နယူးမြောက်မြို့ကို ဒုက္ခသည်အများအပြား ၀င်ရောက်လာမှုကြောင့် အရေးပေါ်အခြေအနေ ကြေညာ

ဝါရှင်တန်၊ အောက်တိုဘာ-၈-၂၀၂၂ မျိုးဆက်(VOM) အမေရိကန်နိုင်ငံ နယူးယောက်မြို့ကို ရွှေ့ပြောင်းဒုက္ခသည်အများအပြား ၀င်ရောက်လာမှုကြောင့် မြို့တော်၀န်အဲရစ်အဒမ်စ်က အောက်တိုဘာ ၇ ရက်မှာ အရေးပေါ်အခြေအနေကြေညာလိုက်ပါတယ်။ လွန်ခဲ့တဲ့ ဧပြီလကတည်းက နယူးယောက်မြို့သို့ နိုင်ငံတောင်ပိုင်းနယ်စပ်မှတဆင့် ရွှေ့ပြောင်းဒုက္ခသည်တွေ ၀င်ရောက်မှုဟာ ၁၇၀၀၀ ကျော်ထိရှိခဲ့ပါတယ်။ ဒီလိုဒုက္ခသည်တွေ မြို့ကို၀င်ရောက်လာမှုကြောင့် ယခုဘဏ္ဍာရေးနှစ်အတွင်း ဒေါ်လာ ၁ ဘီလီယံကုန်ကျဖွယ်ရှိနေပြီး ဖက်ဒရယ်နဲ့ ပြည်နယ်အစိုးရ ရန်ပုံငွေတောင်းခံထားရပါတယ်။ စက်တင်ဘာလမှစပြီး ဒုက္ခသည်တွေတင်ဆောင်လာတဲ့ ဘတ်စ်ကား တစ်နေ့ကို ငါးစီးကနေ ခြောက်စီးအထိ နယူးယောက်မြို့ကို ရောက်ရှိခဲ့ကြောင်း မြို့တော်၀န် အဲရစ်အဒမ်စ်က အောက်တိုဘာ ၇ ရက်မှာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။ မြို့မှာ စီစဉ်ပေးထားတဲ့ ယာယီစခန်းတွေထဲမှာ နေထိုင်သူတွေထဲက ငါးဦးမှာ တဦးကတော့ လက်ရှိမှာ ခိုလှုံခွင့်တောင်းခံထားသူတွေဖြစ်ကြောင်း၊ ရောက်ရှိလာသူအများစုဟာ ကျောင်းနေအရွယ်ကလေးတွေပါတဲ့ မိသားစုတွေဖြစ်ပြီး ကျန်းမာရေးစောင့်ရှောက်မှု လွန်စွာလိုအပ်နေကြောင်း မြို့တော်၀န်ကပြောပါတယ်။ တက္ကဆက်၊ အရီဇိုးနားနဲ့ဖလော်ရီဒါကဲ့သို့…

Read More

အင်းတော် စစ်ဆေးရေးဂိတ်မှာ ကျောက်စိမ်းအရိုင်းတုံး တန် ၅၀ ကျော် ဖမ်းမိ

အောက်တိုဘာ ၈ ၊ ၂၀၂၂ SP (VOM) စစ်ကိုင်းတိုင်း ၊ ကသာခရိုင် ၊ အင်းတော်မြို့ ၊ အောင်မေတ္တာရပ်ကွက် ၊ ရွှေဘို- မြစ်ကြီးနား ကားလမ်း ၊ ပူးပေါင်း စစ်ဆေးရေးဂိတ်မှာ မနေ့ အောက်တိုဘာ ၇ ရက် ၊ ညနေပိုင်းက တရားမဝင် သယ်ဆောင်လာတဲ့ ကျောက်စိမ်းအရိုင်းတုံး တန် ၅၀ ကျော် ဖမ်းမိတယ်လို့ အင်းတော်မြို့ခံတွေဆီက သိရပါတယ်။ ” မနေ့က ညနေ ၅ နာရီဝန်းကျင်မှာ ဖမ်းမိတာပါ ၊ မြစ်ကြီးနားဘက်ကနေ ရွှေဘိုမြို့ဘက်ကိုမောင်းလာတဲ့ KBS ဆောက်လုပ်ရေးကုမ္မဏီပိုင် ၊ ဘိလပ်မြေသယ်တဲ့ ကား ၃ စီးပေါ်ကနေ ကျောက်စိမ်းတုံး တန် ၅၀ ကျော် ဖမ်းမိတာဖြစ်တယ်”လို့ ပူးပေါင်းစစ်ဆေးရေးဂိတ်နဲ့ နီးစပ်သူတယောက်က ပြောပါတယ်။ ဒါ့အပြင်…

Read More

ဧရာဝတီတိုင်းမှာ ၉ လအတွင်း အဆောက်အဦ ၃၀ ကျော် မီးရှို့ခံခဲ့ရ

အောက်တိုဘာ၊ ၈-၂၀၂၂ မင်းမြတ်(VOM) ဧရာဝတီတိုင်းထဲမှာ ယခုနှစ် ၉ လအတွင်း မီးရှို့ခံရတာကြောင့် အဆောက်အဦး အလုံး ၃၀ ကျော်ပျက်စီးဆုံးရှုံးခဲ့ရတယ်လို့ ဒေသခံတွေနဲ့ ပရဟိတအဖွဲ့တွေဆီကနေ သိရပါတယ် ။ အဆောက်အဦး ၃၀ ကျော်ဟာ ယခုနှစ် ဇန်နဝါရီလကနေ ပြီးခဲ့တဲ့ စက်တင်ဘာလကုန်အထိ ၉ လအတွင်းမှာ မီးရှို့ခံခဲ့ရတာဖြစ်ပြီး ဒေသခံတွေက သူတို့ရဲ့မိသားစုနေအိမ်တွေ မီးရှို့ခံရတာကြောင့် စိတ်ထိခိုက်ခံစားရတဲ့အထိ ဖြစ်နေတယ်လို့သိရပါတယ် ။ ”မီးရှို့ခံရတာကြောင့် ဆုံးရှုံးခဲ့ရတာတွေမနည်းရှိခဲ့တယ် ၊ လူတွေတော့ သေဆုံးခဲ့တာမရှိပါဘူး ၊ ဘယ်သူတွေရှို့ တယ်ဆိုတာလည်း ဒီကနေ့အထိ လက်သည် မပေါ်သေးဘူး ၊ နေအိမ်တွေ မီးရှို့ခံရတာကြောင့် စိတ်ထိခိုက်တဲ့အထိတောင် ဖြစ်သွားခဲ့တာတွေ့ရှိခဲ့တယ်။”လို့ အမည်မဖော်လိုတဲ့သူတဦးကပြောပါတယ်။ မီးရှို့ခံရတာကြောင့် ပျက်စီးဆုံးရှုံးခဲ့ရတဲ့ အဆောက်အဦတွေထဲမှာ ဒေသခံတွေရဲ့ နေအိမ် အလုံး ၂၀ လောက်ဖြစ်ပြီး စာသင်ကျောင်းနဲ့ အခြား အဆောက်အဦတွေက…

Read More

လွမ်းစရာ ကြည့်ချင်ပွဲ

ဆူးငှက် ကျွန်တော်တို့ ငယ်ငယ်က ဒ်ီလိုရာသီဆိုလျှင် မန္တလေးတစ်မြို့လုံး ဆိုင်းသံဗုံသံ ညံနေကြပြီ။ တစ်နေရာမဟုတ် တစ်နေရာမှာ ဓမ္မာရုံ ဘုရားပွဲ၊ ဒါမှမဟုတ် ရပ်ကွက်သံဃဒါန ဆွမ်းလောင်းသင်းအောင်ပွဲအနေနဲ့ အနည်းဆုံးခြင်းဝိုင်းနဲ့ ထိုင်ဆိုမြန်မာတီးဝိုင်းလေး တစ်ဝိုင်းတာ့ ပါနေတာပါပဲ။ ဟော မြို့စွန်းအဖျား တချို့ရပ်ကွက်လေးတွေမှာတော့ ဇာတ်မငှားနိုင်၊ အငြိမ့်မငှားနိုင်၊ တီးဝိုင်းမငှားနိုင်တော့ ဆိုကြမယ်၊ပျော်ကြမယ် စီဒီအိုကေ ဖျော်ဖြေရေးအစီအစဉ်တဲ့လေ။ ဓမ္မာရုံရှေ့စင်ကလေးထိုး၊ ရပ်ကွက်ထဲက စီဒီအိုကေစက် မလာကြပြီး အခန်းအောင်းရွက်ပုန်းသီး စီဒီအိုကေ ပွဲတိုင်းကျော်တွေ အစွမ်းပြကြတော့တာပဲ။ အရင်တုန်းက မန္တလေးမှာ အငြိမ့်အဖွဲ့ပေါင်း နှစ်ဆယ်ကျော် အစိတ်နဲ့ ပွဲမိန့်မခက်ခဲ၊ အငြိမ့်ကြေး ဒီလောက်မမြင့်သေးတဲ့ လုပ်ငန်း ကိုင်ငန်းကောင်းချိန်အခါကဆိုရင် မင်္ဂလာဆောင် အောင်ပွဲလည်း အငြိမ့် ၊ အလှူအောင်ပွဲလည်း အငြိမ့်၊ ဘုန်းကြီးပျံမှာလည်း သုံးရက်သုံးလီ ပွဲကြည့်ပြီးကြလို့ အားမရနိုင်သေးတော့ အရိုးကောက်ဆိုပြီး ပွဲခံကြသေး။ ရပ်ကွက် ဘောလုံးအသင်းနိုင်လို့ ပွဲထည့်၊…

Read More
VOM News

FREE
VIEW