ဘန်ကောက်၊ နို၀င်ဘာ-၈-၂၀၂၂ မျိုးဆက်(VOM) ထိုင်းနိုင်ငံမှာ ချမ်းသာကြွယ်၀တဲ့နိုင်ငံခြားသားတွေ အိမ်ခြံမြေ ၀ယ်ယူပိုင်ဆိုင်ခွင့် မူဝါဒကို အများပြည်သူကန့်ကွက်မှုတွေကြောင့် ရုပ်သိမ်းလိုက်ကြောင်း အစိုးရတာ၀န်ရှိသူတစ်ဦးက နို၀င်ဘာ ၈ ရက်မှာ အတည်ပြုပြောဆိုပါတယ်။ နိုင်ငံခြားရင်းနှီးမြုပ်နှံမှုတွေကို ဆွဲဆောင်ဖို့အတွက် ရည်ရွယ်တဲ့ အဲဒီမူဝါဒကို ယခုနှစ်အစောပိုင်းမှာ အစိုးရကထုတ်ပြန်ခဲ့ပြီး နိုင်ငံခြားသားတွေအနေနဲ့ အနည်းဆုံးဘတ်သန်း ၄၀ သို့မဟုတ် အမေရိကန်ဒေါ်လာ ၁ ဒသမ ၀၇ သန်းကို သုံးနှစ်ထက်မနည်း ရင်းနှီးမြုပ်နှံမယ်ဆိုရင် အိမ်ခြံမြေကဏ္ဍမှာ သုည ဒသမ ၁၆ ဟတ်တာထိ ၀ယ်ယူပိုင်ဆိုင်ခွင့်ပေးထားပါတယ်။ ဒါပေမယ့် သတ်မှတ်ထားတဲ့ ရင်းနှီးမြုပ်နှံမှု ပမာဏဟာ နည်းပါးလွန်းပြီး အဲဒီမူဝါဒဟာ အိမ်ခြံမြေစျေးနှုန်းတွေတက်စေပြီး နိုင်ငံသားတွေရဲ့ အိမ်ခြံမြေပိုင်ဆိုင်မှုကို ထိခိုက်စေတယ်လို့ ဝေဖန်သူတွေက ပြောဆိုပါတယ်။ အဘက်ဘက်က သဘောထားတွေတွေကို နားထောင်ပြီး ပြန်လည်သုံးသပ်ဖို့အတွက် ဒီအစီအစဉ်ကို ပြည်ထဲရေး၀န်ကြီးဌာနက ရုပ်သိမ်းလိုက်ကြောင်း အစိုးရပြောရေးဆိုခွင့်ရှိသူ Anucha Burapachaisri…
Read MoreDay: November 8, 2022
စစ်ရေးလေ့ကျင့်မှုတွေလုပ်နေတဲ့ တောင်ကိုရီးယား တန်ဖိုးကြီးကြီးပေးဆပ်ရမယ်လို့ မြောက်ကိုရီးယား သတိပေး
ပြုံးယမ်း၊ နို၀င်ဘာ-၈-၂၀၂၂ မျိုးဆက်(VOM) တောင်ကိုရီးယားရဲ့ နှစ်စဉ်ပြုလုပ်နေကျ စစ်ရေးလေ့ကျင့်မှုကို မြောက်ကိုရီးယားက ပြစ်တင်ဝေဖန်လိုက်ပြီး တန်ဖိုးကြီးကြီးပေးဆပ်ရမယ်လို့ သတိပေးပြောကြားလိုက်ပါတယ်။ မြောက်ကိုရီးယားရဲ့ နျူကလီးယားနဲ့ ဒုံးကျည်ခြိမ်းခြောက်မှုတွေကို အခြေခံပြီး ကွန်ပြူတာနဲ့ ပုံစံတူစစ်ရေးလေ့ကျင့်မှု Taegeuk ကို နို၀င်ဘာ ၇ ရက်ကနေ ၁၀ ရက် တောင်ကိုရီးယားက ပြုလုပ်နေပါတယ်။ ဒီစစ်ရေးလေ့ကျင့်မှုဟာ ကွန်ပြူတာနဲ့ပုံစံတူပြုလုပ်တာဆိုပေမယ့် တောင်ကိုရီးယားရဲ့ ရည်ရွယ်ချက်အစစ်အမှန်က ရန်လိုတဲ့သဘောဖြစ်တယ်လို့ မြောက်ကိုရီးယားက ဝေဖန်ပြောဆိုပါတယ်။ တောင်ကိုရီးယားနဲ့ အမေရိကန်တပ်တွေဟာ လေးလအတွင်း စစ်ရေးလေ့ကျင့်မှုတွေ ဆက်တိုက်ဆိုသလိုပြုလုပ်ခဲ့ကြပြီး ပြီးခဲ့တဲ့ သီတင်းပတ်အတွင်းကလည်း ငါးနှစ်အတွင်း အကြီးဆုံးလေတပ်ပူးတွဲစစ်ရေးလေ့ကျင့်ပြီး မြောက်ကိုရီးယားအပေါ် ဖိအားပေးခဲ့ပါတယ်။ အဲဒီလေကြောင်း ပူးတွဲစစ်ရေးလေ့ကျင့်မှုကို တုံ့ပြန်တဲ့အနေနဲ့ ပြီးခဲ့တဲ့ နို၀င်ဘာ ၂ ရက်ကနေ ၅ ရက်နေ့ထိ စစ်ရေးလေ့ကျင့်ခဲ့ပြီး ပဲ့ထိန်းဒုံးကျည် ၈၀ ကျော်နဲ့ အခြားဒုံးကျည်တွေ ပစ်ခတ်ခဲ့တယ်လို့ မြောက်ကိုရီးယားက ထုတ်ပြန်ပါတယ်။…
Read Moreမန္တလေးတိုင်း စိုက်ပျိုးရေးနဲ့မွေးမြူရေးဝန်ကြီး ဒေါက်တာစိုးသန်း အိုးဘိုထောင်ကနေ ပြန်လွတ်လာ
နိုဝင်ဘာ ၈-၂၀၂၂ Voice Of Myanmar မန္တလေးတိုင်း စိုက်ပျိုးရေးနဲ့မွေးမြူရေးဝန်ကြီးဟောင်း ဒေါက်တာစိုးသန်းဟာ ဒီကနေ့ မနက်ပိုင်းက မန္တလေး အိုးဘိုအကျဥ်းထောင်ကနေ ပြန်လည်လွတ်မြောက်လာခဲ့တယ်လို့ သိရပါတယ်။ “ဒီကနေ့ မနက်ကပဲ ပြန်လွှတ်လိုက်တယ်လို့ သိရတယ်၊ လွတ်ရက်ပြည့်လို့ပဲနေမှာပါ”လို့ ရဲနဲ့နီးစပ်သူတဦးက ပြောပါတယ်။ ဒေါက်တာစိုးသန်းရဲ့ မိသားစုကလည်း ဟုတ်မှန်ကြောင်း VOM ကို ပြောပါတယ်။ ဒေါက်တာစိုးသန်းဟာ ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၈ရက်နေ့က အောင်မြေသာစံမြို့နယ်တရားရုံးကနေ ဘေးစီမံပုဒ်မ-၂၅ ၊ ဘေးစီမံပုဒ်မ-၃၀(က) နဲ့ ထောင်ဒဏ် ၂ နှစ်ချမှတ်ခံခဲ့ရတာဖြစ်ပြီး ဒီကနေ့မှာ ပြန်လည်လွတ်မြောက်ခဲ့တာဖြစ်ပါတယ်။ Photo Crd – Original Uploader #VOM #voiceofmyanmar #ဒေါက်တာစိုးသန်း #ပြန်လွတ်လာ
Read Moreကနေဒါရွေးကောက်ပွဲတွေမှာ တရုတ်၀င်ရောက်စွက်ဖက်ဖို့ ကြိုးစားနေကြောင်း ၀န်ကြီချုပ်ထရူးဒေါ စွပ်စွဲ
တိုရွန်တို၊ နို၀င်ဘာ-၈-၂၀၂၂ မျိူးဆက်(VOM) ကနဒါရွေးကောက်ပွဲတွေမှာ တရုတ်နိုင်ငံက ၀င်ရောက်စွက်ဖက်ဖို့ ကြိုးစားနေကြောင်း ကနေဒါ၀န်ကြီးချုပ် ဂျက်စတင်ထရူးဒေါက နို၀င်ဘာ ၇ ရက်မှာ စွပ်စွဲပြောဆိုလိုက်ပါတယ်။ တရုတ်နိုင်ငံဟာ ဒီမိုကရေစီနိုင်ငံတွေကို ရန်လိုတဲ့အခြေအနေတွေ ဖန်တီးနေပြီး ကနေဒါရှိ အဖွဲ့အစည်းတွေကိုလည်း ပစ်မှတ်ထားနေကြောင်း ကနေဒါ၀န်ကြီးချုပ်က ပြောပါတယ်။ မကြာသေးမီက ပြုလုပ်ခဲ့တဲ့ ရွေးကောက်ပွဲတွေမှာ တရုတ်ကျောထောက်နောက်ခံပြုထားတဲ့ ကိုယ်စားလှယ်လောင်းတွေရဲ့ လျှို့ဝှက်ကွန်ရက်တခုကို ကနေဒါထောက်လှမ်းရေးက ဖော်ထုတ်တွေ့ရှိခဲ့တယ်လို့ ဒေသတွင်းသတင်းဌာနတွေက ဖော်ပြထားပါတယ်။ ၂၀၁၉ ခုနှစ်မှာ ကျင်းပခဲ့တဲ့ ကနေဒါရွေးကောက်ပွဲမှာ ကိုယ်စားလှယ်လောင်း ၁၁ ဦးထက်မနည်းကို တရုတ်က ကျောထောက်နောက်ခံပြုခဲ့တယ်လို့ ကနေဒါ၀န်ကြီးချုပ် ထရူးဒေါက ပြောပါတယ်။ ဒါ့အပြင် ကိုယ်စားလှယ်လောင်းတွေကို တရုတ်နိုင်ငံက ရန်ပုံငွေတိုက်ရိုက်ပေးအပ်ခဲ့ပြီး တရုတ်အကြံပေးတွေက မဲဆွယ်စည်းရုံးရေးတွေမှာ ပါ၀င်ဆောင်ရွက်ခဲ့ကြောင်း အမည်မဖော်လိုတဲ့ ထောက်လှမ်းရေး သတင်းရင်းများတွေက ထုတ်ဖော်ပြောဆိုပါတယ်။ Ref: BBC Photo:Getty Images #voiceofmyanmar…
Read Moreဆန်အဝင်နည်းပြီး ဝယ်လိုအားများနေတာကြောင့် ဆန်ကြမ်းဈေးနူန်း ဆက်တိုက်မြင့်တက်လာ
နိုဝင်ဘာ ၈ – ၂၀၂၂ SN (VOM) ပြည်တွင်း ဆန်ကြမ်းဈေးကွက်အတွင်း ဆန်အဝင်နည်းနေပြီး ဝယ်လိုအားများနေတာကြောင့် ဈေးတွေ ဆက်တိုက် မြင့်တက်လာနေတယ်လို့ ကုန်သည်တွေဆီက သိရပါတယ်။ ဆန်ထွက်ရှိမှု အခြေအနေမှာ ပြီးခဲ့တဲ့ မိုးစပါးပေါ်ချိန်ကာလကို ကျော်လွန်သွားတာကြောင့် ကုန်စည်ဒိုင်တွေအတွင်း ဆန်အဝင်နည်းနေပြီး အရင် ဆန်ပေါ်ချိန်က တစ်ရက်ကို ဆန်အိတ်ရေ ၁ သိန်းလောက် ဝင်နေရာကနေ အခု အိတ်ရေ ၅ သောင်းသာ အဝင်ရှိတော့တယ်လို့ သိရပါတယ်။ “အရင်ပုံမှန်ဆို ဆန်ဈေးက စပါးပေါ်ချိန်တွေဖြစ်တဲ့ မိုးစပါးထွက်ရှိချိန်နဲ့ နွေစပါး ထွက်ချိန်တွေမှာ ဈေးကျတတ်ပါတယ်။ ဒါပေမယ့် အခုကာလက မိုးစပါးအချိန်ကာလ ကျော်လွန်သွားသလို နွေစပါးရရှိဖို့ကလည်း အချိန် လိုနေသေးတဲ့အတွက် ပြည်တွင်း လက်လီစားသုံးသူ ဈေးကွက်မှာ ဆန်ဈေး မြင့်တက်လာနေတာ ဖြစ်ပါတယ်” လို့ ကုန်သည်တဦးက ပြောပါတယ်။ ဒါ့အပြင် ဆန်တန်ချိန်၂…
Read Moreဝဲဘို့တောင်ရွာမှာ ဘုန်းကြီးကျောင်း မီးလောင်မှု ဖြစ်ပွား
နိုဝင်ဘာ ၈၊ ၂၀၂၂ Shy V (VOM) မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ သံဖြူဇရပ်မြို့နယ်ရှိ ဝဲဘို့တောင်ကျေးရွာဘုန်းကြီးကျောင်းဟာ ဒီနေ့ နိုဝင်ဘာ ၈ ရက် မနက် ၆ နာရီခွဲ ဝန်းကျင်ခန့်က မီးလောင်ပျက်စီးသွားခဲ့တယ်လို့ လူမှုကူညီရေးအသင်းနဲ့ မီးသတ်ဦးစီးဌာနကနေ သိရပါတယ်။ “ကျောင်း ၂ ကျောင်းလုံး နှစ်ထပ်ဆောင် အကုန်လုံး ကုန်သွားတယ်၊ အဲဒီရွာမှာတော့ အဲဒီ ဘုန်းကြီးကျောင်း ၁ ကျောင်းပဲ ရှိတာဖြစ်ပြီး ကျောင်း ဆောင်တွေလည်း သိပ်မရှိဘူး။ရွာဆိုတော့ ရွာက လူတွေကတော့ အဆင်ပြေအောင်တော့ လုပ်ပေးမယ် ထင်တာပဲ။ ကျောင်းကတော့ တကျောင်းပဲ တွေ့တယ်။ နောက် ကျောင်းဆောင်တွေရော သိပ်မရှိဘူး။ အဲဒီကျောင်းကြီး ၁ ကျောင်းပဲရှိတာ၊ မီးလောင်သွားတယ် ဆိုတော့ နေစရာတော့ အခုတော့ မသိသေးဘူး။ “လို့ လူမှုကူညီရေး အသင်းမှ တာဝန်ရှိသူတဦးက…
Read Moreထိုင်းမှာ သေနတ်ကိုင်ဆောင်မှုထိန်းချုပ်ရေး စိန်ခေါ်မှုတွေရှိနေ
ဘန်ကောက်၊ နို၀င်ဘာ-၇-၂၀၂၂ မျိုးဆက်(VOM) ထိုင်းနိုင်ငံမှာ လွန်ခဲ့တဲ့လကဖြစ်ပွားခဲ့တဲ့ အစုလိုက်အပြုံလိုက် သေနတ်ပစ်ခတ်မှုဖြစ်ပွားပြီးနောက် သေနတ်ကိုင်ဆောင်မှု ထိန်းချုပ်ရေး ထိုင်းအစိုးရရဲ့ အစီအမံတွေမှာ စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။ ထိုင်းနိုင်ငံအရှေ့မြောက်ပိုင်းရှိ မူကြိုကျောင်းတစ်ခုမှာ ရဲ၀န်ထမ်းဟောင်းတဦးရဲ့ အောက်တိုဘာ ၆ ရက်က သေနတ်နဲ့ ပစ်ခတ်တိုက်ခိုက်မှုကြောင့် ကလေးငယ် ၂၄ ဦးအပါ၀အ၀င် လူ ၃၆ ဦးသေဆုံးခဲ့ပါတယ်။ အဲဒီဖြစ်စဉ်ဖြစ်ပွားပြီးနောက် ထိုင်းအစိုးရဟာ သေနတ်ထိန်းချုပ်ရေး အစီအမံတွေကို တိုးမြှင့်လုပ်ဆောင်ခဲ့ပြီး သေနတ်ကိုင်ဆောင်ခွင့်လိုင်စင်လျှောက်ထားသူတွေနဲ့ လိုင်စင်ရရှိပြီးသူတွေကို စိတ်ပိုင်းဆိုင်ရာ အကဲဖြတ်မှုတွေ လုပ်ဆောင်လျှက်ရှိပါတယ်။ ဒါပေမယ့်လည်း ထိုင်းနိုင်ငံတွင်းမှာ သေနတ်အများအပြား တရားမ၀င် ပျံ့နှံ့ကိုင်ဆောင်နေကြပြီး ဒိအပေါ် ထိထိရောက်ရောက် အရေးယူနိုင်ခြင်းမရှိတာက သေနတ်ထိန်းချုပ်ရေးနဲ့ပတ်သက်ပြီး ထိုင်းအစိုးရအတွက် စိန်ခေါ်မှုတရပ်ဖြစ်ပါတယ်။ ထိုင်းနိုင်ငံမှာ ၂၀၁၇ ခုနှစ်စာရင်းအရ တရား၀င်သေနတ်ကိုင်ဆောင်သူ ၁၀ သန်းကျော်ရှိကြောင်း ဆွစ်ဇာလန်သုတေနသနအဖွဲ့တစ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။ အသက် ၂၀ နှစ်အထက် ရာဇ၀တ်မှတ်တမ်းမရှိဘဲ…
Read Moreတန်ဇန်းနီးယား ခရီးသည်တင်လေယာဉ်ပျက်ကျမှု ၁၉ ဦးထက်မနည်း သေဆုံး
ဒိုဒိုမာ၊ နို၀င်ဘာ-၇-၂၀၂၂ မျိုးဆက်(VOM) တန်ဇန်နီးယားခရီးသည်လေယာဉ်တစင်းဟာ ဘူကိုဘာမြို့့ရှိလေဆိပ်မှာ နို၀င်ဘာ ၆ ရက်ကဆင်းသကဖို့ ကြိုးပမ်းစဉ်တွင် ပျက်ကျမှုကြောင့် လူ ၁၉ ဦးထက်မနည်းသေဆုံးသွားပါတယ်။ လေယာဉ်ပေါ်ဟာ ဘူကိုဘာလေဆိပ်ပြေးလမ်းအဆုံးမှာရှိတဲ့ ရေကန်ထဲကို ပျက်ကျသွားခဲ့ပြီး ခရီးသည် ၄၃ ဦးအနက် ၂၄ ဦးအသက်ရှင်ကြောင်း လေကြောင်းပို့ဆောင်ရေးတာ၀န်ရှိသူတွေက ပြောပါတယ်။ လေယာဉ်မှူးနှစ်ဦးဟာ ကနဦးတွင် အသက်ရှင်နေပြီး လေယာဉ်မှူးအခန်းကနေပြီး ဒေသခံလေကြောင်းတာ၀န်ရှိသူတွေကို ဆက်သွယ်သတင်းပို့နိုင်ခဲ့ပေမယ့် နောက်ပိုင်းမှာ သေဆုံးသွားကြောင်း တန်ဇန်းနီးယား၀န်ကြီးချုပ်က ပြောပါတယ်။ လေယာဉ်ဟာ ဒေသစံတော်ချိန် နံနက် ၈ နာရီ ၅၀ မိနစ်မှာ လေဆိပ်အနီးက ရေကန်ထဲကို ပျက်ကျခဲ့တာဖြစ်ပြိး ဆိုးရွားတဲ့ ရာသီဥတုကြောင့် ပျက်ကျခဲ့တာဖြစ်တယ်လို့ တာ၀န်ရှိသူတွေက ပြောပါတယ်။ အသက်ရှင်ကျန်ရစ်သူတွေကို လက်ရှိမှာ ဆေးရုံသို့ပို့ဆောင်ထားပြီး ဒဏ်ရာပြင်းထန်ခြင်းမရှိကြောင်းနဲ့ နောက်ထပ်ညွှန်ကြားချက်မရမချင်း လေဆိပ်ကို ပိတ်ထားကြောင်း တာ၀န်ရှိသူတွေကပြောပါတယ်။ Ref: BBC #voiceofmyanmar…
Read Moreစစ်တွေမှာ အဓိဋ္ဌာန်ဆရာတော်ကြီးဦးစီးတဲ့ ရဟန်းအပါး (၁၈၀) နဲ့ သီလရှင် (၁၂၀)ပါး ခံယူပွဲ ကျင်းပ
နိုဝင်ဘာ ၇- ၂၀၂၂ SW(VOM) ရခိုင်ပြည်နယ်၊ စစ်တွေမြို့ အဓိဋ္ဌာန်ကျောင်းတိုက်မှာ တန်ဆောင်တိုင်ကာလ ဒီကနေ့ နိုဝင်ဘာ ၇ ရက်နေ့ မနက် ၈ နာရီက ရဟန်အပါး ၁၈၀ နဲ့ သီလရှင်အပါး ၁၂၀ ခံယူပွဲကို ကမ္ဘာ့သာသနာပြုမဟာဇေယျသိဒ္ဓိ အဓိဋ္ဌာန်ဆရာတော်ကြီးဦးစီးပြီး ကျင်းပခဲ့ပါတယ်။ မူလက ရဟန် ၁၀၈ ပါးနဲ့ သီလရှင် ၁၀၈ ပါးခံယူပွဲ ဖြစ်ပေမယ့် ရဟန်း၊ သီလ ရှင်အပါးရေဟာ သတ်မှတ်ထားတာထက်ပိုများနေတာ ဖြစ်ပါတယ်။ အလှူရှင်တွေကတော့ စစ်တွေမြို့နယ် အမြင့်ကျွန်းကျေးရွာဇာတိဖြစ်တဲ့ ဦးမောင်မောင်လှနဲ့ ဒေါ်ခင်ထွေးရီတို့ ဖြစ်ကြပြီး ရဟန်း၊ သီလ ရှင်ခံယူပွဲနဲ့ ကထိန်အလှူမင်္ဂလာ ဖြစ်မြောက်ရေး အလှူရှင်တွေဖြစ်တယ်လို့ သိရပါတယ်။ #VOM #voiceofmyanmar #စစ်တွေ
Read More