အမေရိကန်မှာနေသူတွေရဲ့ ပျှမ်းမျှလူ့သက်တမ်း အနိမ့်ဆုံးအဆင့်ထိ ကျဆင်း

ဝါရှင်တန်၊ စက်တင်ဘာ-၁-၂၀၂၂
မျိုးဆက်(VOM)

အမေရိကန်မှာ နေထိုင်သူတွေရဲ့ ပျှမ်းမျှသက်တမ်းဟာ ကိုဗစ်-၁၉ ရောဂါကူးစက်မှုတွေကြောင့် အကြီးအကျယ် ကျဆင်းသွားပြီး ၁၉၉၆ ခုနှစ်နောက်ပိုင်း အနိမ့်ဆုံးအဆင့်ထိ ကျဆင်းနေပါတယ်။

သူတို့ရဲ့ လူ့သက်တမ်းဟာ ၂၀၁၉ ခုနှစ်မှာရှိခဲ့တဲ့ ပျှမ်းမျှ ၇၉ နှစ်နဲ့နှိုင်းယှဉ်ပါက လက်ရှိမှာ ၇၆ ဒသမ ၁ နှစ်သာရှိနေပြီး ရာစုနှစ်အတွင်း နှစ်နှစ်ဆက်တိုက် အဆိုးရွားဆုံး ကျဆင်းမှုဖြစ်ကြောင်း အစိုးရကထုတ်ပြန်တဲ့ အချက်အလက်တွေမှာ ဖော်ပြထားပါတယ်။

ဒီလိုသက်တမ်းတိုရခြင်းရခြင်းရဲ့ အကြောင်းရင်းတွေထဲမှာ ကိုဗစ်-၁၉ ရောဂါကူးစက်မှုဟာလည်း အဓိက ပါ၀င်နေကြောင်း ရောဂါထိန်းချုပ်ရေးနဲ့ ကာကွယ်တားဆီးရေးဌာနရဲ့ သြဂုတ် ၃၁ ရက်ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အမေရိကန်ဌာနေတိုင်းရင်းသားတွေရဲ့ သက်တမ်းဟာလည်း ယခင်ကထက် နှစ်နှစ်ကျဆင်းသွားပြီး ကြားဖြတ်လေ့လာမှုတွေအရ ၂၀၁၉ နဲ့ ၂၀၂၁ ခုနှစ်အကြား ၂ ဒသမ ၇ ထိ ကျဆင်းသွားပါတယ်။

အမေရိကန်ပြည်သူတွေရဲ့ ပျှမ်းမျှသက်တမ်းကျဆင်းမှုဟာ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ၂၀၂၀ နဲ့ ၂၀၂၁ ခုနှစ်အတွင်း၌ ၅၀ ရာခိုင်နှုန်းရှိပြီး ၂၀၁၉ နဲ့ ၂၀၂၀ ပြည့်နှစ်မှာ ၇၄ ရာခိုင်နှုန်းထိရှိခဲ့ကြောင်း အစိုးရရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

Ref: BBC
Photo:Getty Images
#voiceofmyanmar #VOM #ဝါရှင်တန်

Related posts

Leave a Comment

VOM News

FREE
VIEW