စစ်တွေမှာ အဓိဋ္ဌာန်ဆရာတော်ကြီးဦးစီးတဲ့ ရဟန်းအပါး (၁၈၀) နဲ့ သီလရှင် (၁၂၀)ပါး ခံယူပွဲ ကျင်းပ

နိုဝင်ဘာ ၇- ၂၀၂၂
SW(VOM)

ရခိုင်ပြည်နယ်၊ စစ်တွေမြို့ အဓိဋ္ဌာန်ကျောင်းတိုက်မှာ တန်ဆောင်တိုင်ကာလ ဒီကနေ့ နိုဝင်ဘာ ၇ ရက်နေ့ မနက် ၈ နာရီက ရဟန်အပါး ၁၈၀ နဲ့ သီလရှင်အပါး ၁၂၀ ခံယူပွဲကို ကမ္ဘာ့သာသနာပြုမဟာဇေယျသိဒ္ဓိ အဓိဋ္ဌာန်ဆရာတော်ကြီးဦးစီးပြီး ကျင်းပခဲ့ပါတယ်။

မူလက ရဟန် ၁၀၈ ပါးနဲ့ သီလရှင် ၁၀၈ ပါးခံယူပွဲ ဖြစ်ပေမယ့် ရဟန်း၊ သီလ ရှင်အပါးရေဟာ သတ်မှတ်ထားတာထက်ပိုများနေတာ ဖြစ်ပါတယ်။

အလှူရှင်တွေကတော့ စစ်တွေမြို့နယ် အမြင့်ကျွန်းကျေးရွာဇာတိဖြစ်တဲ့ ဦးမောင်မောင်လှနဲ့ ဒေါ်ခင်ထွေးရီတို့ ဖြစ်ကြပြီး ရဟန်း၊ သီလ ရှင်ခံယူပွဲနဲ့ ကထိန်အလှူမင်္ဂလာ ဖြစ်မြောက်ရေး အလှူရှင်တွေဖြစ်တယ်လို့ သိရပါတယ်။

#VOM #voiceofmyanmar #စစ်တွေ

Related posts

✕
VOM News

FREE
VIEW