လောင်စာစျေးထိန်းချုပ်ရန် အမေရိကန်က အရန်ရေနံစည် ၁၅သန်းထုတ်ရောင်းဖို့စီစဉ်နေ

  ဝါရှင်တန်၊ အောက်တိုဘာ ၂၀-၂၀၂၂ မျိုးဆက်(VOM) ဂျိုးဘိုင်ဒင်ရဲ့ အမေရိကန်အစိုးရဟာ လောင်စာစျေးနှုန်းများကြီးမြင့်မှုကို ထိန်းချုပ်နိုင်ဖို့အတွက် နိုင်ငံရဲ့ မဟာဗျူဟာမြောက်အရန်ရေနံတွေ ဖြန့်ဖြူးရောင်းချပေးဖို့စီစဉ်နေပါတယ်။ အဲဒီအစီအစဉ်ဟာ အိုပက်နဲ့မဟာမိတ်နိုင်ငံတွေက တရက်ကို စည်ပေါင်းနှစ်သန်းထိ ထုတ်လုပ်မှုလျှော့ချဖို့ ဆုံးဖြတ်ချက်အပေါ် အမေရိကန်ရဲ့ တုံ့ပြန်မှုတစိတ်တပိုင်းဖြစ်ပါတယ်။ လောင်စာစျေးတွေ ပိုမိုမြင့်တက်လာနိုင်တဲ့ အဲဒီဆုံးဖြတ်ချက်ကို အမေရိကန်က ဝေဖန်ပြောဆိုထားပြီး စျေးနှုန်းကြီးမြင့်လာတာကို ထိန်းချုပ်ဖို့ အရန်ရေနံမှ စည်ပေါင်း ၁၅ သန်းကို ဒီဇင်ဘာလမှာ ဖြန့်ဖြူးပေးသွားမှာဖြစ်ပါတယ်။ ဒါပေမယ့် အမေရိကန်ရဲ့အရန်ရေနံဖြန့်ဖြူးပေးမှုဟာ အိုပက်နဲ့မဟာမိတ်တွေက ရေနံထုတ်လုပ်မှုလျှော့ချခြင်းကြောင့် ဖြစ်ပေါ်လာနိုင်တဲ့ ရေနံစျေးနှုန်းအပေါ် ဘယ်လောက် သက်ရောက်နိုင်တယ်ဆိုတာကို ရှင်းလင်းစွာမသိရသေးပါဘူး။ သမ္မတဂျိုးဘိုင်ဒင်အနေဲ့ လောင်စာဆီစျေးနှုန်းတွေကို ထိန်းညှိပေးနိုင်ဖို့ အတတ်နိုင်ဆုံး လုပ်ဆောင်သွားမှာဖြစ်ပြီး လိုအပ်ပါက အရန်ရေနံသိုလှောင်မှုကနေ နောက်ထပ်အကြီးစားဖြန့်ဖြူးပေးဖြို့ စီစဉ်ထားကြောင်း အိမ်ဖြူတော်က ထုတ်ပြန်ထားပါတယ်။ Ref: NHK #voiceofmyanmar #VOM #ဝါရှင်တန်

Read More

ဆားတောင်နယ်မှာ ၇ လောင်းပြိုင် လူသတ်မှုဖြစ်ပွား

အောက်တိုဘာ ၊ ၂၀ ၊ ၂၀၂၂ SP( VOM) စစ်ကိုင်းတိုင်း ၊ စစ်ကိုင်းမြို့နယ် ၊ ဆားတောင်မြို့ ၊ သာဇင်ကျေးရွာမှာ မနေ့ အောက်တိုဘာ ၁၉ ရက်ညပိုင်းက ၇ လောင်းပြိုင် လူသတ်မှုဖြစ်ပွားခဲ့တယ်လို့ ဒေသခံ လူမှုကူညီရေးအဖွဲ့တွေဆီက သိရပါတယ်။ ” အသတ်ခံရတာက မိသားစု ၂ စုဖြစ်တယ် ၊ အမျိုးသား ၄ ဦးနဲ့ အမျိုးသမီး ၃ ဦးအသတ်ခံရတာ ” လို့ ဒေသခံ ပရဟိတသမားတယောက်က ပြောပါတယ်။ အဲ့ဒီ ၇ လောင်းပြိုင် လူသတ်မှုနဲ့ ပတ်သက်လို့ စစ်ကိုင်းခရိုင် လုံခြုံရေးအဖွဲ့နဲ့ နီးစပ်သူ တယောက်က” မနေ့ကည ၈ နာရီခွဲ ၉ နာရီဝန်းကျင်မှာ ဆားတောင်နယ် ၊ သာဇင်ကျေးရွာက အိမ်ထောင်စု ၂…

Read More

အင်ဒိုနီးရှားမှာ ကလေးငယ် ၁၀၀ နီးပါးသေဆုံးမှုကြောင့် အရည်အဖြစ်သောက်ရတဲ့ ဆေးဝါးအားလုံး မရောင်းဖို့ အမိန့်ထုတ်

ဂျကာတာ၊ အောက်တိုဘာ-၂၀-၂၀၂၂ မျိုးဆက်(VOM) အင်ဒိုနီးရှားနိုင်ငံမှာ ကလေးငယ် ၁၀၀ နီးပါးသေဆုံးမှုနဲ့ ဆက်နွယ်နေတာကြောင့် ချောင်းဆိုးပျောက်ဆေးရည် အပါအ၀င် အရည်အဖြစ်မှီဝဲရတဲ့ ဆေးအားလုံးရောင်းချမှုကို ရပ်ဆိုင်းဖို့အမိန့်ထုတ်လိုက်ပါတယ်။ ဂမ်ဘီယာနိုင်ငံမှာ ချောင်းဆိုပျောက်ဆေးရည် သုံးစွဲမနဲ့ဆက်နွယ်ပြီး ကလေးငယ် ၇၀ နီးပါးသေဆုံးမှုဖြစ်ပွားပြီးနောက် အိန္ဒိယဆေးကုမ္ပဏီထုတ် ချောင်းဆိုးပျောက်ဆေးလေးမျိုးကို စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေချိန်မှာ အင်ဒိုနီးရှားအာဏာပိုင်တွေက အခုလို အမိန့်ထုတ်လိုက်တာဖြစ်ပါတယ်။ ယခုနှစ်အတွင်း ကလေးငယ် ၉၉ ဦးသေဆုံးမှုနဲ့ ဆက်နွယ်နေတဲ့ ပြင်းထန်ကျောက်ကပ်ရောဂါဖြစ်ပေါ်စေတဲ့ ဓါတ်ပစ္စည်းတွေပါ၀င်တဲ့ ဆေးရည်အချို့ကို နိုင်ငံတွင်းမှာ တွေ့ရှိခဲ့တယ်လို့ အင်ဒိုနီးရှားတာ၀န်ရှိသူတွေက ပြောပါတယ်။ ဒါပေမယ့်အဲဒီဆေးတွေဟာ အင်ဒိုနီးရှား ပြည်တွင်းထုတ်လား ပြည်ပကတင်သွင်းတာလား ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။ လက်ရ်ှိအချိန်ထိ အဲဒီဆေးဝါးတွေနဲ့ဆက်နွယ်ကာ ပြင်းထန်ကျောက်ကပ်ရောဂါ ဖြစ်နေတဲ့ ကလေးငယ် ၂၀၀ ရှိတယ်လို့ တာ၀န်ရှိသူတွေက ဆိုပါတယ်။ ဂမ်ဘီယာနိုင်ငံမှာ ကလေး ၇၀ နီးပါးသေဆုံးမှုနဲ့ဆက်နွယ်ပြီး ချောင်းဆိုးပျောက်ဆေးရည်လေးမျိုးကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ဆေးဝါးထုတ်ကုန်ဆိုင်ရာ…

Read More

သိမ်းပိုက်ထားတဲ့ ယူကရိန်းဒေသလေးခုမှာ ရုရှားက စစ်အုပ်ချုပ်ရေး ကြေညာ

မော်စကို၊ အောက်တိုဘာ-၂၀-၂၀၂၂ မျိုးဆက်(VOM) ရုရှားဟာ ပြီးခဲ့တဲ့လက သိမ်းပိုက်ခဲ့တဲ့ ယူကရိန်းရဲ့ ဒွန်နက်၊ ခါဆွန်၊ လူဟန့်နဲ့ ဇာပိုရစ်ဇီးယား ဒေသလေးခုကို အောက်တိုဘာ ၁၉ ရက်မှာ စစ်အုပ်ချုပ်ရေးကြေညာလိုက်ပါတယ်။ လက်ရှိမှာတော့ အဲဒီဒေသတွေမှာ ယူကရိန်းတပ်တွေရဲ့ ပြန်လည်တိုက်ခိုက်မှုကို ခုခံကာကွယ်ဖို့ ရုရှားတပ်တွေ ရုန်းကန်နေရပါတယ်။ ယူကရိန်းအရှေ့ပိုင်း သိမ်းပိုက်နယ်မြေတွေက ရုရှားရဲ့မဟာမိတ်တွေကို လုပ်ပိုင်ခွင့်အာဏာပိုပေးဖို့ လိုအပ်ကြောင်း ရုရှားလုံခြုံရေးကောင်စီအဖွဲ့၀င်တွေကို သမ္မတပူတင်က ညွှန်ကြားခဲ့ပါတယ်။ ဒီလိုစစ်အုပ်ချုပ်ရေးကြေညာမှုကြောင့် အဲဒီဒေသတွေက ရုရှားလိုလားတဲ့ ဒေသန္တရခေါင်းဆောင်တွေဟာ ညမထွက်ရအမိန့်တွေ ချမှတ်ဖို့၊ ပိုင်ဆိုင်မှုတွေကို သိမ်းယူခွင့်၊ ခရီးသွားလာခွင့်နဲ့ လူသူစုဝေးမှုတွေကို ကန့်သတ်မိန့် ထုတ်ပြန်နိုင်မှာဖြစ်ပါတယ်။ ရုရှားရဲ့ အနာဂါတ်လုံခြုံရေးနဲ့ အဲဒီဒေသက မိမိလူတွေကို ကာကွယ်ပေးဖို့ အလွန်ကြီးမားပြီး ခက်ခဲတဲ့အခြေအနေတွေကို ကိုင်တွယ်ဖြေရှင်းဖို့ လုပ်ဆောင်နေကြောင်း ရုရှားသမ္မတပူတင်က ပြောပါတယ်။ ခါဆွန်ဒေသရှိ ရုရှားလိုလားတဲ့ အာဏာပိုင်တွေကတော့ ယူကရိန်းရဲ့တန်ပြန်တိုက်ခိုက်နိုင်ခြေကြောင့် အရပ်သားတွေကို ရွှေ့ပြောင်းပေးမှုတွေလုပ်ဆောင်နေပါတယ်။…

Read More

လှိုင်မြို့နယ်မှာ စစ်တပ်က ဗိုလ်ကြီးအပါအဝင် ၃ဦး သေနတ်နဲ့ပစ်ခံရပြီး သေဆုံး

အောက်တိုဘာ ၂၀-၂၀၂၂ GG+KK(VOM) ရန်ကုန်မြို့ ၊လှိုင်မြို့နယ်၊ ၁၃ ရပ်ကွက်၊ ဗဟိုလမ်း သီရီမြိုင်မှတ်တိုင်အနီးမှာ ဒီကနေ့ မနက်ပိုင်းက ပစ်ခတ်မှုဖြစ်ပွားပြီး ဗိုလ်ကြီးဖြစ်သူနဲ့ဇနီးအပါအဝင် တပ်သားတစ်ဦးလည်း သေဆုံးခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။ ဒီကနေ့ မနက်ဆယ်နာရီဝန်းကျင်က လှိုင်မြို့နယ် ၁၃ ရပ်ကွက် ဗဟိုလမ်း သီရီမြိုင်မှတ်တိုင်အနီးမှာ လမ်းလျှောက်ပြန်လာတဲ့ အမျိုးသားနှစ်ဦးနဲ့အမျိုးသမီးတစ်ဦး ပစ်ခတ်ခံရပြီး သေဆုံးခဲ့တယ်လို့ ရပ်ကွက်နေသူတဦးက VOMကို ပြောပါတယ်။ “သေနတ်နဲ့ပစ်ခတ်ခံရပြီး လူသုံးဦးသေတာဟုတ်တယ် ဘယ်သူတွေလဲတော့မသိဘူး၊ ရပ်ကွက်ထဲမှာပြောနေတာ စစ်တပ်အရာရှိမိသားစု အပစ်ခံရတာလို့”ပြောပါတယ်။ စစ်တပ်က​နေ ခွင့်နဲ့ပြန်လာပြီး မိဘဖြစ်သူနေအိမ်ကို ခေတ္တနေထိုင်နေတဲ့ ဗိုလ်ကြီးနဲ့ဇနီးအပါအဝင် သုံးဦးဟာ ဒီကနေ့မနက်ပိုင်း အပြင်ကနေ နေအိမ်ကိုပြန်လာစဥ် ပစ်ခတ်ခံရတာဖြစ်တယ်လို့ စစ်တပ်နဲ့နီးစပ်သူတဦးက VOM ကို​ပြောပါတယ်။ “သေတာက ဗိုလ်ကြီးမြင့်ဆွေရယ် တပ်သားအောင်ကိုမင်းရယ် သူ့မိန်းမရယ်၊ စားအုန်းဆီလာထုတ်တာလို့ ကြားတယ်”လို့ သူကပြောပါတယ်။ သေဆုံးသူသုံးဦးကို လူနာတင်ယာဥ်တွေနဲ့ မဂ်လာဒုံစစ်ဆေးရုံကို…

Read More

ကိုဗစ်ဆိုင်ရာ ကျန်းမာရေးအရေးပေါ်အခြေအနေ မရုပ်သိမ်းသေးဘူးလို့ WHO ဆုံးဖြတ်

ဂျီနီဗာ၊ အောက်တိုဘာ-၂၀-၂၀၂၂ မျိုးဆက်(VOM) ကိုဗစ်-၁၉ ကပ်ရောဂါဟာ ကမ္ဘာလုံးဆိုင်ရာကျန်းမာရေး အရေးပေါ်အခြေအနေအဖြစ် ဆက်လက်တည်ရှိနေပြီး ရောဂါကူးစက်မှုနဲ့ပတ်သက်ပြီး မသေချာမရေရာမှုတွေရှိနေဆဲဖြစ်ကာ သေဆုံးမှုလည်း များပြားနေသေးကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့က အောက်တိုဘာ ၁၉ ရက်မှာသတိပေးပြောဆိုလိုက်ပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ဟာ ကိုဗစ်-၁၉ ရောဂါကို ၂၀၂၀ ခုနှစ် ဇန်နဝါရီလမှာ ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေး အရေးပေါ်အခြေအနေအဖြစ် ကြေညာခဲ့ပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ ကျွမ်းကျင်သူတွေဟာ အရေးပေါ်အခြေအနေ အဆုံးသတ်ဖို့နဲ့ပတ်သက်ပြီး ဆွေးနွေးခဲ့ကြပြီး အရေးပေါ်အခြေအနေရုပ်သိမ်းဖို့ အချိန်စောလွန်သေးတယ်လို့ တညီတညွှတ်တည်း ဆုံးဖြတ်ခဲ့ကြပါတယ်။ လက်ရှိမှာ ဗိုင်းရပ်စ်ကူးစက်မှုကြောင့် သေဆုံးမှုများပြားနေတာနဲ့ ဗိုင်းရပ်စ်မျိုးကွဲတွေ ပေါ်ပေါက်လာနိုင်တဲ့ မသေချာမရေရာအခြေအနေတွေအပေါ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ကျွမ်းကျင်သူတွေက စိုးရိမ်နေကြပါတယ်။ ဂျာမနီနဲ့ ပြင်သစ်နိုင်ငံတို့မှာ ရောဂါကူးစက်မှုကြောင့် ဆေးရုံတက်ရတဲ့ လူနာအရေအတွက် တိုးပွားလျှက်ရှိပြီး နောက်ထပ်ဖြစ်ပေါ်လာနိုင်တဲ့ အလားတူအခြေအနေတွေကို သတိထားရမှာဖြစ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ထုတ်ပြန်ပါတယ်။ Ref: NHK #voiceofmyanmar #VOM #ဂျီနီဗာ

Read More

မလေးရှားကို တရားမ၀င်သွားမယ့် မြန်မာ ၃၀ ဦး ထိုင်းနယ်စပ်မှာ အဖမ်းခံရပြန်

  ဘန်ကောက်၊ အောက်တိုဘာ- ၂၀-၂၀၂၂ မျိုးဆက်(VOM) မလေးရှားကို တရားမ၀င်သွားမယ့် မြန်မာနိုင်ငံသာ ၃၀ ဦးကို ထိုင်းနိုင်ငံ ရစ်ချဘူရီ မှာရှိတဲ့ ကြံစိုက်ခင်းတခုကနေ အောက်တိုဘာ ၁၈ ရက်မှာ ထိုင်းအာဏာပိုင်တွက ဖမ်းဆီးလိုက်ပါတယ်။ ကြံစိုက်ခင်းထဲမှာ ပုန်းအောင်းနေတဲ့ မြန်မာတွေကို ဒေသခံတဦးက တွေ့ရှိသတင်းပေးခဲ့တာကြောင့် အာဏာပိုင်တွက ဖမ်းဆီးမိခဲ့တာဖြစ်ပြီး အမျိုးသား ၂၆ ဦးနဲ့ အမျိုးသမီး ၄ဦးပါ၀င်ပါတယ်။ မြန်မာနိုင်ငံသားတွေဟာ ကချနာဘူရီမှာရှိတဲ့ ဖူနမ်ရွန်နယ်စပ်ဂိတ်ကနေ ထိုင်းနိုင်ငံထဲကို ခိုး၀င်ခဲ့တာဖြစ်ပြီး မလေးရှားနယ်စပ်ကို ပို့ပေးမယ့်ကားကို ကြံစိုက်ခင်းထဲကနေ စောင့်နေတာလို့ ဖမ်းမိတဲ့ မြန်မာတွေက ပြောပါတယ်။ မြန်မာနိုင်ငံသားတွေဟာ ထိုင်းနိုင်ငံထဲကို၀င်ဖို့ ပွဲစားကို ဘတ် ၃၅၀၀၀ စီပေးခဲ့ရပြီး ဘတ် ၂၀၀၀၀ ကထိုင်းနိုင်ငံကို ရောက်ရှိဖို့ဖြစ်ပြီး ဘတ် ၁၅၀၀၀ ကတော့ မလေးရှားကိုပို့ဆောင်ခနဲ့ အလုပ်ရှာပေးခဖြစ်တယ်လို့ ဆိုပါတယ်။ လက်ရှိမှာတော့…

Read More
VOM News

FREE
VIEW