မိုးကောင်းမှာ ဆရာတော် ၁ ပါး ပစ်သတ်ခံရ

အောက်တိုဘာ ၁၇ ၊ ၂၀၂၂
SP( VOM)

ကချင်ပြည်နယ် ၊ မိုးကောင်းမြို့နယ် ၊ ရေရှင်လေးမိုင် ၊ သဒ္ဓမ္မပါလ ဘုန်းကြီးကျောင်းမှာ သီတင်းသုံးနေထိုင်တဲ့ ဗုဒ္ဓဘာသာတောင်တန်းဒေသ သာသနာ့ပြု့ ဆရာတော် ၁ပါးဟာ မနေ့ အောက်တိုဘာ ၁၆ ရက် ၊ ည ၈ နာရီဝန်းကျင်က ကျောင်းထဲမှာတင် ပစ်သတ်ခံရတယ်လို့ မိုယ်းကောင်းမြို့ခံ လူမှုကူညီရေးအဖွဲ့တွေဆီက သိရပါတယ်။

” မနေ့ကည ၇ နာရီခွဲ ၈ နာရီဝန်းကျင်မှာ ဖြစ်သွားတာပါ ၊ အမည်မသိ လက်နက်ကိုင် လူ ၁၀ ယောက်ခန့်် ကျောင်းထဲကိုဝင်လာပြီး ၊ မဆိုင်သူတွေ ခေါင်းငုံ့ထားကြဆိုပြီး ကျောင်းပေါ်တက်ကာ ဆရာတော်ကို ပစ်သတ်သွားတာဖြစ်တယ် “လို့ ဒေသခံ ပရဟိတသမားတယောက်က ပြောပါတယ်။

အဲ့ဒီပစ်ခတ်မှုကြောင့် ဆရာတော် ဘဒ္ဒန္တ သီလာန သက်တော် ၅၇ ၊ ဝါတော် ၃၇ ဝါ ဟာ ကျည်ဆံဖောက်ဝင် ဒဏ်ရာ ၆ ချက်ရပြီး နေရာမှာတင် ပျံလွန်တော်မူသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

အဲ့ဒီ ဆရာတော် ပစ်သတ်ခံရတာနဲ့ ပတ်သက်ပြီး မိုယ်းကောင်းမြို့နယ်ရဲတပ်ဖွဲ့က မှုခင်းမှတ်တမ်းတွေရယူကာ စစ်ဆေးနေတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်း အောက်တိုဘာ ၁၃ ရက် မနက်ပိုင်းကလည်း စစ်ကိုင်းတိုင်း ၊ စစ်ကိုင်းမြို့နယ် ၊ ဆားတောင်မြို့၊ ညောင်ငုတ်တိုရပ်ကွက် ၊ ဘုန်းကြီးကျောင်းလမ်းပေါ်မှာ ဘုန်းကြီး ၁ ပါး ပစ်သတ် ၊ ခေါင်းဖြတ်ခံရပြီး ၊ဘုန်းကြီးကျောင်း ဆွမ်းခံကား လုယူခံရတဲ့ ဖြစ်စဥ်တခု ဖြစ်ပွားခဲ့ပါသေးတယ်။

#voiceofmyanmar #VOM #မိုးကောင်း #ဆရာတော်တပါးပစ်သတ်ခံရ

Related posts

Leave a Comment

VOM News

FREE
VIEW