မလေးရှား၀န်ကြီးချုပ်ဟောင်းကတော် လာဘ်ပေးလာဘ်ယူမှု အပြစ်ရှိကြောင်း တွေ့ရှိ ၊ ထောင်နှစ် ၂၀ ထိကျခံရနိုင်

ကွာလာလမ်ပူ၊ စက်တင်ဘာ-၁-၂၀၂၂
မျိုးဆက်(VOM)

မလေးရှား၀န်ကြီးချုပ်ဟောင်း နာဂျစ်ရာဇတ်ရဲ့ ဇနီးဖြစ်သူဟာ လာဘ်ပေးလာဘ်ယူမှုနဲ့ ပတ်သက်ပြီး အပြစ်ရှိကြောင်း တရားရုံးက ဆုံးဖြတ်လိုက်ပါတယ်။

၀န်ကြီးချုပ်ဟောင်းကတော်ဖြစ်သူ Rosmah Mansor ဟာ ဆိုလာစွမ်းအင်စီမံကိန်းတခုနဲ့ဆက်စပ်ပြီး လာဘ်ငွေ ဒေါ်လာ ၄၃ သန်းရယူခဲ့ကြောင်း စွဲချက်သုံးခုအတွက် အပြစ်မရှိဘူးလို့ ယခင်က ငြင်းဆိုခဲ့ပါတယ်။

ဒါပေမယ့် အထူးတရားရုံး တရားသူကြီးကတော့ ၀န်ကြီးဟောင်းကတော်ဟာ ဒီစွဲချက်တွေနဲ့ပတ်သက်ပြီး အပြစ်ရှိကြောင်း စက်တင်ဘာ ၁ ရက်မှာ ဆုံးဖြတ်ခဲ့ပါတယ်။

ခင်ပွန်းဖြစ်သူ ၀န်ကြီးချုပ်ဟောင်နာဂျစ်ဟာ အကျင့်ပျက်ချစားမှုကြောင့် ထောင် ၁၂ နှစ်ကျခံရပြီး ရက်ပိုင်းအတွင်း သူမနဲ့ပတ်သက်ပြီး စီရင်ချက်ထွက်ပေါ်လာတာဖြစ်ပါတယ်။

သူမအပေါ်စွဲချက်တွေဟာ ထောင်ဒဏ်နှစ် ၂၀ ထိချမှတ်နိုင်ပြီး လာဘ်ပေးလာဘ်ယူငွေပမာဏရဲ့ ငါးဆထိ ဒဏ်ငွေပေးဆောင်ရမှာဖြစ်ပါတယ်။

အသက် ၇၀ အရွယ်သူမဟာ ဇိမ်ခံပစ္စည်းနဲ့ လက်၀တ်ရတနာတွေ အလွန်နှစ်သက်ပြီး ၀ယ်ယူမှုတွေကြောင့် ထင်ရှားသူဖြစ်ပါတယ်။

လက်ရှိမှာတရားရုံးက စီရင်ချချက်လိုက်ပေမယ့် သူရဲ့တရားရေးအဖွဲ့က အချိန်ကြာမြင့်မယ့် အယူခံ၀င်တဲ့လုပ်ငန်းစဉ် စတင်မှာဖြစ်တဲ့အတွက် ဘယ်အချိန်မှာ ထောင်ဒဏ်ချမှတ်ခံရမယ်ဆိုတာ ရှင်းလင်းစွာ မသိရသေးပါဘူး။

Ref: BBC
Photo:Getty Images
#voiceofmyanmar #VOM #ကွာလာလမ်ပူ

Related posts

Leave a Comment

VOM News

FREE
VIEW