ရန်ကုန်မှာ YBS ၂ စီး မျက်နှာချင်းဆိုင်တိုက်မှု သေဆုံးသူ ၄ ဦးနဲ့ ထိခိုက်ဒဏ်ရာရသူ အယောက် ၃၀ ကျော်ရှိ

နိုဝင်ဘာ ၆ – ၂၀၂၂ SN (VOM) ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်၊ အောင်ဇေယျတံတားအဆင်း၊ ၁ ထိပ်၊ မီးပွိုင့်အနီးမှာ ဒီကနေ့ နိုဝင်ဘာ ၆ ရက်နေ့ နံနက်ပိုင်းက YBS 61 နဲ့ 69 တို့ မျက်နှာချင်းဆိုင်တိုက်မိခဲ့ပြီး သေဆုံးသူ ၄ ဦး ရှိခဲ့ကာ ထိခိုက်ဒဏ်ရာရသူ အယောက် ၃၀ ကျော်ရှိခဲ့တယ်လို့ သိရသည်။ ဖြစ်စဉ်မှာ အင်းစိန်မြို့နယ်ဘက်ကနေ အောင်ဇေယျတံတားပေါ်ကအဆင်း မောင်းနှင်လာတဲ့ YBS ၆၉ (မှန်လုံယာဥ်အသေး) နဲ့ လှိုင်သာယာမြို့နယ်ဘက်က မောင်းနှင်လာတဲ့ YBS ၆၁ (ခေတ်သစ်ဘုရင့်နောင်) ယာဥ်တို့ မျက်နှာချင်းဆိုင် တိုက်မိတာဖြစ်တယ်လို့ သိရပါတယ်။ “ဒီဖြစ်စဉ်ကတော့ ၆၁ က လမ်းပြောင်းပြန် ကျော်တက်လာတယ်။ တံတားပေါ်ကဆင်းလာတဲ့ ၆၉ ကလည်း လမ်းပြောင်းပြန် ကျော်ဆင်းလာကြတာပေါ့။ အောင်ဇေယျတံတားပေါ်မှာက…

Read More

သတင်းစာမှာ သီးနှံအထွက်ကောင်းပြီး ပြည်ပတင်ပို့မှုအားကောင်းသည်ဆိုသော်ငြား မြေပြင်မှာ အရှုံးနဲ့ရင်ဆိုင်နေရ

နိုဝင်ဘာ ၅ – ၂၀၂၂ SN (VOM) နိုင်ငံပိုင်သတင်းစာမှာ သီးနှံအထွက်ကောင်းပြီး ပြည်ပတင်ပို့မှုအားကောင်းသည်ဆိုသော်ငြား မြေပြင်အခြေအနေမှာတော့ အရှုံးနဲ့ရင်ဆိုင်နေရတယ်လို့ ပို့ကုန်သွင်းကုန် လုပ်ငန်းရှင်တွေက ပြောပါတယ်။ နိုဝင်ဘာ ၁ ရက်နေ့က ပြုလုပ်ခဲ့တဲ့ ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းဝေး (၈/၂၀၂၂)မှာ စိုက်ပျိုးရေးနဲ့ပတ်သက်ပြီး တိုင်းပြည်ဟာ သာယာဝပြောပြီး ဆန်နဲ့ပဲအပါအဝင် အခြားသီးနှံများ အထွက်နှုန်းကောင်းကာ ပြည်ပတင်ပို့မှုအားကောင်းလာတဲ့အတွက် ဒီထက်ပိုလုပ်နိုင်အောင်ကြိုးစားရမယ်လို့ နစကဥက္ကဋ္ဌက ပြောဆိုခဲ့တာ​လည်း ရှိပါတယ်။ အဲ့ဒီ့လို ပြောဆိုခဲ့တာနဲ့ ပတ်သက်ပြီး လုပ်ငန်းရှင်တဦးက “အထွက်နှုန်းကောင်းလို့ ပြည်ပတင်ပို့နိုင်တာ မဟုတ်ပါဘူး။ ကုန်သည်က ကုန်ကိုဆက်လှောင်ထားလို့ မရတော့လို့ အရင်နှစ်ကဟာတွေ ထုတ်ရောင်းရတာပါ။ မြေပြင်အခြေနေကို မျက်ကွယ်ပြုပြီး ဟန်ပြပြောနေတာ။ ဒေါ်လာဂယက်ကြောင့် တဖက်နိုင်ငံနဲ့ ကတိကဝတ်ပျက်မှာစိုးလို့ အရှုံးခံပို့နေရတဲ့အခြေနေပါ” လို့ ပြောပါတယ်။ လက်ရှိမှာတော့ စီးပွားရေး လုပ်ငန်းတွေဟာ နစကရဲ့ ဘဏ်ဝန်ဆောင်မှု ကန့်သတ်ချက်တွေ၊ ဒေါ်လာ…

Read More

ဈေး ၃ မျိုးဖြစ်နေတဲ့ မြန်မာ့ရွှေဈေးကွက်

‌နိုဝင်ဘာ ၆ – ၂၀၂၂ SN (VOM) လက်ရှိ မြန်မာ့ရွှေဈေးကွက်အတွင်းမှာ ရန်ကုန်တိုင်း‌ရွှေအသင်းက ထုတ်ပြန်သတ်မှတ်ဈေးနဲ့ ပြင်ပပေါက်ဈေးဆိုပြီး ဈေး ၃ မျိုး ဖြစ်ပေါ်နေပါတယ်။ ရွှေအသင်းကတော့ အောက်တိုဘာ ၃၀ ရက်နေ့ ရက်စွဲနဲ့ ရန်ကုန်တိုင်းအတွင်းက ရွှေဆိုင်အားလုံး အခေါက်ရွှေတကျပ်သား ၂၅ သိန်း ၃ သောင်းကျပ်နဲ့ ရောင်းချပေးဖို့ ပန်ကြားစာ ထုတ်ပြန်ထားပါတယ်။ ဒါပေမယ့် လက်ရှိ ‌ပြင်ပဈေးကွက်ထဲမှာတော့ ၂၆ သိန်းကျော်နဲ့ အရောင်းအဝယ် ဖြစ်နေပြီး အသင်းရဲ့ ရည်ညွှန်းဈေးကတော့ ၁၉ သိန်းကျော် ရှိနေတာဖြစ်ပါတယ်။ “ရွှေဈေးကတော့ သူတို့သတ်မှတ်ဈေးနဲ့က ဘယ်သူမှ မရောင်းနိုင်ပါဘူး။ သူတို့ကိုယ်တိုင်တောင် မရောင်းနိုင်ဘူး။ အခု ဈေးတန်းတစ်ခု သတ်မှတ်ပေးလိုက်တာတောင်မှ သူတို့ရည်ညွှန်းဈေးနဲ့မတူဘူး။ ဒါ သူတို့ကိုယ်တိုင်ကိုက အပြင်ပေါက်ဈေးရဲ့ အနေအထားကို မငြင်းနိုင်တာ၊ မျက်ကွယ်မပြုနိုင်တာ ထင်ရှားတာပေါ့။ ဒီ…

Read More

“လုယက်၊ အနုကြမ်းစီးမှုတွေကြားက မလုံခြုံတော့တဲ့ ပြည်သူ့ ဘဝတွေ”

သွေး (စစ်ကိုင်း) တစ်နေ့တခြား ပိုမိုများပြားလာနေတဲ့ လုယက်မှု၊ အနုကြမ်းစီးမှု၊ ပစ္စည်းယူလူသတ်မှုတွေကြောင့်ပြည်သူတွေကြားမှာ မလုံခြုံမှုတွေလည်း ခံစားလာရပါတယ်။ ဒီလို လုယက်မှု၊ အနုကြမ်းစီးမှုတွေဟာ ရန်ကုန်, မန္တလေးလို မြို့ကြီးတွေမှာသာမက နယ်မြို့တွေမှာပါ ဖြစ်ပေါ်နေတာ ဖြစ်ပါတယ်။ ရာဇဝတ်မှုတွေ များပြားလာရတာဟာ တရားဥပဒေ စိုးမိုးမှု ချည့်နဲ့, အားနည်းတာကို ဖော်ညွှန်းနေတယ်ဆိုပြီး ဝေဖန်သံတွေလည်း ထွက်ပေါ်လာနေတာပါ။ အရင်ခေတ်ကာလတွေတုန်းက ဖြစ်ပွားခဲ့တဲ့ လုယက်မှုတွေမှာ ပစ္စည်းကိုပဲ လုယူတာ အများစု ဖြစ်ပြီးအသက် သေတဲ့အထိ သတ်ဖြတ်တာ နည်းပါးပါတယ်။ ဒါပေမယ့် လက်ရှိကာလ လုယက်,အနုကြမ်းစီးမှုတွေမှာတော့ ပစ္စည်းကို ယူရုံသာမက အသက်ကိုပါ ရက်ရက်စက်စက် သတ်ဖြတ်သွားကြတယ်ဆိုတဲ့ သတင်းတွေကို စိတ်မကောင်းစရာ ကြားနေရပါတယ်။ လုသတ်မှုတွေဟာ လမ်းပေါ်မှာ ဖြစ်ပွားတာ ရှိသလို အိမ်ထဲအထိ ဝင်ပြီး လူယက်တာ, ဆိုင်တွေထဲထိဝင်ပြီး အနုကြမ်းစီး လုယက်တာတွေလည်း ရှိပါတယ်။ လမ်းပေါ်သွားလာ…

Read More
VOM News

FREE
VIEW