ထိုင်၀မ်နဲ့ အချိန်တိုအတွင်းပေါင်းစည်းနိုင်ရေး တရုတ်ကြိုးပမ်းနေကြောင်း အမေရိကန်သတိပေး

ဝါရှင်တန်၊ အောက်တိုဘာ-၁၈-၂၀၂၂
မျိုးဆက်(VOM)

တရုတ်နိုင်ငံဟာ ယခင်ကမျှော်လင့်ထားတာထက် ပိုမိုမြန်ဆန်တဲ့ အချိန်အတွင်း ထိုင်၀မ်နဲ့ပေါင်းစည်းရေးကို ကြိုးပမ်းလုပ်ဆောင်နေကြောင်း အမေရိကန်နိုင်ငံခြားရေး၀န်ကြီး ဘလင်ကင်က အောက်တိုဘာ ၁၇ ရက်မှာ သတိပေးပြောဆိုလိုက်ပါတယ်။

ထိုင်၀မ်အရေးနဲ့ပတ်သက်ပြီး လက်ရှိ ပိုနေမြဲကျားနေမြဲအခြေအနေကို တရုတ်နိုင်ငံက လက်မခံဖို့ ဆုံးဖြတ်ထားကြောင်း အမေရိကန်နိုင်ငံခြားရေး၀န်ကြီးက ပြောပါတယ်။

ထိုင်၀မ်နဲ့ ပေါင်းစည်းရေးအတွက် စစ်ရေးအင်အားအသုံးပြုဖို့ကိစ္စကို စွန့်လွှတ်ခြင်းမရှိကြောင်း ပေကျင်းမှာ ကျင်းပတဲ့ ကွန်မြူနစ်ပါတီကွန်ဂရက် အဖွင့်မိန့်ခွန်းမှာ သမ္မတရှီကျင်းပင်က ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

ဒီလိုပေါင်းစည်းရေးကို ငြိမ်းချမ်းတဲ့နည်းလမ်းနဲ့ မအောင်မြင်ရင် အကျပ်ကိုင်တာနဲ့ အင်အားသုံးတာကို တရုတ်နိုင်ငံက အသုံးပြုလာနိုင်ပြီး ဒါဟာ လက်ရှိအနေအထားကို အကြီးအကျယ်အနှောက်အယှက်ဖြစ်စေပြီး တင်းမာမှုကြီးကြီးမားမား ဖြစ်ပေါ်စေကြောင်း ဘလင်ကင်က သတိပေးပြောဆိုပါတယ်။

အမေရိကန်ဟာ ထိုင်၀မ်နဲ့ ပတ်သက်တဲ့ ကတိက၀တ်တွေကို လေးစားပြီး ကျွန်းရဲ့ ခုခံနိုင်စွမ်းကို မြင့်တင်ပေးသွားမှာဖြစ်ကြောင်း သူကပြောပါတယ်။

တကယ်လို့ ထိုင်၀မ်ကို တရုတ်ကစစ်ရေးအရ တိုက်ခိုက်မှုပြုလုပ်လာမယ်ဆိုရင် ကာကွယ်ပေးသွားမှာဖြစ်ကြောင်း အမေရိကန်သမ္မတဂျိုးဘိုင်ဒင်က ပြီးခဲ့တဲ့လအတွင်းက ထုတ်ဖော်ပြောဆိုခဲ့ထားပါတယ်။

Ref: BBC
Photo:Getty Images
#voiceofmyanmar #VOM #ဝါရှင်တန်

Related posts

Leave a Comment

VOM News

FREE
VIEW