လှိုင်းဘွဲ့မြို့နယ်မှာ ရွှေဆိုင်၂ဆိုင်ဓားပြတိုက်ခံရပြီး သိန်း ၆၀၀ ကျော်တန်ဖိုးရှိ ရွှေထည်ပစ္စည်းနဲ့ငွေသားတွေပါသွား

စက်တင်ဘာ ၁-၂၀၂၂ VOM (GG) ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်၊ ရွှေဂွန်းရွာ၊ မြို့မရပ်ကွက်၊ ဗိုလ်ချုပ်လမ်းမှာဖွင့်ထားတဲ့ ထွန်း ရွှေဆိုင်နဲ့ သရဖူ ရွှေဆိုင် ၂ဆိုင် ဓားပြတိုက်ခံရပြီး ငွေ သိန်း ၆၀၀ ကျော်တန်ဖိုးရှိ ရွှေထည်ပစ္စည်းတွေ လုယက်ယူဆောင်သွားမှု မနေ့ ဩဂုတ် ၃၁ ရက်နေ့ကဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ မနေ့က မနက် ၉ နာရီကျော်လောက်မှာ သေနတ်ကိုင်ထားတဲ့လူတွေရောက်လာပြီး သေနတ်ပစ်ဖောက်ကာ ဆိုင်အတွင်းရှိ ရွှေထည့်ထားတဲ့မှန်ဘောင်ကိုရိုက်ခွဲကာ ရွှေထည်ပစ္စည်းနဲ့ ဆိုင်ရှိငွေသားအချို့ပါယူဆောင်သွားတာဖြစ်တယ်လို့ သိရပါတယ်။ ” သေနတ်သံကြားတော့ အားလုံးဘုန်းကြီးကျောင်းထဲဝင်ပြေးကြတာပဲ၊ ကျွန်တော်လည်း ဝင်ပြေးတာ ဘုန်းကြီးကျောင်းထဲ၊ ဆိုင်တောင်မပိတ်ခဲ့ဘူး။ သေနတ်ပစ်သံတွေကတော့ အချက်ရေများတယ် ။ ရွှေဆိုင်၂ခု ကနေ ရွှေ ၂၀သားလောက်ပါသွားတယ်ကြားတယ်။ လူထိခိုက်တာမျိုးတော့မကြားမိဘူး ” လို့ ဒေသခံတဦးကပြောပါတယ်။ ဓားပြတိုက်သူတွေဟာ ဆိပ်ကမ်းကနေ စက်လှေနဲ့ရောက်လာပြီး ရွှေဆိုင်တွေကိုသေနတ်ပစ်ဖောက်…

Read More

သန်လျင်မြို့နယ်မှာ စစ်သားအချင်းချင်း ပစ်ခတ်မှု​ဖြစ်ပြီး ဗိုလ်ကြီးတဦးအပါအဝင် (၇)ဦး သေဆုံး

စက်တင်ဘာ ၁၊၂၀၂၂ KK(VOM) ရန်ကုန်မြို့၊ သန်လျင်မြို့နယ်၊ စစ်ပင်ကွင်းကျေးရွာမှာ မနေ့ သြဂုတ် ၃၁ရက် ညပိုင်းက စစ်သားအချင်းချင်းပစ်ခတ်မှုဖြစ်ပွားခဲ့ရာ ဗိုလ်ကြီးတဦးအပါအ၀င် (၇)ဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာရရှိခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။ စစ်ပင်ကွင်းကျေးရွာမှာ မနေ့ည ကိုးနာရီခွဲက တာဝန်ကျနေတဲ့ စစ်သားအချင်းချင်း စကားများရန်ဖြစ်ပြီးနောက် ပစ်ခတ်သံတွေကြားခဲ့ရတယ်လို့ ကျေးရွာနေသူတဦးက ပြောပါတယ်။ “ဆယ်နာရီလောက်မှာ သေနတ်သံတွေကြားတာ အချက်နှစ်ဆယ်ကျော်လောက်ရှိတယ်၊ ပြီးတော့လူနာတင်ယာဥ်တွေရောက်လာတယ်၊ မနက်မှ စစ်သားတွေသေတယ်ဆိုတာကြားတာ”လို့ ရှင်းပြပါတယ်။ တာဝန်ကျစစ်သားအချင်းချင်း စကားများရန်ဖြစ်ပြီးနောက် တပ်သားနှစ်ဦးက ပစ်ခတ်ခဲ့လို့ ဗိုလ်ကြီးအပါအဝင်(၇)ဦးသေဆုံးကာ နှစ်ဦးဒဏ်ရာရရှိခဲ့တာဖြစ်တယ်လို့ စစ်တပ်နဲ့နီးစပ်သူတဦးက ပြောပါတယ်။ “ကျနော်ကြားတာ ဗိုလ်ကြီးနဲ့တပ်သားခြောက်ဦး သေတယ်၊ တပ်မိသားစုဝင် အမျိုးသမီးနှစ်ဦး ဒဏ်ရာရတယ်ကြားတယ်၊ ဒဏ်ရာရရတဲ့သူတွေရော သေတဲ့သူတွေပါ မင်္ဂလာဒုံစစ်ဆေးရုံမှာပါ”လို့ ပြောပါတယ်။ သေနတ်နဲ့ပစ်ခတ်ခဲ့တဲ့ တပ်သားနှစ်ဦးအနက် တဦးမှာ လက်နက်ခဲယမ်းတွေနဲ့ထွက်ပြေးတိမ်းရှောင်နေတယ်လို့လည်း စစ်တပ်နဲ့နီးစပ်သူတွေဆီက သိရပါတယ်။ လက်တလော သန်လျင်တံတားကိုပိတ်ဆို့ကာ ကားတွေနဲ့လူတွေကို စစ်ဆေးနေတဲ့အပြင်…

Read More

ရင်ဖွင့်သံ

မန္တလေးခရိုင် တရားရုံးတော်အား ခရိုင် ၃ရုံးပေါင်းပြီးသောအခါ မည်သည့်ရှေ့နေမျှ ရုံးအဝန်းအဝိုင်းထဲ ဖုန်းများယူဆောင်ခွင့် မပြုတော့ပါ။ တရားခွင်ထဲ ဖုန်းယူဆောင်ခြင်း မပြုသည်ကိုလက်ခံပါသည်။ သို့ရာတွင် တရားရုံးဝန်းအတွင်း မယူရဆိုလျှင် တရားရေး၊ဥပဒေဝန်ထမ်းများ၊ရဲများလည်း မယူဆောင်ပါနဲ့ ဘာလို့လဲဆိုက ရှေ့နေဆိုသည်ကလည်း တရားရေးအရာရှိပါဘဲ အဆင့်အတန်းခွဲခြားခွင့်ကို နိုင်ငံတော်စီမံ အုပ်ချူပ်ရေးကောင်စီက ပေးမထားပါဘူး။ ယခု ကိစ္စကို မည်သည့် ခရိုင်တရားရေး အရာရှိက သတ်မှတ်လိုက်ပါသလဲ? တိုင်းဒေသကြီးတရားလွှတ်တော်နှင့် မန္တလေးရှေ့နေကြီးအသင်းက ကူညီဆောင်ရွက်မှုမရှိပါ။ သို့ဖြစ်ပါ၍ တရားရုံးဝန်းထဲဖုန်းယူခွင့်မရှိလျှင် သေရေးရှင်ရေး သာရေးနာရေးနှင့် အမှုများစစ်ဆေးရန် အမှု့မြန်ဆန်ရေး အတွက် အထောက်အကူမရှိကြောင်း မန္တလေးရှေ့နေများမှ အော်ဟစ်အကူအညီတောင်းခံနေကြပါသည်။

Read More

မလေးရှား၀န်ကြီးချုပ်ဟောင်းကတော် လာဘ်ပေးလာဘ်ယူမှု အပြစ်ရှိကြောင်း တွေ့ရှိ ၊ ထောင်နှစ် ၂၀ ထိကျခံရနိုင်

ကွာလာလမ်ပူ၊ စက်တင်ဘာ-၁-၂၀၂၂ မျိုးဆက်(VOM) မလေးရှား၀န်ကြီးချုပ်ဟောင်း နာဂျစ်ရာဇတ်ရဲ့ ဇနီးဖြစ်သူဟာ လာဘ်ပေးလာဘ်ယူမှုနဲ့ ပတ်သက်ပြီး အပြစ်ရှိကြောင်း တရားရုံးက ဆုံးဖြတ်လိုက်ပါတယ်။ ၀န်ကြီးချုပ်ဟောင်းကတော်ဖြစ်သူ Rosmah Mansor ဟာ ဆိုလာစွမ်းအင်စီမံကိန်းတခုနဲ့ဆက်စပ်ပြီး လာဘ်ငွေ ဒေါ်လာ ၄၃ သန်းရယူခဲ့ကြောင်း စွဲချက်သုံးခုအတွက် အပြစ်မရှိဘူးလို့ ယခင်က ငြင်းဆိုခဲ့ပါတယ်။ ဒါပေမယ့် အထူးတရားရုံး တရားသူကြီးကတော့ ၀န်ကြီးဟောင်းကတော်ဟာ ဒီစွဲချက်တွေနဲ့ပတ်သက်ပြီး အပြစ်ရှိကြောင်း စက်တင်ဘာ ၁ ရက်မှာ ဆုံးဖြတ်ခဲ့ပါတယ်။ ခင်ပွန်းဖြစ်သူ ၀န်ကြီးချုပ်ဟောင်နာဂျစ်ဟာ အကျင့်ပျက်ချစားမှုကြောင့် ထောင် ၁၂ နှစ်ကျခံရပြီး ရက်ပိုင်းအတွင်း သူမနဲ့ပတ်သက်ပြီး စီရင်ချက်ထွက်ပေါ်လာတာဖြစ်ပါတယ်။ သူမအပေါ်စွဲချက်တွေဟာ ထောင်ဒဏ်နှစ် ၂၀ ထိချမှတ်နိုင်ပြီး လာဘ်ပေးလာဘ်ယူငွေပမာဏရဲ့ ငါးဆထိ ဒဏ်ငွေပေးဆောင်ရမှာဖြစ်ပါတယ်။ အသက် ၇၀ အရွယ်သူမဟာ ဇိမ်ခံပစ္စည်းနဲ့ လက်၀တ်ရတနာတွေ အလွန်နှစ်သက်ပြီး ၀ယ်ယူမှုတွေကြောင့် ထင်ရှားသူဖြစ်ပါတယ်။ လက်ရှိမှာတရားရုံးက စီရင်ချချက်လိုက်ပေမယ့်…

Read More

ရွှေ၊ ဒေါ်လာ၊ စက်သုံးဆီ၊ ဘတ်စျေး ပြန်ကျ

စက်တင်ဘာ ၁-၂၀၂၂ VOM (GG) ဗဟိုဘဏ်က အမေရိကန်ဒေါ်လာ သန်း ၂၀၀ ထောက်ပံ့မယ်ဆိုတဲ့ အမိန့်စာ ထုတ်ပြန်ပြီးနောက် ပြည်တွင်း ရွှေစျေး ၊ ဒေါ်လာစျေး ၊ ဘတ်စျေးနဲ့ စက်သုံးဆီစျေးနူန်းတွေ ဒီနေ့မှာ ပြန်လည်ကျဆင်းသွားတယ်လို့ သိရပါတယ်။ ဒီနေ့ စက်တင်ဘာလ ၁ ရက်နေ့ မှာ ၁၆ ပဲရည် အခေါက်ရွှေစျေးက မနေ့က ၃၇ သိန်းစျေးကနေ သိန်း ၃၀ အထိ ပြန်ကျသွားသလို အမေရိကန်ဒေါ်လာကလည်း တဒေါ်လာကို ၄၅၀၀ ကျော်ကနေ ၃၅၀၀ အထိ ပြန်ကျသွားကြောင်း၊ထိုင်း ဘတ်စျေးကလည်း မြန်မာငွေ ၁ သိန်းကို ဘတ်ငွေ ၁၀၀၀ ကနေ မြန်မာငွေ ၁ သိန်းကို ဘတ်ငွေ ၁၀၇၀ အထိ( ၁ ဘတ်ကို မြန်မာငွေ ၁၀၀…

Read More

အမေရိကန်မှာနေသူတွေရဲ့ ပျှမ်းမျှလူ့သက်တမ်း အနိမ့်ဆုံးအဆင့်ထိ ကျဆင်း

ဝါရှင်တန်၊ စက်တင်ဘာ-၁-၂၀၂၂ မျိုးဆက်(VOM) အမေရိကန်မှာ နေထိုင်သူတွေရဲ့ ပျှမ်းမျှသက်တမ်းဟာ ကိုဗစ်-၁၉ ရောဂါကူးစက်မှုတွေကြောင့် အကြီးအကျယ် ကျဆင်းသွားပြီး ၁၉၉၆ ခုနှစ်နောက်ပိုင်း အနိမ့်ဆုံးအဆင့်ထိ ကျဆင်းနေပါတယ်။ သူတို့ရဲ့ လူ့သက်တမ်းဟာ ၂၀၁၉ ခုနှစ်မှာရှိခဲ့တဲ့ ပျှမ်းမျှ ၇၉ နှစ်နဲ့နှိုင်းယှဉ်ပါက လက်ရှိမှာ ၇၆ ဒသမ ၁ နှစ်သာရှိနေပြီး ရာစုနှစ်အတွင်း နှစ်နှစ်ဆက်တိုက် အဆိုးရွားဆုံး ကျဆင်းမှုဖြစ်ကြောင်း အစိုးရကထုတ်ပြန်တဲ့ အချက်အလက်တွေမှာ ဖော်ပြထားပါတယ်။ ဒီလိုသက်တမ်းတိုရခြင်းရခြင်းရဲ့ အကြောင်းရင်းတွေထဲမှာ ကိုဗစ်-၁၉ ရောဂါကူးစက်မှုဟာလည်း အဓိက ပါ၀င်နေကြောင်း ရောဂါထိန်းချုပ်ရေးနဲ့ ကာကွယ်တားဆီးရေးဌာနရဲ့ သြဂုတ် ၃၁ ရက်ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ အမေရိကန်ဌာနေတိုင်းရင်းသားတွေရဲ့ သက်တမ်းဟာလည်း ယခင်ကထက် နှစ်နှစ်ကျဆင်းသွားပြီး ကြားဖြတ်လေ့လာမှုတွေအရ ၂၀၁၉ နဲ့ ၂၀၂၁ ခုနှစ်အကြား ၂ ဒသမ ၇ ထိ ကျဆင်းသွားပါတယ်။ အမေရိကန်ပြည်သူတွေရဲ့…

Read More

ကရင်ပြည်နယ် ဝန်ကြီးဟောင်း၃ဦး တောင်ကလေးထောင်ကနေ ပြန်လွတ်လာ

စက်တင်ဘာ ၁-၂၀၂၂ VOM (GG) ထောင်ဒဏ် ၂ နှစ်စီချမှတ်ခံထားရတဲ့ ကရင်ပြည်နယ် အစိုးရအဖွဲ့ဝန်ကြီးဟောင်း ၃ဦး ဒီနေ့စက်တင်ဘာလ ၁ ရက်နေ့မှာ ထောင်ကနေပြန်လည်လွတ်မြောက်လာပြီဖြစ်တယ်လို့ သိရပါတယ်။ ” ပြစ်ဒဏ်စေ့ လွတ်ရက်ပြည့်လို့ပြန်လွတ်လာတာ။သူတို့ကို ဘားအံ တောင်ကလေးထောင်မှာ ထားတာ။ဒီနေ့ သူတို့ အဲ့ဒီကနေပဲလွတ်လာတယ် ” လို့ ဝန်ကြီးဟောင်းဦးဘိုဘိုမောင်ရဲ့မိသားစုနဲ့နီးစပ်သူတဦးကပြောပါတယ်။ ကရင်ပြည်နယ် လူမှုရေးဝန်ကြီး ဦးဘိုဘိုဝေမောင် အပါအဝင် လူ၀င်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဌာန ၀န်ကြီး ဦးမင်းကိုခိုင် ၊ ပအိုဝ်းတိုင်းရင်းသားရေးရာဝန်ကြီး ခွန်မျိုးတင့် တို့ ပြန်လွတ်လာတာဖြစ်ပါတယ်။ အဲ့ဒီဝန်ကြီး ၃ ယောက်ကို ပြီးခဲ့တဲ့ ၂၀၂၁ ဖေဖော်ဝါရီလနောက်ပိုင်းမှာ ဖမ်းဆီးခံခဲ့ရတာဖြစ်​ပြီး အဲ့ဒီနောက် ၅၀၅ ( ခ) နဲ့တရားစွဲကာ ထောင် ၂ နှစ်ချမှတ်ခံခဲ့ရတာဖြစ်တယ်လို့ သိရပါတယ်။ NLD ပါတီဝင်တွေနဲ့ ဝန်ကြီးတွေ အများအပြား ဖမ်းဆီးခံခဲ့ရသလို…

Read More

နောင်ချိုက တိုက်ပွဲရှောင်စခန်းတွေမှာ ၅နှစ်အောက် ကလေးတွေ တုပ်ကွေးရောဂါဖြစ်နေပြီး ကုသဖို့ ဆေးမရှိ ဖြစ်နေ

စက်တင်ဘာ ၁ -၂၀၂၂ SP(VOM) ရှမ်းပြည်နယ်မြောက်ပိုင်း ၊ ဒိုးပင်ကျေးရွာ ၊ ဒိုးပင်ဘုန်းကြီးကျောင်းနဲ့ ဟိုခိုကျေးရွာ၊ ကုလားကွဲကျေးရွာတွေမှာ လာရောက်ခိုလှုံနေတဲ့ တိုက်ပွဲရှောင်တွေထဲက ၅နှစ်အောက် ကလေး အယောက် ၃၀ ကျော်ဟာ ရာသီပေါ် တုပ်ကွေးရောဂါဖြစ်ပွားနေပြီး ကုသဖို့အတွက် ဆေးနဲ့ ဆေးပစ္စည်းတွေ မရှိတာကြောင့် အခက်အခဲတွေ့နေရတယ်လို့ နောင်ချိုဒေသခံ လူမှုကူညီရေးအဖွဲ့တွေဆီက သိရပါတယ်။ ” ဖျားနာနေတဲ့ ကလေးပေါင်း ၅ နှစ်အောက် ၃၀ ကျော်ရှိတယ် ၊ သက်ကြီးပိုင်း လူနာနဲ့ဆို ၅၀ ကျော်မယ် ၊ ပြီးခဲ့တဲ့ရက်ပိုင်း မိုးအဆက်မပြတ်ရွာပြီးနောက် ကလေးတွေ စပြီးဖျားနာကုန်ကြတာ ၊ သူနာပြု ဆရာမ တယောက်နဲ့ အကူ ၂ ယောက်ရှိတယ် ၊ ဆေးနဲ့ ဆေးပစ္စည်း မရှိတော့ သူတို့လည်း ဘာမှ ဆက်လုပ်မပေးနိုင်ဘူး “လို့…

Read More
VOM News

FREE
VIEW