ထိုင်းမှာ နိုင်ငံခြားသားတွေ အိမ်ခြံမြေ ၀ယ်ယူပိုင်ဆိုင်ခွင့် ရုပ်သိမ်း

ဘန်ကောက်၊ နို၀င်ဘာ-၈-၂၀၂၂
မျိုးဆက်(VOM)

ထိုင်းနိုင်ငံမှာ ချမ်းသာကြွယ်၀တဲ့နိုင်ငံခြားသားတွေ အိမ်ခြံမြေ ၀ယ်ယူပိုင်ဆိုင်ခွင့် မူဝါဒကို အများပြည်သူကန့်ကွက်မှုတွေကြောင့် ရုပ်သိမ်းလိုက်ကြောင်း အစိုးရတာ၀န်ရှိသူတစ်ဦးက နို၀င်ဘာ ၈ ရက်မှာ အတည်ပြုပြောဆိုပါတယ်။

နိုင်ငံခြားရင်းနှီးမြုပ်နှံမှုတွေကို ဆွဲဆောင်ဖို့အတွက် ရည်ရွယ်တဲ့ အဲဒီမူဝါဒကို ယခုနှစ်အစောပိုင်းမှာ အစိုးရကထုတ်ပြန်ခဲ့ပြီး နိုင်ငံခြားသားတွေအနေနဲ့ အနည်းဆုံးဘတ်သန်း ၄၀ သို့မဟုတ် အမေရိကန်ဒေါ်လာ ၁ ဒသမ ၀၇ သန်းကို သုံးနှစ်ထက်မနည်း ရင်းနှီးမြုပ်နှံမယ်ဆိုရင် အိမ်ခြံမြေကဏ္ဍမှာ သုည ဒသမ ၁၆ ဟတ်တာထိ ၀ယ်ယူပိုင်ဆိုင်ခွင့်ပေးထားပါတယ်။

ဒါပေမယ့် သတ်မှတ်ထားတဲ့ ရင်းနှီးမြုပ်နှံမှု ပမာဏဟာ နည်းပါးလွန်းပြီး အဲဒီမူဝါဒဟာ အိမ်ခြံမြေစျေးနှုန်းတွေတက်စေပြီး နိုင်ငံသားတွေရဲ့ အိမ်ခြံမြေပိုင်ဆိုင်မှုကို ထိခိုက်စေတယ်လို့ ဝေဖန်သူတွေက ပြောဆိုပါတယ်။

အဘက်ဘက်က သဘောထားတွေတွေကို နားထောင်ပြီး ပြန်လည်သုံးသပ်ဖို့အတွက် ဒီအစီအစဉ်ကို ပြည်ထဲရေး၀န်ကြီးဌာနက ရုပ်သိမ်းလိုက်ကြောင်း အစိုးရပြောရေးဆိုခွင့်ရှိသူ Anucha Burapachaisri က သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။ ဒီကိစ္စဟာ သိမ်မွေ့တဲ့ကိစ္စဖြစ်ပြီး အားသာချက်အားနည်းချက်တွေကို ချိန်ဆဖို့ လေ့လာမှုတရပ်လုပ်ဖို့လိုကြောင်း သူကပြောပါတယ်။

ထိုင်းနိုင်ငံဟာ အလားအလာရှိတဲ့ နိုင်ငံခြားသားတွေ၊ ချမ်းသာကြွယ်၀တဲ့ အငြိမ်းစားတွေနဲ့ ကျွမ်းကျင်တွေအတွက် ရေရှည်ဗီဇာနဲ့ ၀င်ငွေခွန်လျှော့ချပေးတာအပါအ၀င် စီးပွားရေးကဏ္ဍကို မြှင့်တင်ဖို့ နိုင်ငံခြားရင်းနှီးမြုပ်နှံမှုတွေကို ဆွဲဆောင်နေပါတယ်။

Ref: CNA
Photo:Reuters
#voiceofmyanmar #VOM #ဘန်ကောက်

Related posts

Leave a Comment

VOM News

FREE
VIEW