ကနေဒါရွေးကောက်ပွဲတွေမှာ တရုတ်၀င်ရောက်စွက်ဖက်ဖို့ ကြိုးစားနေကြောင်း ၀န်ကြီချုပ်ထရူးဒေါ စွပ်စွဲ

တိုရွန်တို၊ နို၀င်ဘာ-၈-၂၀၂၂
မျိူးဆက်(VOM)

ကနဒါရွေးကောက်ပွဲတွေမှာ တရုတ်နိုင်ငံက ၀င်ရောက်စွက်ဖက်ဖို့ ကြိုးစားနေကြောင်း ကနေဒါ၀န်ကြီးချုပ် ဂျက်စတင်ထရူးဒေါက နို၀င်ဘာ ၇ ရက်မှာ စွပ်စွဲပြောဆိုလိုက်ပါတယ်။

တရုတ်နိုင်ငံဟာ ဒီမိုကရေစီနိုင်ငံတွေကို ရန်လိုတဲ့အခြေအနေတွေ ဖန်တီးနေပြီး ကနေဒါရှိ အဖွဲ့အစည်းတွေကိုလည်း ပစ်မှတ်ထားနေကြောင်း ကနေဒါ၀န်ကြီးချုပ်က ပြောပါတယ်။

မကြာသေးမီက ပြုလုပ်ခဲ့တဲ့ ရွေးကောက်ပွဲတွေမှာ တရုတ်ကျောထောက်နောက်ခံပြုထားတဲ့ ကိုယ်စားလှယ်လောင်းတွေရဲ့ လျှို့ဝှက်ကွန်ရက်တခုကို ကနေဒါထောက်လှမ်းရေးက ဖော်ထုတ်တွေ့ရှိခဲ့တယ်လို့ ဒေသတွင်းသတင်းဌာနတွေက ဖော်ပြထားပါတယ်။

၂၀၁၉ ခုနှစ်မှာ ကျင်းပခဲ့တဲ့ ကနေဒါရွေးကောက်ပွဲမှာ ကိုယ်စားလှယ်လောင်း ၁၁ ဦးထက်မနည်းကို တရုတ်က ကျောထောက်နောက်ခံပြုခဲ့တယ်လို့ ကနေဒါ၀န်ကြီးချုပ် ထရူးဒေါက ပြောပါတယ်။

ဒါ့အပြင် ကိုယ်စားလှယ်လောင်းတွေကို တရုတ်နိုင်ငံက ရန်ပုံငွေတိုက်ရိုက်ပေးအပ်ခဲ့ပြီး တရုတ်အကြံပေးတွေက မဲဆွယ်စည်းရုံးရေးတွေမှာ ပါ၀င်ဆောင်ရွက်ခဲ့ကြောင်း အမည်မဖော်လိုတဲ့ ထောက်လှမ်းရေး သတင်းရင်းများတွေက ထုတ်ဖော်ပြောဆိုပါတယ်။

Ref: BBC
Photo:Getty Images
#voiceofmyanmar #VOM #တိုရွန်တို

Related posts

Leave a Comment

VOM News

FREE
VIEW