ငွေကြေးဈေးကွက်မတည်ငြိမ်လို့ ပိုင်ဆိုင်မှုခိုင်မာတဲ့ အိမ်၊ခြံ၊မြေအပေါ် ရင်းနှီးမြှုပ်နှံလာကြ

အောက်တိုဘာ ၁ -၂၀၂၂ Voice Of Myanmar(VOM) လက်ရှိ နိုင်ငံရေးအခြေအနေကြောင့် ငွေကြေးဈေးကွက်မှာ များစွာဂယက်ထနေပြီး ရင်းနှီးမြှုပ်နှံသူတွေက ခိုင်မာပြီး ပိုင်ဆိုင်မှုရှိတဲ့ အိမ်ခြံမြေဈေးကွက်အပေါ် ရင်းနှီးမြှုပ်နှံကာ ပိုင်ဆိုင်မှုစာရွက်ကိုင်ထားတဲ့အနေနဲ့ ပိုမိုရင်းနှီးမြှုပ်နှံမှုတွေ ပြုလုပ်လာတာကို တွေ့ရပါတယ်။ ပြည်တွင်းမှာ လက်ရှိဖြစ်ပေါ်နေတဲ့ ငွေကြေး မတည်ငြိမ်မှုဟာ အကြီးစားရိုက်ခတ်မှုသဘောဖြစ်နေတာကြောင့် ငွေကြေးဖောင်းပွမှုကို အနည်းဆုံး ထိန်းထားနိုင်တဲ့ အိမ်၊ခြံ၊မြေအပေါ် ရင်းနှီးမြှုပ်နှံမှု ပိုမိုပြုလုပ်လာတဲ့အတွက် အိမ်ခြံမြေဈေးတွေလည်း အတက်ဘက်ကို သွားနေတယ်လို့ အိမ်၊ခြံ၊မြေလုပ်ငန်းရှင်တွေက မှတ်ချက်ပြုပြောကြပါတယ်။ “ငွေကြေးဖောင်းပွမှု အနည်းဆုံးထိန်းထားနိုင်တာအတွက် အိမ်ခြံမြေကို အလုံးအရင်းလိုက် ရင်းနှီးမြှုပ်နှံကြတယ်။ ဈေးတွေတက်တယ်ဆိုတာကတော့ မဟုတ်ဘူး။ တိုင်းရေးပြည်ရေးက အတိုင်းအတာတစ်ခုအထိ မကောင်းတဲ့အခါကျတော့ ငွေကြေးက ဖောင်းပွနေတယ်။ တိုင်းပြည်အရေးကောင်းလို့ ငွေကြေးဖောင်းပွတာက ပြဿနာမရှိဘူး။ ပုံမှန်အားဖြင့်မဟုတ်ဘဲ စီးပွားရေးပျက်ကပ်ဖြစ်တဲ့အခါကျတော့ ဈေးကို အမြင့်ကြီးပေးပြီး ဝယ်နိုင်တဲ့အနေအထားမရှိဘူး။ ခိုင်မာမှုတစ်ခုတည်းနဲ့ ရင်းနှီးမြှုပ်နှံမှု လုပ်ကြတဲ့အတွက် ဝယ်လိုအားထက် ရောင်းလိုအား…

Read More

မြောက်ကိုရီးယားက နျူလက်နက်သုံးရင် ကြီးလေးပြတ်သားတဲ့ တုံ့ပြန်မှုရင်ဆိုင်ရမယ်လို့ တောင်ကိုရီးယား သတိပေး

ဆိုးလ်၊ အောက်တိုဘာ-၁-၂၀၂၂ မျိုးဆက်(VOM) မြောက်ကိုရီးယားရဲ့ ရန်စမှုတွေနဲ့ ခြိမ်းခြောက်မှုတွေကို ကိုယ်တွယ်ဖြေရှင်းရေးအတွက် အမေရိကန်နဲ့ မဟာမိတ်ပူးပေါင်းဆောင်ရွက်မှုကို အားကောင်းဖို့လုပ်ဆောင်သွားမယ်လို့ တောင်ကိုရီးယားသမ္မတ ယွန်းဆွတ်ခ်ယိုးလ်က အောက်တိုဘာ ၁ ရက်က ပြောပါတယ်။ တကယ်လို့ မြောက်ကိုရီးယားက နျူကလီးယားလက်နက်သုံးလာမယ်ဆိုရင် တောင်ကိုရီးယားနဲ့ အမေရိကန်တို့ဆီကနေ ပြတ်သားပြီး ကြီးမားတဲ့တုံ့ပြန်မှုကို ရင်ဆိုင်ရလိမ့်မယ်လို့ သူက သတိပေးပြောဆိုပါတယ်။ အောက်တိုဘာ ၁ ရက်မှာ ကျရောက်တဲ့ တောင်ကိုရီးယားတပ်မတော်နေ့ အထိမ်းအမှတ်အခမ်းအနားကို နိုင်ငံတောင်ပိုင်းရှိ စစ်ဌာနချုပ်၌ပြုလုပ်ရာမှာ ပြုလုပ်ရာမှာ သမ္မတ ယွန်းဆွတ်ခ်ယိုးလ်က အခုလို ပြောဆိုလိုက်တာဖြစ်ပါတယ်။ နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ဆန့်ကျင်မှုတွေရှိနေပေမယ့်လည်း မြောက်ကိုရီးယားဟာ သူ့ရဲ့ နျူကလီးယားလက်နက်နဲ့ ဒုံးပျံစမ်းသပ် ထုတ်လုပ်တာတွေကိုကို မစွန့်လွှတ်သေးကြောင်း တောင်ကိုရီးယား သမ္မတက ပြောပါတယ်။ ကိုရီးယားကျွန်းဆွယ်မှာ စစ်မှန်တဲ့ငြိမ်းချမ်းရေးနဲ့ သာယာဝပြောရေးအတွက် နျူကလီးယားဖျက်သိမ်းရေး ဆုံးဖြတ်ချက်ကို မြောက်ကိုရီးယားက ချမှတ်သင့်ကြောင်း တောင်ကိုရီးယားသမ္မတ ယွန်းဆွတ်ခ်ယိုးလ်က ပြောပါတယ်။ Ref:…

Read More

တာချီလိတ်-ကျိုင်းတုံကားလမ်းမှာ ကား ၁ စီး ချောင်းထဲပြုတ်ကျပြီး ကလေးငယ် ၁ ဦးအပါအဝင် ၄ ဦးသေဆုံး ၊ ၂ ဦး ဒဏ်ရာရ

အောက်တိုဘာ ၁ ၊ ၂၀၂၂ SP(VOM) ရှမ်းပြည်နယ် အရှေ့ပိုင်း ၊ တာချီလိတ်ခရိုင် ၊ တာလေမြို့ ၊ နားယောင်းအုပ်စု ၊ ပါးခါးနွဲ့ကျေးရွာအနီး ကျိုင်းတုံ-တာချီလိတ် ကားလမ်းဘေးက ချောင်းထဲမှာ ဒီကနေ့မနက်ပိုင်းက အိမ်စီးကား၁စီး ပြုတ်ကျပြီး ကားပေါ်ပါ လူတချို့သေဆုံးခဲ့တယ်လို့ ဒေသခံ လူမှုကူညီရေးအဖွဲ့တွေဆီက သိရပါတယ်။ ” ဒီမနက် ၆ နာရီဝန်းကျင်မှာဖြစ်တာပါ ၊ ဖြစ်တဲ့နေရာက တာချီလိတ် ကျိုင်းတုံကြား ကီလိုမီတာ ၇၃၇ နဲ့ ၇၃၈ နားက နမ်းမချောင်းထဲမှာ ဖြစ်တယ် ၊ အိမ်စီး ဗီဂိုးကားတစီး အရှိန်မထိန်းနိုင်ဘဲ ချောင်းထဲပြုတ်ကျတာ ၊ ကားပေါ်မှာ လူ ၆ ယောက်ပါတယ် ၊ အဲ့ဒီထဲက ကလေး ၁ ယောက်နဲ့ လူကြီး ၃ ယောက်က နေရာမှာတင်…

Read More

ဘာကီနာဖာဆို စစ်အာဏာသိမ်းခေါင်းဆောင်ကို စစ်တပ်ကဖြုတ်ချပြီး အာဏာသိမ်းမှုဖြစ်ပွား

အူဂါဒူဂူ၊ အောက်တိုဘာ-၁-၂၀၂၂ မျိုးဆက်(VOM) ဘာကီနာဖာဆိုနိုင်ငံမှာ စစ်အာဏာသိမ်းခေါင်ဆောင် ပေါလ်ဟင်နရီအမ်မီဘာကို ဖြုတ်ချပြီဖြစ်ကြောင်း စစ်တပ်တာ၀န်ရှိသူတဦးက စက်တင်ဘာ ၃၀ ရက်မှာ နိုင်ငံပိုင်ရုပ်မြင်သံကြားကနေ ကြေညာလိုက်ပါတယ်။ အာဏာသိမ်းခေါင်းဆောင်ဖြစ်သူ ဒမ်မီဘာဟာ အစ္စလာမ္မစ်စစ်သွေးကြွသူတွေရဲ့ သူပုန်ထမှုကို ကိုင်တွယ်ဖြေရှင်းနိုင်ခြင်းမရှိတာကြောင့် အခုလိုဖြုတ်ချလိုက်တာဖြစ်ကြောင်း ကြည်းတပ်ဗိုလ် အီဘရာဟင်တိုယာအိုရေးက ပြောပါတယ်။ လက်ရှိမှာတော့ နိုင်ငံနယ်စပ်တွေအားလုံးကို ပိတ်ထားပြီး နိုင်ငံရေးလှုပ်ရှားမှုမှန်သမျှကို ပိတ်ပင်တားမြစ်ထားတယ်လို့ နိုင်ငံပိုင်ရုပ်မြင်သံကြားကတဆင့် သူက ကြေညာပါတယ်။ ယခင်အာဏာသိမ်းခေါင်းဆောင် ဒမ်မီဘာကလည်း ဘာကီနာဖာဆိုအစိုးရဟာ အစ္စလာမ္မစ်စစ်သွေးကြွ တွေကို တိုက်ထုတ်နိုင်ဖို့ စွမ်းဆောင်နိုင်ခြင်းမရှိဘူးလို့ အကြောင်းပြကာ ရွေးကောက်ခံအစိုးရကို ဇန်နဝါရီလအတွင်းက ဖြုတ်ချပြီး အာဏာသိမ်းခဲ့တာဖြစ်ပါတယ်။ သူအုပ်ချုပ်စဉ်အချိန်မှာလည်း အစ္စလာမ္မစ်စစ်သွေးကြွတွေရဲ့ အကြမ်းဖက်မှုတွေကို ချေမှုန်းနိုင်ခြင်းမရှိခဲဘဲ ယခုသူအာဏာသိမ်းခံခဲ့ရချိန်မှာလည်း ဒီအကြောင်းပြချက်ကြောင့် အသိမ်းခံလိုက်ရတာဖြစ်ပါတယ်။ Ref: BBC #voiceofmyanmar #VOM #ဘာကီနာဖာဆို

Read More

မြန်မာနိုင်ငံကို တရားမဝင်တင်ပို့မယ့် ထိန်းချုပ် ဓာတုပစ္စည်းတွေကို မီဇိုရမ် ရဲက ဖမ်းဆီး

အောက်တိုဘာ ၁ ၊ ၂၀၂၂ SP(VOM) မြန်မာနိုင်ငံဘက်ကို တရားမဝင် တင်ပို့မယ့် မီးလောင်ပေါက်ကွဲစေနိုင်တဲ့ ထိန်းချုပ်ဓာတုပစ္စည်းတွေကို မီဇိုရမ်ပြည်နယ်ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်တယ်လို့ မနေ့ စက်တင်ဘာ ၃၀ ရက်မှာ မီဇိုရမ်ပြည်နယ်ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားတာကို တွေ့ရပါတယ်။ အဲ့ဒီ ထိန်းချုပ် ဓာတုပစ္စည်း ဖြစ်တဲ့ Acetone (အိုင်ဆိုတုန်း)ပေပါ ၄၃ လုံး၊ ၆၈၈၀ လီတာကို အိန္ဒိယနိုင်ငံ ၊ မီဇိုရမ်ပြည်နယ် ၊ Chalbawiha Junction Khankawn Police Check ဂိတ်မှာ ပြီးခဲ့တဲ့ စက်တင်ဘာ ၂၉ ရက်နေ့ညက အိန္ဒိယနိုင်ငံသား ၂ ဦးမောင်းနှင်လာတဲ့ကားပေါ်ကနေ ဖမ်းဆီးမိတာလို့ အဲ့ဒီ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ နေပြည်တော်အခြေစိုက် မြန်မာနိုင်ငံမူးယစ်ဆေးဝါး တိုက်ဖျက်ရေးနဲ့ အရေးကြီး ကြီးကြပ်ကန့်သတ် ၊ ဓာတုပစ္စည်း ကာကွယ်ထိန်းချုပ်ရေး ဗဟိုဌာနချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူတဦးက…

Read More
VOM News

FREE
VIEW