တန်ဇန်းနီးယား ခရီးသည်တင်လေယာဉ်ပျက်ကျမှု ၁၉ ဦးထက်မနည်း သေဆုံး

ဒိုဒိုမာ၊ နို၀င်ဘာ-၇-၂၀၂၂
မျိုးဆက်(VOM)

တန်ဇန်နီးယားခရီးသည်လေယာဉ်တစင်းဟာ ဘူကိုဘာမြို့့ရှိလေဆိပ်မှာ နို၀င်ဘာ ၆ ရက်ကဆင်းသကဖို့ ကြိုးပမ်းစဉ်တွင် ပျက်ကျမှုကြောင့် လူ ၁၉ ဦးထက်မနည်းသေဆုံးသွားပါတယ်။

လေယာဉ်ပေါ်ဟာ ဘူကိုဘာလေဆိပ်ပြေးလမ်းအဆုံးမှာရှိတဲ့ ရေကန်ထဲကို ပျက်ကျသွားခဲ့ပြီး ခရီးသည် ၄၃ ဦးအနက် ၂၄ ဦးအသက်ရှင်ကြောင်း လေကြောင်းပို့ဆောင်ရေးတာ၀န်ရှိသူတွေက ပြောပါတယ်။

လေယာဉ်မှူးနှစ်ဦးဟာ ကနဦးတွင် အသက်ရှင်နေပြီး လေယာဉ်မှူးအခန်းကနေပြီး ဒေသခံလေကြောင်းတာ၀န်ရှိသူတွေကို ဆက်သွယ်သတင်းပို့နိုင်ခဲ့ပေမယ့် နောက်ပိုင်းမှာ သေဆုံးသွားကြောင်း တန်ဇန်းနီးယား၀န်ကြီးချုပ်က ပြောပါတယ်။

လေယာဉ်ဟာ ဒေသစံတော်ချိန် နံနက် ၈ နာရီ ၅၀ မိနစ်မှာ လေဆိပ်အနီးက ရေကန်ထဲကို ပျက်ကျခဲ့တာဖြစ်ပြိး ဆိုးရွားတဲ့ ရာသီဥတုကြောင့် ပျက်ကျခဲ့တာဖြစ်တယ်လို့ တာ၀န်ရှိသူတွေက ပြောပါတယ်။

အသက်ရှင်ကျန်ရစ်သူတွေကို လက်ရှိမှာ ဆေးရုံသို့ပို့ဆောင်ထားပြီး ဒဏ်ရာပြင်းထန်ခြင်းမရှိကြောင်းနဲ့ နောက်ထပ်ညွှန်ကြားချက်မရမချင်း လေဆိပ်ကို ပိတ်ထားကြောင်း တာ၀န်ရှိသူတွေကပြောပါတယ်။

Ref: BBC
#voiceofmyanmar #VOM #ဒိုဒိုမာ

Related posts

Leave a Comment

VOM News

FREE
VIEW