ယူကရိန်းမြို့တော် ကိယက်ဗ်ကို ထိုးဆင်းဖောက်ခွဲတဲ့ ကာမီကာဇီဒရုန်းတွေနဲ့ ရုရှားတိုက်ခိုက်

ကိယက်ဗ်၊ အောက်တိုဘာ-၁၈-၂၀၂၂
မျိုးဆက်(VOM)

ယူကရိန်းနိုင်ငံမြို့တော် ကိယက်ဗ်မှာ ဒီနေ့ပေါက်ကွဲမှုလေးကြိမ်ထက်မနည်းဖြစ်ပွားခဲ့ပြီး အောက်ကိုထိုးဆင်းဖောက်ခွဲတိုက်ခိုက်တဲ့ ကာမီကာဇီလို့ခေါ်တဲ့ ဒရုန်းတွေနဲ့ ရုရှားက တိုက်ခိုက်ခဲ့တာလို့ ယူကရိန်းသမ္မတအကြံပေးဖြစ်သူက ပြောပါတယ်။

ဒါဟာ ရုရှားအနေနဲ့ သွေးရူးတွေးတန်းဖြစ်နေတယ်ဆိုတာ ပြသနေတာလို့ ယူကရိန်းသမ္မတဇီလန်စကီးရဲ့ အကြံပေး အန်ဒရီယာမက်က ပြောပါတယ်။

ကာမီကာဇီဒရုန်းတွေနဲ့ ဒီလိုတိုက်ခိုက်မှုကြောင့် Shevchenkivskiy အလယ်ပိုင်းရှိ လူနေအအောက်အအုံတွေ ပျက်စီးခဲ့တယ်လို့ မြို့တော်၀န်က ပြောပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်အတွင်းကလည်း ရုရှားဟာ ယူကရိန်းမြို့တော်ကိယက်ဗ်အပါအ၀င် နိုင်ငံနေရာအနှံ့အပြားကို ဒုံးကျည်တွေနဲ့ အပြင်းအထန်တိုက်ခိုက်ခဲ့ပြီး ဒီလိုက်တိုက်ခိုက်မှုကြောင်း လူ ၁၉ ဦးသေဆုံးခဲ့ပါတယ်။

ယူကရိန်းဆိပ်ကမ်းမြို့ဖြစ်တဲ့ Mykolaiv ကိုလည်း တနင်္ဂနွေနေ့ နှောင်းပိုင်းမှာ ကာမီကာဇီဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့တယ်လို့ မြို့တော်၀န်ကပြောပါတယ်။

မြို့တော်ကိယက်ဗ်ကို မတိုက်ခိုက်မီ နာရီပိုင်းအလိုမှာ နေကြာဆီသိုလှောင်ကန်တွေကို ဒရုန်းသုံးစင်းက ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ မြို့တော်၀န်ကပြောပါတယ်။

ပေါက်ကွဲမှုတွေဟာ ဒီနေ့မနက် ၆ နာရီ မိနစ် ၃၀ လောက်ကနေ နောက်ထပ်မိနစ် ၃၀ အတွင်းဖြစ်ပွားခဲ့ပြီး မြို့တော်ကိယက်ဗ်မှာ လေကြောင်းရန်ကာကွယ်ရေးသတိပေးချက်တွေ ထုတ်ပြန်ခဲ့ရပါတယ်။

Ref:BBC
Photo:Getty Images
#voiceofmyanmar #VOM #ကိယက်ဗ်

Related posts

Leave a Comment

VOM News

FREE
VIEW