ရုရှား Su-34 တိုက်လေယာဉ် လူနေရပ်ကွက်ပေါ် ပျက်ကျမီးလောင်မှု လူ ၁၃ ဦးထက်မနည်းသေဆုံး

မော်စကို၊ အောက်တိုဘာ-၁၈-၂၀၂၂
မျိုးဆက်(VOM)

ရုရှားနိုင်ငံတောင်ပိုင်း ရေ့စ်ခ်မြို့ရှိ တိုက်ခန်းတွဲအဆောက်အအုံပေါ်ကို ရုရှားဗုံးကြဲတိုက်လေယာဉ်တစင်း ပျက်ကျမှုကြောင့် လူ ၁၃ ဦးထက်မနည်းသေဆုံးခဲ့တယ်လို့ ရုရှားတာ၀န်ရှိသူတွေက ပြောပါတယ်။

ပျက်ကျသွားတဲ့လေယာဉ်ဟာ Su-34 ဂျက်တိုက်လေယာဉ်အမျိုးအစားဖြစ်ပြီး လေ့ကျင့်ပျံသန်းမှုပြုစဉ် ပျက်ကျခဲ့တာဖြစ်ကာ လေယာဉ်မှူးနှစ်ဦးကတော့ အဆောက်အအုံပေါ်ကို လေယာဉ်ပျက်မကျမီ ခုန်ထွက်နိုင်ခဲ့ပါတယ်။

အပျက်အစီးတွေကြားမှာ ရှာဖွေမှုတွေပြုလုပ်ပြီးနောက်မှာ သေဆုံးသွားသူတွေရဲ့ အလောင်း ၁၃ လောင်းကို ရှာတွေ့ရှိခဲ့ပြီး ကလေးငယ်သုံးဦးလည်း ပါ၀င်တယ်လို့ ရုရှားတာ၀န်ရှိသူတွေက ပြောပါတယ်။

လေယာဉ်ပျက်ကျခဲ့တဲ့ ကိုးထပ်တိုက်ဟာ မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ပြီး လူ ၆၈ ဦးကိုကယ်တင်နိုင်ခဲ့ပြီး ဒဏ်ရာရသူ ၁၉ ဦးကို ဆေးရုံတင်ထားရတယ်လို့ ဆိုပါတယ်။

လေယာဉ်ပျံတက်ချိန်မှာ လေယာဉ်ရဲ့အင်ဂျင်တလုံး မီးလောင်မှုကြောင့် ပျက်ကျခဲ့တာဖြစ်ကြောင်း လေယာဉ်မှူးတွေရဲ့ အစီရင်ခံစာမှာ ဖော်ပြထားတယ်လို့ ရုရှားကာကွယ်ရေး၀န်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

Ref: BBC
Photo:AFP/ Reuters
#voiceofmyanmar #VOM #မော်စကို

Related posts

Leave a Comment

VOM News

FREE
VIEW