သက်တမ်းရှစ်နှစ်ပြည့်သွားပြီးလို့ အတိုက်အခံတွေက ပြောပါတယ်။ ဒါပေမယ့် ဖွဲ့စည်းပုံအခြေခံဥပဒေ အသက်၀င်ချိန်က ၂၀၁၇ ခုနှစ်ဧပြီလမှာဖြစ်တဲ့အတွက် ၂၀၁၄ ခုနှစ်က တာ၀န်ယူခဲ့တဲ့သက်တမ်းဟာ အကြုံးမ၀င်ဘူးလို့ တရားရုံးက ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။ Ref: BBC Photo:Reuters…

Read More

မင်းတုန်းမင်း နတ်ပြည်စံသက် (၁၄၄)နှစ်ပြည့် မတကဘတ် ဆွမ်းဆက်ကပ်လှူဒါန်းခြင်း ပြုလုပ်

မန္တလေး၊စက်တင်ဘာ ၃၀၊၂၀၂၂ SM(VOM) ရတနာပုံ မန္တလေး မြို့တည်နန်းတည် မင်းတုန်းမင်းတြားကြီး နတ်ပြည်စံသက် (၁၄၄)နှစ်ပြည့် မတကဘတ်ဆွမ်းဆက်ကပ်လှူဒါန်းပြီး တရားနာယူ အမျှဆက်သခြင်းအခမ်းအနားကို စက်တင်ဘာ ၃၀ရက် နံနက် ၁၀နာရီက မန္တလေးမြို့ အောင်မြေသာစံမြို့နယ်ရှိ မဟာဓမ္မိကာရာမ ရွှေကျင်တိုက်မကြီးတွင် ပြုလုပ်ခဲ့ပါတယ်။ ကုန်းဘောင်ဆက်မောင်နှမများက စီစဉ်မှုပြုကာ ဆွေတော် မျိုးတော်များ၊ မိတ်သင်္ဂဟများစုပေါင်း၍ မတကဘတ်ဆွမ်းဆက်ကပ်လှူဒါန်းခြင်းဖြစ်ပါတယ် ။ အဆိုပါ မတကဘတ်ဆွမ်းဆက်ကပ်လှူဒါန်းခြင်းကို ၂၀၁၅ခုနှစ်က စတင်ပြီး ပြန်လည်ကျင်းပခဲ့ရာ ယခုနှစ် ၂၀၂၂ခုနှစ်တွင် (၈)နှစ်မြောက် ကျင်းပခြင်းဖြစ်ပါတယ်။ ” မန္တလေးမြို့အား တည်ထောင်ခဲ့သော ဆွေတော်မျိုးတော်များ၏ ဘိုးဘိုးကြီး၏ ကျေးဇူးများအား တသအောက်မေ့ကာ ဘိုးတော်မင်းကြီး အကြောင်းပြု ဆွေမျိုးတစ်စု တွေ့ဆုံစည်းလုံး ကုသိုလ်ပြုခြင်း ရည်မှတ်၍ နှစ်စဉ်မပြတ်အောင် ကြိုးစား ကျင်းပခြင်းဖြစ်ပါတယ်၊ အလှူအတူပြုကာ သားစဉ်မြေးဆက် ကျေးဇူးဆပ် အမျှဆက်သတာပါ ” ဟု ကုန်းဘောင်ဆက်မောင်နှမတွေထဲက…

Read More

လစာထုတ်ပြီးပြန်လာတဲ့ ခေါဇာရဲစခန်းမှူးနဲ့ အဖွဲ့ ပစ်သတ်ခံရပြီး ရဲ၃ ဦးသေဆုံး ၊ သေနတ် ၃ လက်ပါသွား

စက်တင်ဘာ ၊ ၃၀ ၊ ၂၀၂၂ SP(VOM) မွန်ပြည်နယ် ၊ မော်လမြိုင်ခရိုင် ၊ ရေးမြို့နယ် ၊ ရေး – ခေါဇာကားလမ်း ၊ ကဗျာကြီးကျေးရွာနားမှာ ဒီကနေ့မနက် ၁၀ နာရီဝန်းကျင်က ခေါဇာရဲစခန်းမှူးနဲ့အဖွဲ့ ပစ်သတ်ခံရတယ်လို့ ရေးမြို့နယ် ဝန်ထမ်းအသိုင်းအဝိုင်းဆီက သိရပါတယ်။ ” ရေးမြို့ကနေ လစာငွေထုတ်ပြီး ခေါဇာကို အိမ်စီးကား Mark ll 99 ကားနဲ့ အပြန် ကဗျာကြီးရွာနားမှာ အပစ်ခံရတာပါ ၊ အဲ့ဒီပစ်ခတ်မှုကြောင့် ခေါဇာနယ်မြေရဲစခန်းမှူး ရဲအုပ် ၁ ဦးနဲ့ အခြားအဆင့် တပ်ဖွဲ့ဝင် ၂ ဦး နေရာမှာတင် ကျဆုံးတယ် ၊ နောက်ပြီး BA 63 သေနတ် ၂ လက် ၊ခြောက်လုံးပြူး သေနတ် ၁ လက်…

Read More

အာဖဂန်နစ္စတန်မှာ ပုဂ္ဂလိကစာသင်ကျောင်းကို အသေခံဗုံးခွဲတိုက်ခိုက်မှု လူ ၁၉ ဦးသေဆုံး

ကဘူးလ်၊ စက်တင်ဘာ-၃၀-၂၀၂၂ မျိုးဆက်(VOM) အာဖဂန်နစ္စတန်နိုင်ငံ မြို့တော်ကဘူးလ်ရှိ ပုဂ္ဂလိကကျောင်းတခုကျောင်မှာ စက်တင်ဘာ ၃၀ ရက်ကဖြစ်ပွားခဲ့တဲ့ အသေခံဗုံးခွဲတိုက်ခိုက်မှုကြောင့် လူ ၁၉ ဦးထက်မနည်းသေဆုံးသွားကြောင်း ရဲတပ်ဖွဲ့ကပြောပါတယ်။ ဗုံးခွဲတိုက်ခိုက်မှုဟာ ကဘူးလ်မြို့အနောက်ဘက်မှာ ဖြစ်ပွားခဲ့ပြီး ပေါက်ကွဲမှုဖြစ်ပွားချိန်မှာ ကျောင်းသား ကျောင်းသူတွေဟာ တက္ကသိုလ်စာမေးပွဲ အစမ်းဖြေဆိုမှုပြုလုပ်နေချိန်ဖြစ်ကြောင်း တာ၀န်ရှိသူတွေက ပြောပါတယ်။ အဲဒီဒေသမှာ နေထိုင်ကြသူအများစုဟာ ယခင်ကတိုက်ခိုက်မှုတွေမှာ ပစ်မှတ်ထားခံခဲ့ရတဲ့ ဟာဇာရာလူမျိုးစုတွေဖြစ်ကြပြီး ၎င်းတို့သည် အာဖဂန်နစ္စတန်၏ တတိယအကြီးဆုံးလူမျိုးစုပါတယ်။ တိုက်ခိုက်ခံရသော ပုဂ္ဂလိက စာသင်ကျောင်း အမျိုးသားတွေအပြင် အမျိုးသမီးတွေကိုပါ သင်ကြားပေးနေတဲ့ စာသင်ကျောင်းဖြစ်ပြီး ဗုံးခွဲတိုက်ခိုက်မှုကြောင့် သေဆုံးသူတွေဟာ မိန်းကလေးအများစုဖြစ်ပါတယ်။ အာဖဂန်နစ္စတန်မှာ လွန်ခဲ့တဲ့နှစ်သြဂုတ်လမှစပြီး တာလီဘန်တွေအာဏာရချိန်မှစပြီး နိုင်ငံတွင်းရှိ အမျိုးသမီးစာသင်ကျောင်းအများစုကို ပိတ်ထားခဲ့ရပေမယ့်လည်း အချို့သောပုဂ္ဂလိက စာသင်ကျောင်းတွေကတော့ ဖွင့်လှစ်ထားပါတယ်။ အသေခံဗုံးခွဲတိုက်ခိုက်မှုကိုဘယ်အဖွဲ့က လုပ်ဆောင်ခဲ့ကြောင်း ထုတ်ပြန်ခြင်းမရှိသေးပါဘူး။ အရပ်သားတွေကို ပစ်မှတ်ထားတိုက်ခိုက်မှုဟာ လူမဆန်မှုနဲ့ ကိုယ့်ကျင့်တရား စံနှုန်းတွေကင်းမဲ့ခြင်းဖြစ်ကြောင်း အာဖဂန်ပြည်ထဲရေး၀န်ကြီးဌာန…

Read More

ဟူးကောင်းချိုင့်ဝှမ်းဘက်မှာ အမျိုးအမည်မသိ တိရစ္ဆာန်ကူးစက်ရောဂါ​ကြောင့် ဝက်သေဆုံးမှုတွေ များပြားလာ

စက်တင်ဘာ ၊ ၃၀ ၊ ၂၀၂၂ SP( VOM) ကချင်ပြည်နယ် ၊ ဟူးကောင်းချိုင့်ဝှမ်းဒေသ ၊ နောင်းမီကျေးရွာမှာ တိရစ္ဆာန်ကူးစက်ရောဂါတွေဖြစ်ပြီး မွေးမြူရေး ဝက်တွေ သေဆုံးမှု နေ့တိုင်းလိုလို ဖြစ်နေတယ်လို့ ဒေသခံ မွေးမြူရေးလုပ်ငန်းရှင်တွေဆီက သိရပါတယ်။ ” ဝက်တွေဟာ ဝက်နာကျပြီးနောက် အစာမစားဘဲ နေ့ချင်းပြီးသေတယ် ၊ အခုလ လဆန်းပိုင်းကစလို့ ဒီကနေ့အထိ အဲ့ဒီလို သေဆုံးတာ ရွာမှာ ဝက်အကောင်ရေ ရာဂဏန်းနီးပါးရှိပြီ ၊ ရွာခံ တိရစ္ဆာန် ဆရာတွေနဲ့ပဲ ကုသနေရတာ ဘာရောဂါဆိုတာ မသိရဘူး ၊ ဝက်ကနေတဆင့် လူတွေကို ကူးစက်လာမှာ အရမ်းစိုးရိမ်ရတယ် ၊ အခုဆို တနယ်လုံး ဝက်သားမစား မကြတော့ဘူး၊ ဝက်တုပ်ကွေးဖြစ်မှာစိုးလို့ ရှောင်ကြတာ ၊ တနယ်လုံးက အိမ်တိုင်း ဝက်မွေးကြတယ် “လို့ နောင်းမီရွာခံ…

Read More

သိမ်းပိုက်ထားတဲ့ ယူကရိန်းပိုင် ဒေသနှစ်ခုကို လွတ်မြောက်နယ်မြေတွေအဖြစ် ရုရှားကြေညာ

မော်စကို၊ စက်တင်ဘာ-၃၀-၂၀၂၂ မျိုးဆက်(VOM) ရုရှားသိမ်းပိုက်ထားတဲ့ ယူကရိန်းရှိ ဇာပိုရစ်ဇီးယားနဲ့ ခါဆွန်ဒေသတို့ကို လွတ်မြောက်နယ်မြေတွေအဖြစ် အသိအမှတ်ပြုတဲ့ အမိန့်တွေကို ရုရှားသမ္မတပူတင်က စက်တင်ဘာ ၂၉ ရက်မှာ လက်မှတ်ရေးထိုး ထုတ်ပြန်လိုက်ပါတယ်။ ဒီလိုအသိအမှတ်ပြုလိုက်ခြင်းအားဖြင့် အဲဒီနယ်မြေတွေကို ရုရှားနိုင်ငံထဲသွတ်သွင်းဖို့ လမ်းပွင့်သွားပြီဖြစ်ပါတယ်။ လူဟန့်ခ်၊ ဒွန်နက်ခ်၊ ဇာပိုရစ်ဇီးယားနဲ့ ခါဆွန်ဒေသတို့မှာ ပြုလုပ်ခဲ့တဲ့ ငါးရက်ကြာဆန္ဒခံယူပွဲတွေက ဒီဒေသတွေ ရုရှားနဲ့ပေါင်းစည်းဖို့ကို ထောက်ခံခဲ့ကြတယ်လို့ ရုရှားသမ္မတနန်းတော်က ထုတ်ပြန်ထားပါတယ်။ ဒီဆန္ဒခံယူပွဲရလဒ်ဟာ အတုအယောင်သာဖြစ်ကြောင်း နိုင်ငံတကာက ကျယ်ကျယ်ပြန့်ပြန့်ဝေဖန်မှုတွေရှိနေပါတယ်။ ဒီကိစ္စကြောင့် အမေရိကန်ဟာ ရုရှားအပေါ် အရေးယူပိတ်ဆို့မှုသစ်တွေ ချမှတ်သွားမယ်လို့ဆိုပါတယ်။ ကျွန်တော်တို့အနေနဲ့ ယူကရိန်းပိုက်နက်နယ်မြေတွေကို ရုရှားနိုင်ငံနဲ့ပေါင်းစည်းတဲ့ကိစ္စကို လုံး၀ လုံး၀ လုံး၀ကို အသိအမှတ်ပြုမှာမဟုတ်ပါဘူးလို့ အမေရိကန်သမ္မတဂျိုးဘိုင်ဒင်က ထုတ်ဖော်ပြောဆိုပါတယ်။ နိုင်ငံတနိုင်ငံရဲ့ ပိုင်နက်နယ်မြေကို အင်အားသုံးသိမ်းပိုက်တာဟာ ကုလသမဂ္ဂပဋိညာဉ်နဲ့ နိုင်ငံတကာဥပဒေတွေကို ချိုးဖောက်တာဖြစ်ကြောင်း ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဂူတာရက်စ်က သတိပေးပြောဆိုပါတယ်။ Ref: BBC…

Read More

တောင်ဒဂုံမှာ ပစ်ခတ်မှုသုံးကြိမ်ဖြစ်ခဲ့ပြီး ၄ဦးသေ၊ ၁ဦးဒဏ်ရာရ

စက်တင်ဘာ ၃၀-၂၀၂၂ GG+KK(VOM) ရန်ကုန်မြို့၊ တောင်ဒဂုံမြို့နယ်က ၂၅ရပ်ကွက်နဲ့ ၅၃ ရပ်ကွက်မှာ မနေ့ စက်တင်ဘာ ၂၉ရက် မနက်ပိုင်းကနေ ညနေပိုင်းအထိ ပစ်ခတ်မှု ၃ကြိမ်ဖြစ်ခဲ့ရာ ရာအိမ်မှူးအပါအဝင် ၄ဦးသေဆုံးပြီး ၁ဦးဒဏ်ရာရရှိခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။ မနေ့ည ခုနှစ်နာရီကလည်း တောင်ဒဂုံမြို့နယ် ၂၅ ရပ်ကွက်၊ လောင်းလုံလမ်းမှာ အမျိုးသားတဦးပစ်သတ်ခံရပြီး သေဆုံးခဲ့တယ်လို့ မြို့ခံတဦးက ပြောပါတယ်။ “မနေ့ကလည်း ပစ်တယ် ညဘက်လည်း ထပ်ပစ်တယ် နှစ်ကြိမ်ဖြစ်တာ ကျနော်တို့ရပ်ကွက်မှာပဲ၊ ၅၃ မှာလည်းပစ်ခတ်မှုဖြစ်တယ် မနက်က၊ ရာအိမ်မှူးသေတယ် အမျိုးသမီးတဦးတည်း ဒဏ်ရာရတယ် ညဘက် ကွမ်းယာရောင်းတဲ့လူအပစ်ခံရတာ သူလည်းပွဲချင်းပြီးပဲ”လို့ ရှင်းပြပါတယ်။ ၂၅ ရပ်ကွက်မှာ မနေ့ မနက်ကိုးနာရီဝန်းကျင်ကလည်း ရာအိမ်မှူးပစ်ခတ်ခံရပြီး ရာအိမ်မှူးသေဆုံးကာ လိုက်ပါစီးနင်းလာတဲ့ အမျိုးသမီးတဦး ဒဏ်ရာရရှိခဲ့တယ်လို့ အဆိုပါရပ်ကွက်နေသူတွေဆီက သိရပါတယ်။ အလားတူ ည ခြောက်နာရီခွဲကလည်း…

Read More

ဧရာဝတီတိုင်းမှာ တလအတွင်း ပစ်သတ်ခံရသူ ၁၆ ဦးရှိခဲ့၊ အုပ်ချုပ်ရေးအဖွဲ့ဝင်တွေ အများဆုံးပါဝင်

စက်တင်ဘာ ၃၀-၂၀၂၂ မင်းမြတ်(VOM) ဧရာဝတီတိုင်းထဲမှာ စက်တင်ဘာလအတွင်း ပစ်သတ်ခံရလို့ လူ ၁၆ ယောက် သေဆုံးခဲ့ရပြီး အဲ့ဒီ သေဆုံးခဲ့ရသူတွေအထဲမှာ အုပ်ချုပ်ရေးအဖွဲ့ ဝင်တွေအများဆုံးပါဝင်နေတယ်လို့ လူမှုကူညီရေးအဖွဲ့တွေဆီကနေ သိရပါတယ် ။ ”ပစ်သတ်ခံရတဲ့ဖြစ်စဉ်တွေမှာ အလုပ်ကိစ္စနဲ့ အပြင် ထွက်လာရင်း ပစ်သတ်ခံရတာတွေများတယ် ၊ လမ်းပေါ်မှာ ပစ်ခံရတာပေါ့၊ သေဆုံးခဲ့တာ ၁၆ ယောက်အထိရှိခဲ့တယ် ၊ အဲ့ဒီသေဆုံးသူတွေအထဲမှာ အုပ်ချုပ်ရေးဘက်ကလူတွေ အများဆုံးတွေ့ရတယ် ၊ တနေ့တည်း ၃ ယောက်အထိ ပစ်သတ်ခံခဲ့ရတဲ့ ဖြစ်စဉ်တွေတောင်ရှိခဲ့တယ် ၊ ဆေးရုံရောက်မှ သေတာနည်းတယ် ၊ အခင်းဖြစ်နေရာမှာပဲ ပွဲချင်းပြီး သေဆုံးသွားတာတွေများတယ် ၊ ”လို့ ဧရာဝတီတိုင်းပုသိမ်မြို့အခြေပြု ပရဟိတအဖွဲ့ဝင်တဦးကပြောပါတယ်။ သေနတ်နဲ့ ပစ်သတ်ခံရလို့ သေဆုံးခဲ့ရသူအရေအတွက်ဟာ ကျေးရွာအုပ်ချုပ်ရေးမှူး ၆ ယောက် ၊ ရာအိမ်မှူး ၄ ယောက်၊ စာရေး…

Read More
VOM News

FREE
VIEW