အင်ဒိုနီးရှားမှာ ကလေးငယ် ၁၀၀ နီးပါးသေဆုံးမှုကြောင့် အရည်အဖြစ်သောက်ရတဲ့ ဆေးဝါးအားလုံး မရောင်းဖို့ အမိန့်ထုတ်

ဂျကာတာ၊ အောက်တိုဘာ-၂၀-၂၀၂၂
မျိုးဆက်(VOM)

အင်ဒိုနီးရှားနိုင်ငံမှာ ကလေးငယ် ၁၀၀ နီးပါးသေဆုံးမှုနဲ့ ဆက်နွယ်နေတာကြောင့် ချောင်းဆိုးပျောက်ဆေးရည် အပါအ၀င် အရည်အဖြစ်မှီဝဲရတဲ့ ဆေးအားလုံးရောင်းချမှုကို ရပ်ဆိုင်းဖို့အမိန့်ထုတ်လိုက်ပါတယ်။

ဂမ်ဘီယာနိုင်ငံမှာ ချောင်းဆိုပျောက်ဆေးရည် သုံးစွဲမနဲ့ဆက်နွယ်ပြီး ကလေးငယ် ၇၀ နီးပါးသေဆုံးမှုဖြစ်ပွားပြီးနောက် အိန္ဒိယဆေးကုမ္ပဏီထုတ် ချောင်းဆိုးပျောက်ဆေးလေးမျိုးကို စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေချိန်မှာ အင်ဒိုနီးရှားအာဏာပိုင်တွေက အခုလို အမိန့်ထုတ်လိုက်တာဖြစ်ပါတယ်။

ယခုနှစ်အတွင်း ကလေးငယ် ၉၉ ဦးသေဆုံးမှုနဲ့ ဆက်နွယ်နေတဲ့ ပြင်းထန်ကျောက်ကပ်ရောဂါဖြစ်ပေါ်စေတဲ့ ဓါတ်ပစ္စည်းတွေပါ၀င်တဲ့ ဆေးရည်အချို့ကို နိုင်ငံတွင်းမှာ တွေ့ရှိခဲ့တယ်လို့ အင်ဒိုနီးရှားတာ၀န်ရှိသူတွေက ပြောပါတယ်။

ဒါပေမယ့်အဲဒီဆေးတွေဟာ အင်ဒိုနီးရှား ပြည်တွင်းထုတ်လား ပြည်ပကတင်သွင်းတာလား ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

လက်ရ်ှိအချိန်ထိ အဲဒီဆေးဝါးတွေနဲ့ဆက်နွယ်ကာ ပြင်းထန်ကျောက်ကပ်ရောဂါ ဖြစ်နေတဲ့ ကလေးငယ် ၂၀၀ ရှိတယ်လို့ တာ၀န်ရှိသူတွေက ဆိုပါတယ်။

ဂမ်ဘီယာနိုင်ငံမှာ ကလေး ၇၀ နီးပါးသေဆုံးမှုနဲ့ဆက်နွယ်ပြီး ချောင်းဆိုးပျောက်ဆေးရည်လေးမျိုးကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ဆေးဝါးထုတ်ကုန်ဆိုင်ရာ သတိပေးချက် ယခုလအတွင်းမှာ ထုတ်ပြန်ခဲ့ပါတယ်။

Ref: BBC
Photo:Getty Images
#voiceofmyanmar #VOM #ဂျကာတာ

Related posts

Leave a Comment

VOM News

FREE
VIEW