ပုသိမ်မှာ တရားမဝင်အဖွဲ့နဲ့ ပတ်သက်တယ်ဆိုပြီးလတ်တလော လူ ၂၀ ဝန်းကျင်ဖမ်းဆီးခံထားရ

အောက်တိုဘာ၊ ၁၈-၂၀၂၂ မင်းမြတ်(VOM) ပုသိမ်မြို့မှာ တရားမဝင်အဖွဲ့နဲ့ ဆက်စပ်တယ်ဆိုပြီး ပြင်ပဆေးခန်းဖွင့်ထားတဲ့ ဆရာဝန် ဆိုသူ အမျိုးအသား အပါအဝင် ၂ ရက်အတွင်း ပုသိမ်ဒေသခံ လူ ၂၀ ဝန်းကျင်ကို သက်ဆိုင်ရာက ဖမ်းဆီးခံထားတယ်လို့ ဒေသခံတွေ ဆီကနေ သိရပါတယ်။ ”မနေ့က အဖမ်းခံရတာက ၁၆ ယောက် ၊ တနေ့က ၄ ယောက်ဖမ်းခံရတာလို့ လို့သိရတယ် ၊ အဖမ်းခံရသူတွေကို ဘယ်ခေါ် သွားတာလဲတော့ မသိဘူး ၊ သတ်မှတ်ထားတဲ့ အကြမ်းဖက်အဖွဲ့အစည်းတွေနဲ့ ပတ်သက်တယ်ဆိုပြီး အဖမ်း ခံရတာ ၊ ညဘက်လာဖမ်းသွားတာ ။”လို့ အဖမ်းခံရသူတွေရဲ့ မိတ်ဆွေတဦးကပြောပါတယ်။ အဖမ်းခံရသူတွေထဲမှာ ပြင်ပဆေးခန်း ဖွင့်ထားတဲ့ ဆရာဝန် အမျိုးသား ၁ ယောက်နဲ့ ကြက်မွေးမြူရေး လုပ်ငန်း လုပ်ကိုင်သူ အမျိုးသား ၅ ယောက်…

Read More

မုံရွာ – မန္တလေးကားလမ်းမှာ ခရီးသည်တင်ကား ၂ စီး မိုင်းထိမှန် ၊ ခရီးသည် ၁၀ ဦးထက်မနည်း ဒဏ်ရာရ

အောက်တိုဘာ ၁၈ ၊ ၂၀၂၂ SP (VOM) စစ်ကိုင်းတိုင်း ၊ မုံရွာခရိုင် ၊ ချောင်းဦးမြို့နယ် ၊ အောင်ချမ်းသာကျေးရွာနဲ့ နတ်ရေကန်ကျေးရွာအနီး မုံရွာ -မန္တလေး ကားလမ်းမှာ မနေ့ အောက်တိုဘာ ၁၇ရက်က မိုင်းပေါက်ကွဲတာတွေ ဆက်တိုက်ဖြစ်ခဲ့ပြီး ခရီးသည်တင်ကား ၂ စီး မိုင်းထိမှန်ကာ ခရီးသည် ၁၀ ဦးထက်မနည်း မိုင်းစထိမှန် ဒဏ်ရာရခဲ့တယ်လို့ မုံရွာအဝေးပြေး ခရီးသည်တင် ယာဥ်ရပ်နားစခန်းဆီက သိရပါတယ်။ ” မနေ့က ညနေပိုင်း ၃ နာရီဝန်းကျင်မှာ မုံရွာ မန္တလေးကားလမ်း နတ်ရေကန်ရွာနားမှာ မိုင်းကွဲတယ် ၊ အဲ့ဒီ ပေါက်ကွဲမှုကြောင့် မုံရွာ မန္တလေး ခရီးသည်တင်ပြေးဆွဲနေတဲ့ ရွှေမဟာ ရွှေဇင်ယော် ကားအသင်းက ခရီးသည်တင်ကား ထိမှန်ပြီး ကားပေါ်ပါ ခရီးသည် ဦးအောင်မြင့်သောင်း မိုင်းစထိမှန် ဒဏ်ရာရတယ်။…

Read More

ဟားခါးမြို့နယ် ထွေ/အုပ်ရုံး နဲ့ မြို့နယ်စည်ပင်ရုံး မီးလောင်

အောက်တိုဘာ ၁၈ ၊ ၂၀၂၂ SP(VOM) ချင်းပြည်နယ် ၊ ဟားခါးမြို့ ၊ မြို့နယ်ထွေ / အုပ်ရုံးနဲ့ စည်ပင်ရုံးဟာ ဒီကနေ့မနက် ၂ နာရီဝန်းကျင်က မီးလောင်ခဲ့သွားတယ်လို့ ဟားခါးမြို့ခံတွေဆီက သိရပါတယ်။ ” ဒီမနက် ၁ နာရီဝန်းကျင်က ဟားခါးမြို့ပေါ်မှာ သေနတ်ပစ်သံတွေကြားရတယ် ၊ သေနတ်သံတွေကြားရပြီးနောက် မြို့နယ်စုပေါင်းရုံးဘက်မှာ မီးလောင်တာ”လို့ ဟားခါးမြို့ခံ တယောက်ကပြောပါတယ်။ ဟားခါးမြို့နယ် မီးသတ်တပ်ဖွဲ့ရုံး တာဝန်ရှိသူ တယောက်က ” မြို့နယ် ထွေ/အုပ်ရုံးနဲ့ မြို့နယ် စည်ပင်ရုံးကို မီးပုလင်းတွေ ပစ်ပေါက်ပြီး ရှို့သွားတာဖြစ်တယ် ၊ ရုံးဝန်ထမ်းတွေ ထိခိုက်ဒဏ်ရာရ တာမရှိပေမယ့် ရုံးအသုံးအဆောင်ပစ္စည်းတွေနဲ့ ရုံးအဆောက်အဦတွေ ပျက်စီးဆုံးရှုံးတယ် ၊ မီးငြိမ်းသတ်ချိန် ၁ နာရီကျော်ကြာတယ် “လို့ ပြောပါတယ်။ အဲ့ဒီ မြို့နယ် ထွေ/အုပ်ရုံးနဲ့ မြို့နယ်စည်ပင်ရုံး…

Read More

ထိုင်၀မ်နဲ့ အချိန်တိုအတွင်းပေါင်းစည်းနိုင်ရေး တရုတ်ကြိုးပမ်းနေကြောင်း အမေရိကန်သတိပေး

ဝါရှင်တန်၊ အောက်တိုဘာ-၁၈-၂၀၂၂ မျိုးဆက်(VOM) တရုတ်နိုင်ငံဟာ ယခင်ကမျှော်လင့်ထားတာထက် ပိုမိုမြန်ဆန်တဲ့ အချိန်အတွင်း ထိုင်၀မ်နဲ့ပေါင်းစည်းရေးကို ကြိုးပမ်းလုပ်ဆောင်နေကြောင်း အမေရိကန်နိုင်ငံခြားရေး၀န်ကြီး ဘလင်ကင်က အောက်တိုဘာ ၁၇ ရက်မှာ သတိပေးပြောဆိုလိုက်ပါတယ်။ ထိုင်၀မ်အရေးနဲ့ပတ်သက်ပြီး လက်ရှိ ပိုနေမြဲကျားနေမြဲအခြေအနေကို တရုတ်နိုင်ငံက လက်မခံဖို့ ဆုံးဖြတ်ထားကြောင်း အမေရိကန်နိုင်ငံခြားရေး၀န်ကြီးက ပြောပါတယ်။ ထိုင်၀မ်နဲ့ ပေါင်းစည်းရေးအတွက် စစ်ရေးအင်အားအသုံးပြုဖို့ကိစ္စကို စွန့်လွှတ်ခြင်းမရှိကြောင်း ပေကျင်းမှာ ကျင်းပတဲ့ ကွန်မြူနစ်ပါတီကွန်ဂရက် အဖွင့်မိန့်ခွန်းမှာ သမ္မတရှီကျင်းပင်က ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ ဒီလိုပေါင်းစည်းရေးကို ငြိမ်းချမ်းတဲ့နည်းလမ်းနဲ့ မအောင်မြင်ရင် အကျပ်ကိုင်တာနဲ့ အင်အားသုံးတာကို တရုတ်နိုင်ငံက အသုံးပြုလာနိုင်ပြီး ဒါဟာ လက်ရှိအနေအထားကို အကြီးအကျယ်အနှောက်အယှက်ဖြစ်စေပြီး တင်းမာမှုကြီးကြီးမားမား ဖြစ်ပေါ်စေကြောင်း ဘလင်ကင်က သတိပေးပြောဆိုပါတယ်။ အမေရိကန်ဟာ ထိုင်၀မ်နဲ့ ပတ်သက်တဲ့ ကတိက၀တ်တွေကို လေးစားပြီး ကျွန်းရဲ့ ခုခံနိုင်စွမ်းကို မြင့်တင်ပေးသွားမှာဖြစ်ကြောင်း သူကပြောပါတယ်။ တကယ်လို့ ထိုင်၀မ်ကို တရုတ်ကစစ်ရေးအရ တိုက်ခိုက်မှုပြုလုပ်လာမယ်ဆိုရင်…

Read More

ရုရှား Su-34 တိုက်လေယာဉ် လူနေရပ်ကွက်ပေါ် ပျက်ကျမီးလောင်မှု လူ ၁၃ ဦးထက်မနည်းသေဆုံး

မော်စကို၊ အောက်တိုဘာ-၁၈-၂၀၂၂ မျိုးဆက်(VOM) ရုရှားနိုင်ငံတောင်ပိုင်း ရေ့စ်ခ်မြို့ရှိ တိုက်ခန်းတွဲအဆောက်အအုံပေါ်ကို ရုရှားဗုံးကြဲတိုက်လေယာဉ်တစင်း ပျက်ကျမှုကြောင့် လူ ၁၃ ဦးထက်မနည်းသေဆုံးခဲ့တယ်လို့ ရုရှားတာ၀န်ရှိသူတွေက ပြောပါတယ်။ ပျက်ကျသွားတဲ့လေယာဉ်ဟာ Su-34 ဂျက်တိုက်လေယာဉ်အမျိုးအစားဖြစ်ပြီး လေ့ကျင့်ပျံသန်းမှုပြုစဉ် ပျက်ကျခဲ့တာဖြစ်ကာ လေယာဉ်မှူးနှစ်ဦးကတော့ အဆောက်အအုံပေါ်ကို လေယာဉ်ပျက်မကျမီ ခုန်ထွက်နိုင်ခဲ့ပါတယ်။ အပျက်အစီးတွေကြားမှာ ရှာဖွေမှုတွေပြုလုပ်ပြီးနောက်မှာ သေဆုံးသွားသူတွေရဲ့ အလောင်း ၁၃ လောင်းကို ရှာတွေ့ရှိခဲ့ပြီး ကလေးငယ်သုံးဦးလည်း ပါ၀င်တယ်လို့ ရုရှားတာ၀န်ရှိသူတွေက ပြောပါတယ်။ လေယာဉ်ပျက်ကျခဲ့တဲ့ ကိုးထပ်တိုက်ဟာ မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ပြီး လူ ၆၈ ဦးကိုကယ်တင်နိုင်ခဲ့ပြီး ဒဏ်ရာရသူ ၁၉ ဦးကို ဆေးရုံတင်ထားရတယ်လို့ ဆိုပါတယ်။ လေယာဉ်ပျံတက်ချိန်မှာ လေယာဉ်ရဲ့အင်ဂျင်တလုံး မီးလောင်မှုကြောင့် ပျက်ကျခဲ့တာဖြစ်ကြောင်း လေယာဉ်မှူးတွေရဲ့ အစီရင်ခံစာမှာ ဖော်ပြထားတယ်လို့ ရုရှားကာကွယ်ရေး၀န်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။ Ref: BBC Photo:AFP/ Reuters #voiceofmyanmar #VOM #မော်စကို

Read More

ခန္တီးမြို့မရဲစခန်းမှာ အချုပ်ခန်းဖောက်ပြီး အချုပ်သား ၁၄ ဦး ထွက်ပြေး၊ ၅ယောက် ပြန်ဖမ်းမိ

အောက်တိုဘာ ၊ ၁၈ ၊ ၂၀၂၂ SP(VOM) စစ်ကိုင်းတိုင်း ၊ ခန္တီးခရိုင် ၊ ခန္တီးမြို့ ၊ ခန္တီးမြို့မရဲစခန်းမှာရှိတဲ့ အချုပ်ခန်းကို ဖောက်ထွင်းပြီး အချုပ်သားတွေ ထွက်ပြေးလွတ်မြောက်သွားတဲ့ဖြစ်စဥ် ဒီကနေ့မနက် ၃ နာရီဝန်းကျင်က ဖြစ်ပွါးခဲ့တယ်လို့ ခန္တီးခရိုင်ရဲတပ်ဖွဲ့အသိုင်းအဝိုင်းကနေ သိရပါတယ်။ ” ဒီမနက် ၃ နာရီဝန်းကျင်လောက်မှာ အချုပ်ခန်းဖောက်ခံရတာပါ ၊ အချုပ်ခန်း ထောင့်က သံတိုင်တချောင်းကို ဖြတ်တောက် ဖောက်ထွင်းပြီး ထွက်ပြေးသွားတာ အချုပ်သား ၁၄ ယောက်ဖြစ်တယ် ၊ အဲ့ဒီထဲက ဒီမနက်မှာ အချုပ်သား ၅ ယောက် ပြန်မိတယ် ၊ ၉ ယောက်ကတော့ ထွက်ပြေးလွတ်မြောက်နေဆဲဖြစ်တယ် “လို့ ခန္တီးရဲအသိုင်းအဝိုင်းနဲ့ နီးစပ်သူ တယောက်က ပြောပါတယ်။ ရဲစခန်းနဲ့ နီးစပ်သူတယောက်က ” ခန္တီးရဲစခန်း အချုပ်ခန်းထဲမှာက လက်နက်မှု…

Read More

ယူကရိန်းမြို့တော် ကိယက်ဗ်ကို ထိုးဆင်းဖောက်ခွဲတဲ့ ကာမီကာဇီဒရုန်းတွေနဲ့ ရုရှားတိုက်ခိုက်

ကိယက်ဗ်၊ အောက်တိုဘာ-၁၈-၂၀၂၂ မျိုးဆက်(VOM) ယူကရိန်းနိုင်ငံမြို့တော် ကိယက်ဗ်မှာ ဒီနေ့ပေါက်ကွဲမှုလေးကြိမ်ထက်မနည်းဖြစ်ပွားခဲ့ပြီး အောက်ကိုထိုးဆင်းဖောက်ခွဲတိုက်ခိုက်တဲ့ ကာမီကာဇီလို့ခေါ်တဲ့ ဒရုန်းတွေနဲ့ ရုရှားက တိုက်ခိုက်ခဲ့တာလို့ ယူကရိန်းသမ္မတအကြံပေးဖြစ်သူက ပြောပါတယ်။ ဒါဟာ ရုရှားအနေနဲ့ သွေးရူးတွေးတန်းဖြစ်နေတယ်ဆိုတာ ပြသနေတာလို့ ယူကရိန်းသမ္မတဇီလန်စကီးရဲ့ အကြံပေး အန်ဒရီယာမက်က ပြောပါတယ်။ ကာမီကာဇီဒရုန်းတွေနဲ့ ဒီလိုတိုက်ခိုက်မှုကြောင့် Shevchenkivskiy အလယ်ပိုင်းရှိ လူနေအအောက်အအုံတွေ ပျက်စီးခဲ့တယ်လို့ မြို့တော်၀န်က ပြောပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်အတွင်းကလည်း ရုရှားဟာ ယူကရိန်းမြို့တော်ကိယက်ဗ်အပါအ၀င် နိုင်ငံနေရာအနှံ့အပြားကို ဒုံးကျည်တွေနဲ့ အပြင်းအထန်တိုက်ခိုက်ခဲ့ပြီး ဒီလိုက်တိုက်ခိုက်မှုကြောင်း လူ ၁၉ ဦးသေဆုံးခဲ့ပါတယ်။ ယူကရိန်းဆိပ်ကမ်းမြို့ဖြစ်တဲ့ Mykolaiv ကိုလည်း တနင်္ဂနွေနေ့ နှောင်းပိုင်းမှာ ကာမီကာဇီဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့တယ်လို့ မြို့တော်၀န်ကပြောပါတယ်။ မြို့တော်ကိယက်ဗ်ကို မတိုက်ခိုက်မီ နာရီပိုင်းအလိုမှာ နေကြာဆီသိုလှောင်ကန်တွေကို ဒရုန်းသုံးစင်းက ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ မြို့တော်၀န်ကပြောပါတယ်။ ပေါက်ကွဲမှုတွေဟာ ဒီနေ့မနက် ၆ နာရီ မိနစ်…

Read More

တရားစွဲဆိုခဲ့ပြီးဖြစ်တယ်လို့ ကြေညာထားတဲ့ နိုင်ငံခြားငွေ ရောင်းဝယ်ရေးတချို့ ပုံမှန်အတိုင်း အရောင်းအဝယ် ပြုလုပ်လျက်ရှိနေသေးတယ်လို့ သိရ

အောက်တိုဘာ ၁၈-၂၀၂၂ SN (VOM) မြန်မာနိုင်ငံတော်ဗဟိုဘဏ်က တရားစွဲဆိုနိုင်ရေး ဆောင်ရွက်ပြီးဖြစ်တယ်လို့ ကြေညာထားတဲ့ နိုင်ငံခြားငွေ ရောင်းဝယ်ရေးလုပ်ငန်းတချို့က ပြင်ပမှာ ပုံမှန်အတိုင်း အရောင်းအဝယ် ပြုလုပ်လျက်ရှိတယ်လို့ သိရပါတယ်။ တရားဝင် နိုင်ငံခြားသုံးငွေလုပ်ငန်း လုပ်ကိုင်ခွင့်လိုင်စင် တစ်မျိုးမျိုးမရှိဘဲ နိုင်ငံခြားငွေ ရောင်းချခြင်း၊ ဝယ်ယူခြင်း၊ လဲလှယ်ခြင်း ဆောင်ရွက်နေတဲ့ လူမှုကွန်ရက်စာမျက်နှာတွေကို နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှုဥပဒေ ပုဒ်မ ၄၂ အရ တရားစွဲဆိုနိုင်ရေး ဆောင်ရွက်ပြီးဖြစ်တယ်လို့ ဗဟိုဘဏ်က သတင်းထုတ်ပြန်ထားတာပါ။ လက်ရှိမှာ တရားစွဲဆိုနိုင်ရေး ဆောင်ရွက်ပြီးဖြစ်တဲ့ လူမှုကွန်ရက်စာမျက်နှာ နှစ်ခုကတော့ Perfect Money နဲ့ B to P Money exchange တို့ဖြစ်ပြီး နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှုဥပဒေပုဒ်မ ၃၈ ကို ဖောက်ဖျက်ကျူးလွန်ကြောင်း တွေ့ရှိတဲ့အတွက် နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၄၂ အရ တရားစွဲဆိုခဲ့တာ…

Read More
VOM News

FREE
VIEW