ဟူးကောင်းချိုင့်ဝှမ်းဘက်မှာ အမျိုးအမည်မသိ တိရစ္ဆာန်ကူးစက်ရောဂါ​ကြောင့် ဝက်သေဆုံးမှုတွေ များပြားလာ

စက်တင်ဘာ ၊ ၃၀ ၊ ၂၀၂၂
SP( VOM)

ကချင်ပြည်နယ် ၊ ဟူးကောင်းချိုင့်ဝှမ်းဒေသ ၊ နောင်းမီကျေးရွာမှာ တိရစ္ဆာန်ကူးစက်ရောဂါတွေဖြစ်ပြီး မွေးမြူရေး ဝက်တွေ သေဆုံးမှု နေ့တိုင်းလိုလို ဖြစ်နေတယ်လို့ ဒေသခံ မွေးမြူရေးလုပ်ငန်းရှင်တွေဆီက သိရပါတယ်။

” ဝက်တွေဟာ ဝက်နာကျပြီးနောက် အစာမစားဘဲ နေ့ချင်းပြီးသေတယ် ၊ အခုလ လဆန်းပိုင်းကစလို့ ဒီကနေ့အထိ အဲ့ဒီလို သေဆုံးတာ ရွာမှာ ဝက်အကောင်ရေ ရာဂဏန်းနီးပါးရှိပြီ ၊ ရွာခံ တိရစ္ဆာန် ဆရာတွေနဲ့ပဲ ကုသနေရတာ ဘာရောဂါဆိုတာ မသိရဘူး ၊ ဝက်ကနေတဆင့် လူတွေကို ကူးစက်လာမှာ အရမ်းစိုးရိမ်ရတယ် ၊ အခုဆို တနယ်လုံး ဝက်သားမစား မကြတော့ဘူး၊ ဝက်တုပ်ကွေးဖြစ်မှာစိုးလို့ ရှောင်ကြတာ ၊ တနယ်လုံးက အိမ်တိုင်း ဝက်မွေးကြတယ် “လို့ နောင်းမီရွာခံ မွေးမြူရေးလုပ်ငန်းရှင်တယောက်က VOM ကို ပြောပါတယ်။

ကချင်ပြည်နယ် ၊ စိုက်ပျိုးမွေးမြူရေးနဲ့ ကုသရေး ဦးစီးဌာနရုံးနဲ့ နီးစပ်သူ တယောက်က” နောင်းမီရွာဆိုတာ လီဒိုလမ်းမကြီးဘေးမှာ ရှိတဲ့ရွာဖြစ်တယ် ၊ ဝက်နာကျရောဂါ စတင်ဖြစ်ပွားတာက ၊ ဝက်ကုန်သည်တွေဟာ သူတို့ရဲ့ ဝက်အသေတွေကို အဲ့ဒီရွာနားမှာ ပစ်ချထားတာတွေလုပ်တယ် ၊ ရောဂါရဲ့ အမျိုးအစား ဗီဇကို သိနိုင်ဖို့ ဓာတ်ခွဲတာတွေလုပ်ဖို့ လိုအပ်နေသေးတယ် ၊ ကျန်တဲ့ ဝက်ကောင်ရေ ၁ ထောင်ဝန်းကျင်ကို ကူးစက်တာ မဖြစ်ရအောင် ပြည်နယ် တိမွေးကုဌာနက ဆက်လက်လုပ်ဆောင်နေပါတယ် ” လို့ ပြောပါတယ်။

နောင်းမီကျေးရွာဟာ ရွာလုံးကျွတ် စိုက်ပျိုးမွေးမြူရေး လုပ်ကိုင်တဲ့ရွာဖြစ်ပြီး နေအိမ်တိုင်းမှာ မွေးမြူရေးလုပ်ငန်းရှိကာ တရွာလုံးအတိုင်းအတာနဲ့ ဝက်အကောင်ရေ ၁ ထောင်ကျော် မွေးမြူထားတယ်လို့ ရွာခံတွေဆီက သိရပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့နှစ်ကလည်း ဟူးကောင်း ချိုင့်ဝှမ်း ဒေသဘက်မှာ အမျိုးအမည်မသိ နွားအရေပြား ရောဂါတွေဖြစ်ပြီးနောက် လယ်ယာလုပ်ငန်းသုံး ခိုင်းနွားတွေအပါအဝင် မွေးမြူရေး နွားတွေ အများအပြား သေဆုံးရတာလည်း ဖြစ်ခဲ့ပါသေးတယ် ။

ဓာတ်ပုံ ၊ နောင်းမီရွာမှာ ဝက်နာကျသေဆုံးနေပုံ
#voiceofmyanmar #VOM #ဟူးကောင်းချိုင့်ဝှမ်းဒေသ

Related posts

Leave a Comment

VOM News

FREE
VIEW