လောင်စာစျေးထိန်းချုပ်ရန် အမေရိကန်က အရန်ရေနံစည် ၁၅သန်းထုတ်ရောင်းဖို့စီစဉ်နေ

 

ဝါရှင်တန်၊ အောက်တိုဘာ ၂၀-၂၀၂၂
မျိုးဆက်(VOM)

ဂျိုးဘိုင်ဒင်ရဲ့ အမေရိကန်အစိုးရဟာ လောင်စာစျေးနှုန်းများကြီးမြင့်မှုကို ထိန်းချုပ်နိုင်ဖို့အတွက် နိုင်ငံရဲ့ မဟာဗျူဟာမြောက်အရန်ရေနံတွေ ဖြန့်ဖြူးရောင်းချပေးဖို့စီစဉ်နေပါတယ်။

အဲဒီအစီအစဉ်ဟာ အိုပက်နဲ့မဟာမိတ်နိုင်ငံတွေက တရက်ကို စည်ပေါင်းနှစ်သန်းထိ ထုတ်လုပ်မှုလျှော့ချဖို့ ဆုံးဖြတ်ချက်အပေါ် အမေရိကန်ရဲ့ တုံ့ပြန်မှုတစိတ်တပိုင်းဖြစ်ပါတယ်။

လောင်စာစျေးတွေ ပိုမိုမြင့်တက်လာနိုင်တဲ့ အဲဒီဆုံးဖြတ်ချက်ကို အမေရိကန်က ဝေဖန်ပြောဆိုထားပြီး စျေးနှုန်းကြီးမြင့်လာတာကို ထိန်းချုပ်ဖို့ အရန်ရေနံမှ စည်ပေါင်း ၁၅ သန်းကို ဒီဇင်ဘာလမှာ ဖြန့်ဖြူးပေးသွားမှာဖြစ်ပါတယ်။

ဒါပေမယ့် အမေရိကန်ရဲ့အရန်ရေနံဖြန့်ဖြူးပေးမှုဟာ အိုပက်နဲ့မဟာမိတ်တွေက ရေနံထုတ်လုပ်မှုလျှော့ချခြင်းကြောင့် ဖြစ်ပေါ်လာနိုင်တဲ့ ရေနံစျေးနှုန်းအပေါ် ဘယ်လောက် သက်ရောက်နိုင်တယ်ဆိုတာကို ရှင်းလင်းစွာမသိရသေးပါဘူး။

သမ္မတဂျိုးဘိုင်ဒင်အနေဲ့ လောင်စာဆီစျေးနှုန်းတွေကို ထိန်းညှိပေးနိုင်ဖို့ အတတ်နိုင်ဆုံး လုပ်ဆောင်သွားမှာဖြစ်ပြီး လိုအပ်ပါက အရန်ရေနံသိုလှောင်မှုကနေ နောက်ထပ်အကြီးစားဖြန့်ဖြူးပေးဖြို့ စီစဉ်ထားကြောင်း အိမ်ဖြူတော်က ထုတ်ပြန်ထားပါတယ်။

Ref: NHK
#voiceofmyanmar #VOM #ဝါရှင်တန်

Related posts

Leave a Comment

VOM News

FREE
VIEW