အောက်တိုဘာ ၂၁-၂၀၂၂ KT+KK(VOM) ကရင်ပြည်နယ် ကော့ကရိတ်မြို့ပေါ်မှာ ဒီကနေ့ မနက်ပိုင်းက စစ်တပ်နဲ့ KNLS ၊ PDF ပူးပေါင်းအဖွဲ့တို့ နဲ့ နစကတပ်နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှုဖြစ်ခဲ့ရာ ထိခိုက်ဒဏ်ရာရရှိသူတွေရှိနေတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။ နှစ်ဖက်ပစ်ခတ်မှုတွေနဲ့လက်နက်ကြီးတွေ ကျရောက်ပေါက်ကွဲခဲ့လို့ ကော့ကရိတ်ဆေးရုံမှာ ထိခိုက်ဒဏ်ရာရရှိသူတွေရှိတယ်လို့ မြို့ခံတဦးက VOM ကို ပြောပါတယ်။ “ဒီနေ့မနက် ၇ နာရီလောက်ကတည်း ပစ်နေတာ သေနတ်သံတွေရော ဗုံးသံတွေရော ဆက်တိုက်ကြားနေရတာ၊ ခရိုင်ရုံးဘက်မှာ ပစ်တာ စစ်တပ်ကလည်း လေယာဥ်တွေနဲ့ပစ်တယ်”လို့ ပြောပါတယ်။ KNLA နဲ့PDF တွေက ဌာနဆိုင်ရာရုံးတွေဘက်မှာ နေရာယူပြီး ပစ်ခတ်ကြသလို စစ်တပ်ကလည်း လေယာဥ်နဲ့ပစ်ခတ်တာကြောင့် မြို့ပေါ်က ရပ်ကွက်အချို့မှာ ထိခိုက်မှုတွေရှိတယ်လို့ မြို့ခံတဦးက VOM ကို ပြောပါတယ်။ “တိုက်ပွဲဖြစ်နေတာ ၉၇ တပ်အရှေ့ဘက် ခရိုင်ရုံးအနောက်ဖက် အခြားပုံပေါ်လို့ရတဲ့နေရာတွေကော သေတဲ့သူတွေရော ဒဏ်ရာရတဲ့သူတွေရော ကော်ကရိတ်ဆေးရုံမှာအများကြီးပဲ”လို့…
Read MoreMonth: October 2022
မူဆယ်မြို့ပေါ်မှာ တိုက်ပွဲဖြစ်ပွားခဲ့
အောက်တိုဘာ ၂၁၊ ၂၀၂၂ Shy V(VOM) ရှမ်းပြည်နယ် မြောက်ပိုင်း၊ တရုတ် မြန်မာနယ်စပ်၊ မူဆယ်မြို့ပါ်မှာ ဒီနေ့ အောက်တိုဘာ ၂၁ ရက် မနက် ၄ နာရီခန့်က စစ်တပ်နဲ့ အမည်မသိ လက်နက်ကိုင်အဖွဲ့တို့ ၁ နာရီကျော်ခန့်ကြာ တိုက်ပွဲ ဖြစ်ပွားကြောင်း ဒေသခံတွေ ဆီက သိရပါတယ်။ “မူဆယ်မြို့ စွမ်စော်ဘက် အပြတ် တွယ်နေကြတယ်။ ၁ နာရီကျော် လောက်ရှိတယ် လက်နက်ကြီး လက်နက်ငယ် ပစ်ခတ်သံတွေ ကြားနေရကာ၊ မန့်ဝိန်းပေါက် အနီးတဝိုက်လည်း ပြင်းပြင်းထန်ထန် ပစ်ခတ်နေသံ ကြားရတယ်။” လို့ မြို့ခံတဦးက ပြောပါတယ်။ တိုက်ပွဲ ဖြစ်ပွားရာ အနီးနားနေထိုင်သူတဦးကလည်း “အသံကြားရတာ ကျနော်တို့နားရော လာကျသလိုပဲ။ ပန်ခမ်းဘက်လည်း ကျသံကြားတယ်။ အလယ်ပေါက်၊ စွမ်စော် ကနေ ပန်ခမ်း တံတားဘက် အသံ…
Read Moreဧရာဝတီတိုင်းက နေလှန်းဆား လုပ်ငန်းတွေ အရှုံးပဲပေါ်နေလို့ ဒီနှစ်မှာ လုပ်ငန်း ပြန်မလုပ်နိုင်
အောက်တိုဘာ၊၂၁-၂၀၂၂ မင်းမြတ်(VOM) ဧရာဝတီတိုင်းထဲက နေလှန်းဆားလုပ်ငန်း လုပ်ကိုင်ကြတဲ့ ဆားလုပ်ငန်းရှင်တွေဟာ အရှုံးပဲပေါ်နေတာကြောင့် ဒီနှစ် ဆားရာသီအစမှာ လုပ်ငန်း ပြန်မလုပ်နိုင်တော့ဘဲ နေလှန်းဆား လုပ်ငန်းရှင်တချို့ ရပ်နားလိုက်ရတယ်လို့ ဆားလုပ်ငန်းရှင်တွေကပြောပါတယ် ။ ဧရာဝတီတိုင်းမှာ နေလှန်ဆား ထုတ်လုပ်တဲ့ လုပ်ငန်းကို နှစ်စဉ် အောက်တိုဘာလမှာ စတင်လုပ်ကိုင်ကြ တာဖြစ်ပေမယ့် ဒီနှစ်မှာတော့ ဆားလုပ်ငန်းတချို့ ရပ်နားလိုက်ကြတာဖြစ်တယ်လို့ သိရပါတယ်။ ဆားလုပ်ငန်းရှင်တွေဟာ ပြီးခဲ့တဲ့ ၂နှစ်ဆက်တိုက် ရာသီဥတုဖောက်ပြန်ပြီး ဆားကွင်းဖျက်မိုးတွေ ကြုံတာ၊ နိုင်ငံရေး အပြောင်းအလဲတွေကြောင့် စက်သုံးဆီဈေးနှုန်း အဆမတန် မြင့်တက်လာတာ၊ ဆားလုပ်ငန်းမှာ အထွေထွေကုန်ကျစရိတ် ကြီးမြင့်မှုတွေကြောင့် အရှုံးနဲ့ပဲရင်ဆိုင်ခဲ့ကြရပြီး ဒီနှစ် ဆားရာသီအစမှာလည်း ၊ လုပ်သားခဈေး တက်လာတာ၊ စက်သုံးဆီဈေးတက်တာ ၊ ဆားဝယ်လက်တွေလျော့သွားတာ၊ ဆားကွင်းတွေမှာ လူစု လူဝေး မလုပ်ရဲတာ စတဲ့အကြောင်းအရင်းတွေနဲ့ အထွေထွေ ကုန်ကျစရိတ် ကြီးမြင့်မှုဒဏ်ကို ထပ်မံရင်ဆိုင်နေရတာကြောင့်ရပ်နားလိုက်ရတာဖြစ်တယ်လို့…
Read Moreရှမ်းပြည်တောင်ပိုင်းမှာ ခရီးသွားလုပ်ငန်းတွေ ရပ်ဆိုင်းထားရတာ ၂ နှစ်ဝန်းကျင်ခန့် ရှိနေပြီလို့ သိရ
အောက်တိုဘာ ၂၁ – ၂၀၂၂ SN (VOM) ကိုဗစ်ကပ်ရောဂါနဲ့ ဒေသတွင်း မတည်ငြိမ်မှုတွေကြောင့် ရှမ်းပြည်တောင်ပိုင်းမှာ ခရီးသွားလုပ်ငန်းတွေ ရပ်ဆိုင်းထားရတာ ၂ နှစ်ဝန်းကျင်ခန့် ရှိနေပြီလို့ ဒေသခံ ခရီးသွားလုပ်ငန်းရှင်တွေကနေ သိရပါတယ်။ အခု ခရီးသွားရာသီမှာ ပြည်တွင်းခရီးသွားလုပ်ငန်းတွေ ပြန်စနိုင်မယ်လို့ သက်ဆိုင်ရာက ပြောဆိုမှုတွေရှိခဲ့ပေမယ့် ရှမ်းပြည်တောင်ပိုင်း ခရီးသွားလုပ်ငန်း အခြေအနေတွေက လတ်တလောမှာတော့ ဖြစ်နိုင်ချေမရှိသေးဘူးလို့ ဒေသခံ ခရီးသွားလုပ်ငန်း လုပ်ကိုင်သူတဦးက ပြောပါတယ်။ “ဘယ်အရာကိုကြည့်ပြီး ခရီးသွားလုပ်ငန်း ပြန်စနိုင်မယ်လို့ ပြောလဲမသိပါဘူး။ တကယ်က ခရီးသွားလုပ်ငန်းက ရပ်ဆိုင်းနေတာပါ။ အခု ခရီးသည်ဝင်ရောက်မှုက ၁၀၀ မှာ၂၀ ရာခိုင်နှုန်းလောက်ပဲရှိတယ်။ မတည်ငြိမ်တဲ့ နိုင်ငံရေးအခြေအနေ အမျိုးမျိုးကြောင့် မလာကြတာပါ” လို့ သူက ပြောပါတယ်။ ပြည်တွင်း၊ ပြည်ပ ခရီးသွားလုပ်ငန်းတွေဟာ လတ်တလော အခြေအနေတွေကြောင့် ရပ်တန့်လုနီးပါးဖြစ်နေကာ ခရီးသွားလုပ်ငန်းအပေါ် မှီခိုနေကြတဲ့…
Read Moreနှမနည်းသည့် မောင်ငယ်မှာ သင်တည့်သာ သင်တိုင်းဝတ် ချည်ခင်စွပ်ကယ် ကြင်ဖော်သွေးလို့လေ
ဆူးငှက် တကယ်တော့ “တောင်သမန်” ဟူသည် ကောဇာသက္ကရာဇ် ၁၁၄၄ ခုနှစ်တွင် ပဒုံမင်း ခေါ် ဘိုးတော်ဘုရားက အင်းဝရွှေနန်းမှ အသစ်ပြောင်းရွှေ့ နန်းစိုက်သော အမရပူရရွှေမြို့တော် မတည်ထောင်မှီ နှစ်ပေါင်းထောင်ချီ ကတည်းက တည်ရှိခဲ့သောမြစ်ကျိုးအင်း တစ်အင်းဖြစ်သည်။ ဒုဋ္ဌဝတီ ခေါ် မြင်ငယ်မြစ်က မြစ်မဧရာဝတီအတွင်း စီးဝင်ရာတွင် ပြောင်းလဲလာသော ဘူမိဗေဒသဘောအရ မြစ်ကြောင်းပြောင်းလဲပြီး မြစ်ကျိုးအင်းအဖြစ် တည်ရှိခဲ့သည်ဟု ဆိုသည်။ မြစ်ကျိုးအင်း၏ သဘော သဘာဝအရ မိုးတွင်းကာလ ဝါဆို၊ ဝါခေါင် ရေဖောင်ဖောင်အချိန်တွင် မြစ်မနှင့်မြစ်ငယ်အတွင်းမှ တိုးရေက အင်းအတွင်း ဝင်ရောက်ကာ ဝန်းကျင်တခို ရေပြည့်ရေလျှံဖြစ့စ်သွားတော့သည်။ တောင်သမန်ဟူသော အမည်နာမကလည်း ဘုရားရှင်လက်ထက်ကတည်းက ရှိသတဲ့။ စစ်ကိုင်းအရပ်က နတ်ဘီလူး ၉၉ယောက်ကို သောတာပန် တည်အောင် ဘုရားရှင်က တရားဟောပြီးနောက် နတ်ဘီလူးများ တောင်းပန်ချက်အရ အရှေ့ဘက်အရပ်ရှိ “ငတောင်သမန်၊ ငတောင်မြင့်၊ ငတောင်ကျည်း၊…
Read Moreလောင်စာစျေးထိန်းချုပ်ရန် အမေရိကန်က အရန်ရေနံစည် ၁၅သန်းထုတ်ရောင်းဖို့စီစဉ်နေ
ဝါရှင်တန်၊ အောက်တိုဘာ ၂၀-၂၀၂၂ မျိုးဆက်(VOM) ဂျိုးဘိုင်ဒင်ရဲ့ အမေရိကန်အစိုးရဟာ လောင်စာစျေးနှုန်းများကြီးမြင့်မှုကို ထိန်းချုပ်နိုင်ဖို့အတွက် နိုင်ငံရဲ့ မဟာဗျူဟာမြောက်အရန်ရေနံတွေ ဖြန့်ဖြူးရောင်းချပေးဖို့စီစဉ်နေပါတယ်။ အဲဒီအစီအစဉ်ဟာ အိုပက်နဲ့မဟာမိတ်နိုင်ငံတွေက တရက်ကို စည်ပေါင်းနှစ်သန်းထိ ထုတ်လုပ်မှုလျှော့ချဖို့ ဆုံးဖြတ်ချက်အပေါ် အမေရိကန်ရဲ့ တုံ့ပြန်မှုတစိတ်တပိုင်းဖြစ်ပါတယ်။ လောင်စာစျေးတွေ ပိုမိုမြင့်တက်လာနိုင်တဲ့ အဲဒီဆုံးဖြတ်ချက်ကို အမေရိကန်က ဝေဖန်ပြောဆိုထားပြီး စျေးနှုန်းကြီးမြင့်လာတာကို ထိန်းချုပ်ဖို့ အရန်ရေနံမှ စည်ပေါင်း ၁၅ သန်းကို ဒီဇင်ဘာလမှာ ဖြန့်ဖြူးပေးသွားမှာဖြစ်ပါတယ်။ ဒါပေမယ့် အမေရိကန်ရဲ့အရန်ရေနံဖြန့်ဖြူးပေးမှုဟာ အိုပက်နဲ့မဟာမိတ်တွေက ရေနံထုတ်လုပ်မှုလျှော့ချခြင်းကြောင့် ဖြစ်ပေါ်လာနိုင်တဲ့ ရေနံစျေးနှုန်းအပေါ် ဘယ်လောက် သက်ရောက်နိုင်တယ်ဆိုတာကို ရှင်းလင်းစွာမသိရသေးပါဘူး။ သမ္မတဂျိုးဘိုင်ဒင်အနေဲ့ လောင်စာဆီစျေးနှုန်းတွေကို ထိန်းညှိပေးနိုင်ဖို့ အတတ်နိုင်ဆုံး လုပ်ဆောင်သွားမှာဖြစ်ပြီး လိုအပ်ပါက အရန်ရေနံသိုလှောင်မှုကနေ နောက်ထပ်အကြီးစားဖြန့်ဖြူးပေးဖြို့ စီစဉ်ထားကြောင်း အိမ်ဖြူတော်က ထုတ်ပြန်ထားပါတယ်။ Ref: NHK #voiceofmyanmar #VOM #ဝါရှင်တန်
Read Moreဆားတောင်နယ်မှာ ၇ လောင်းပြိုင် လူသတ်မှုဖြစ်ပွား
အောက်တိုဘာ ၊ ၂၀ ၊ ၂၀၂၂ SP( VOM) စစ်ကိုင်းတိုင်း ၊ စစ်ကိုင်းမြို့နယ် ၊ ဆားတောင်မြို့ ၊ သာဇင်ကျေးရွာမှာ မနေ့ အောက်တိုဘာ ၁၉ ရက်ညပိုင်းက ၇ လောင်းပြိုင် လူသတ်မှုဖြစ်ပွားခဲ့တယ်လို့ ဒေသခံ လူမှုကူညီရေးအဖွဲ့တွေဆီက သိရပါတယ်။ ” အသတ်ခံရတာက မိသားစု ၂ စုဖြစ်တယ် ၊ အမျိုးသား ၄ ဦးနဲ့ အမျိုးသမီး ၃ ဦးအသတ်ခံရတာ ” လို့ ဒေသခံ ပရဟိတသမားတယောက်က ပြောပါတယ်။ အဲ့ဒီ ၇ လောင်းပြိုင် လူသတ်မှုနဲ့ ပတ်သက်လို့ စစ်ကိုင်းခရိုင် လုံခြုံရေးအဖွဲ့နဲ့ နီးစပ်သူ တယောက်က” မနေ့ကည ၈ နာရီခွဲ ၉ နာရီဝန်းကျင်မှာ ဆားတောင်နယ် ၊ သာဇင်ကျေးရွာက အိမ်ထောင်စု ၂…
Read Moreအင်ဒိုနီးရှားမှာ ကလေးငယ် ၁၀၀ နီးပါးသေဆုံးမှုကြောင့် အရည်အဖြစ်သောက်ရတဲ့ ဆေးဝါးအားလုံး မရောင်းဖို့ အမိန့်ထုတ်
ဂျကာတာ၊ အောက်တိုဘာ-၂၀-၂၀၂၂ မျိုးဆက်(VOM) အင်ဒိုနီးရှားနိုင်ငံမှာ ကလေးငယ် ၁၀၀ နီးပါးသေဆုံးမှုနဲ့ ဆက်နွယ်နေတာကြောင့် ချောင်းဆိုးပျောက်ဆေးရည် အပါအ၀င် အရည်အဖြစ်မှီဝဲရတဲ့ ဆေးအားလုံးရောင်းချမှုကို ရပ်ဆိုင်းဖို့အမိန့်ထုတ်လိုက်ပါတယ်။ ဂမ်ဘီယာနိုင်ငံမှာ ချောင်းဆိုပျောက်ဆေးရည် သုံးစွဲမနဲ့ဆက်နွယ်ပြီး ကလေးငယ် ၇၀ နီးပါးသေဆုံးမှုဖြစ်ပွားပြီးနောက် အိန္ဒိယဆေးကုမ္ပဏီထုတ် ချောင်းဆိုးပျောက်ဆေးလေးမျိုးကို စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေချိန်မှာ အင်ဒိုနီးရှားအာဏာပိုင်တွေက အခုလို အမိန့်ထုတ်လိုက်တာဖြစ်ပါတယ်။ ယခုနှစ်အတွင်း ကလေးငယ် ၉၉ ဦးသေဆုံးမှုနဲ့ ဆက်နွယ်နေတဲ့ ပြင်းထန်ကျောက်ကပ်ရောဂါဖြစ်ပေါ်စေတဲ့ ဓါတ်ပစ္စည်းတွေပါ၀င်တဲ့ ဆေးရည်အချို့ကို နိုင်ငံတွင်းမှာ တွေ့ရှိခဲ့တယ်လို့ အင်ဒိုနီးရှားတာ၀န်ရှိသူတွေက ပြောပါတယ်။ ဒါပေမယ့်အဲဒီဆေးတွေဟာ အင်ဒိုနီးရှား ပြည်တွင်းထုတ်လား ပြည်ပကတင်သွင်းတာလား ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။ လက်ရ်ှိအချိန်ထိ အဲဒီဆေးဝါးတွေနဲ့ဆက်နွယ်ကာ ပြင်းထန်ကျောက်ကပ်ရောဂါ ဖြစ်နေတဲ့ ကလေးငယ် ၂၀၀ ရှိတယ်လို့ တာ၀န်ရှိသူတွေက ဆိုပါတယ်။ ဂမ်ဘီယာနိုင်ငံမှာ ကလေး ၇၀ နီးပါးသေဆုံးမှုနဲ့ဆက်နွယ်ပြီး ချောင်းဆိုးပျောက်ဆေးရည်လေးမျိုးကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ဆေးဝါးထုတ်ကုန်ဆိုင်ရာ…
Read Moreသိမ်းပိုက်ထားတဲ့ ယူကရိန်းဒေသလေးခုမှာ ရုရှားက စစ်အုပ်ချုပ်ရေး ကြေညာ
မော်စကို၊ အောက်တိုဘာ-၂၀-၂၀၂၂ မျိုးဆက်(VOM) ရုရှားဟာ ပြီးခဲ့တဲ့လက သိမ်းပိုက်ခဲ့တဲ့ ယူကရိန်းရဲ့ ဒွန်နက်၊ ခါဆွန်၊ လူဟန့်နဲ့ ဇာပိုရစ်ဇီးယား ဒေသလေးခုကို အောက်တိုဘာ ၁၉ ရက်မှာ စစ်အုပ်ချုပ်ရေးကြေညာလိုက်ပါတယ်။ လက်ရှိမှာတော့ အဲဒီဒေသတွေမှာ ယူကရိန်းတပ်တွေရဲ့ ပြန်လည်တိုက်ခိုက်မှုကို ခုခံကာကွယ်ဖို့ ရုရှားတပ်တွေ ရုန်းကန်နေရပါတယ်။ ယူကရိန်းအရှေ့ပိုင်း သိမ်းပိုက်နယ်မြေတွေက ရုရှားရဲ့မဟာမိတ်တွေကို လုပ်ပိုင်ခွင့်အာဏာပိုပေးဖို့ လိုအပ်ကြောင်း ရုရှားလုံခြုံရေးကောင်စီအဖွဲ့၀င်တွေကို သမ္မတပူတင်က ညွှန်ကြားခဲ့ပါတယ်။ ဒီလိုစစ်အုပ်ချုပ်ရေးကြေညာမှုကြောင့် အဲဒီဒေသတွေက ရုရှားလိုလားတဲ့ ဒေသန္တရခေါင်းဆောင်တွေဟာ ညမထွက်ရအမိန့်တွေ ချမှတ်ဖို့၊ ပိုင်ဆိုင်မှုတွေကို သိမ်းယူခွင့်၊ ခရီးသွားလာခွင့်နဲ့ လူသူစုဝေးမှုတွေကို ကန့်သတ်မိန့် ထုတ်ပြန်နိုင်မှာဖြစ်ပါတယ်။ ရုရှားရဲ့ အနာဂါတ်လုံခြုံရေးနဲ့ အဲဒီဒေသက မိမိလူတွေကို ကာကွယ်ပေးဖို့ အလွန်ကြီးမားပြီး ခက်ခဲတဲ့အခြေအနေတွေကို ကိုင်တွယ်ဖြေရှင်းဖို့ လုပ်ဆောင်နေကြောင်း ရုရှားသမ္မတပူတင်က ပြောပါတယ်။ ခါဆွန်ဒေသရှိ ရုရှားလိုလားတဲ့ အာဏာပိုင်တွေကတော့ ယူကရိန်းရဲ့တန်ပြန်တိုက်ခိုက်နိုင်ခြေကြောင့် အရပ်သားတွေကို ရွှေ့ပြောင်းပေးမှုတွေလုပ်ဆောင်နေပါတယ်။…
Read Moreလှိုင်မြို့နယ်မှာ စစ်တပ်က ဗိုလ်ကြီးအပါအဝင် ၃ဦး သေနတ်နဲ့ပစ်ခံရပြီး သေဆုံး
အောက်တိုဘာ ၂၀-၂၀၂၂ GG+KK(VOM) ရန်ကုန်မြို့ ၊လှိုင်မြို့နယ်၊ ၁၃ ရပ်ကွက်၊ ဗဟိုလမ်း သီရီမြိုင်မှတ်တိုင်အနီးမှာ ဒီကနေ့ မနက်ပိုင်းက ပစ်ခတ်မှုဖြစ်ပွားပြီး ဗိုလ်ကြီးဖြစ်သူနဲ့ဇနီးအပါအဝင် တပ်သားတစ်ဦးလည်း သေဆုံးခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။ ဒီကနေ့ မနက်ဆယ်နာရီဝန်းကျင်က လှိုင်မြို့နယ် ၁၃ ရပ်ကွက် ဗဟိုလမ်း သီရီမြိုင်မှတ်တိုင်အနီးမှာ လမ်းလျှောက်ပြန်လာတဲ့ အမျိုးသားနှစ်ဦးနဲ့အမျိုးသမီးတစ်ဦး ပစ်ခတ်ခံရပြီး သေဆုံးခဲ့တယ်လို့ ရပ်ကွက်နေသူတဦးက VOMကို ပြောပါတယ်။ “သေနတ်နဲ့ပစ်ခတ်ခံရပြီး လူသုံးဦးသေတာဟုတ်တယ် ဘယ်သူတွေလဲတော့မသိဘူး၊ ရပ်ကွက်ထဲမှာပြောနေတာ စစ်တပ်အရာရှိမိသားစု အပစ်ခံရတာလို့”ပြောပါတယ်။ စစ်တပ်ကနေ ခွင့်နဲ့ပြန်လာပြီး မိဘဖြစ်သူနေအိမ်ကို ခေတ္တနေထိုင်နေတဲ့ ဗိုလ်ကြီးနဲ့ဇနီးအပါအဝင် သုံးဦးဟာ ဒီကနေ့မနက်ပိုင်း အပြင်ကနေ နေအိမ်ကိုပြန်လာစဥ် ပစ်ခတ်ခံရတာဖြစ်တယ်လို့ စစ်တပ်နဲ့နီးစပ်သူတဦးက VOM ကိုပြောပါတယ်။ “သေတာက ဗိုလ်ကြီးမြင့်ဆွေရယ် တပ်သားအောင်ကိုမင်းရယ် သူ့မိန်းမရယ်၊ စားအုန်းဆီလာထုတ်တာလို့ ကြားတယ်”လို့ သူကပြောပါတယ်။ သေဆုံးသူသုံးဦးကို လူနာတင်ယာဥ်တွေနဲ့ မဂ်လာဒုံစစ်ဆေးရုံကို…
Read More