နိုင်ဂျီးရီးယားမှာ ဆယ်စုနှစ်အတွင်း အဆိုးရွားဆုံးရေဘေး သေဆုံးသူ ၆၀၀ ကျော်ရှိလာ

အဘူဂျာ၊ အောက်တိုဘာ-၁၇-၂၀၂၂
မျိုးဆက်(VOM)

နိုင်ဂျီးရီးယားနိုင်ငံမှာ မကြာသေးမီကဖြစ်ပွားခဲ့တဲ့ ရေကြီးရေလျှံမှုများကြောင့် သေဆုံးသူဦးရေ ၆၀၀ ကျော်ထိရှိလာကြောင်း နိုင်ဂျီးရီးယား သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေးအေဂျင်စီက အောက်တိုဘာ ၁၆ ရက်မှာ ပြောပါတယ်။

ရေကြီးရေလျှံမှုနဲ့ပတ်သက်ပြီး သတိပေးချက်တွေ ထုတ်ပြန်ခဲ့ပေမယ့်လည်း ပြည်နယ်အများအပြားမှာ ကောင်းစွာကြိုတင်ပြင်ဆင်မှုမရှိခဲ့ကြောင်း သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေးအေဂျင်စီရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဆယ်စုနှစ်အတွင်း အဆိုးရွားဆုံးဖြစ်ပွားခဲ့တဲ့ ရေဘေးကြောင့် ပြည်သူ ၁ ဒသမ ၃ သန်း အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရပြီး အိမ်ခြေနှစ်သိန်းကျော် ပျက်စီးခဲ့ရပါတယ်။

ရေကြီးရေလျှံမှုတွေဟာ နို၀င်ဘာလကုန်ထိ ဆက်လက်ဖြစ်ပွားနေဖွယ်ရှိကြောင်း တာ၀န်ရှိသူတွေက ပြောပါတယ်။

နိုင်ဂျီးရီးယားနိုင်ငံမှာ ရာသီအလိုက်ရေကြီးရေလျှံမှုတွေ ဖြစ်ပွားလေ့ရှိပေမယ့် ယခုနှစ်မှာ ပုံမှန်ထက် သိသိသာသာ ပိုမိုဆိုးရွားခဲ့ပြီး ပုံမှန်မဟုတ်တဲ့ မိုးရွာသွန်းခြင်းနဲ့ ရာသီဥတုဖောက်ပြန်ခြင်းတို့ကြောင့်လို့ နိုင်ဂျီးရီးယားအစိုးရက ပြောပါတယ်။

ရေဘေးနဲ့ပတ်သက်ပြီး ကြိုတင်ပြင်ဆင်မှု အစီအမံတွေအားနည်းမှုနဲ့ အခြေခံအဆောက်အအုံတွေ အရည်အသွေးညံ့ဖျင်းမှုကြောင့် ပျက်စီးဆုံးရှုံးမှုတွေ ပိုမိုဖြစ်ပေါ်စေခဲ့ကြောင်း ကျွမ်းကျင်သူတွေကပြောပါတယ်။

Ref: BBC
#voiceofmyanmar #VOM #အဘူဂျာ

Related posts

Leave a Comment

VOM News

FREE
VIEW