ဘန်ကောက်၊ နို၀င်ဘာ-၇-၂၀၂၂
မျိုးဆက်(VOM)
ထိုင်းနိုင်ငံမှာ လွန်ခဲ့တဲ့လကဖြစ်ပွားခဲ့တဲ့ အစုလိုက်အပြုံလိုက် သေနတ်ပစ်ခတ်မှုဖြစ်ပွားပြီးနောက် သေနတ်ကိုင်ဆောင်မှု ထိန်းချုပ်ရေး ထိုင်းအစိုးရရဲ့ အစီအမံတွေမှာ စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။
ထိုင်းနိုင်ငံအရှေ့မြောက်ပိုင်းရှိ မူကြိုကျောင်းတစ်ခုမှာ ရဲ၀န်ထမ်းဟောင်းတဦးရဲ့ အောက်တိုဘာ ၆ ရက်က သေနတ်နဲ့ ပစ်ခတ်တိုက်ခိုက်မှုကြောင့် ကလေးငယ် ၂၄ ဦးအပါ၀အ၀င် လူ ၃၆ ဦးသေဆုံးခဲ့ပါတယ်။
အဲဒီဖြစ်စဉ်ဖြစ်ပွားပြီးနောက် ထိုင်းအစိုးရဟာ သေနတ်ထိန်းချုပ်ရေး အစီအမံတွေကို တိုးမြှင့်လုပ်ဆောင်ခဲ့ပြီး သေနတ်ကိုင်ဆောင်ခွင့်လိုင်စင်လျှောက်ထားသူတွေနဲ့ လိုင်စင်ရရှိပြီးသူတွေကို စိတ်ပိုင်းဆိုင်ရာ အကဲဖြတ်မှုတွေ လုပ်ဆောင်လျှက်ရှိပါတယ်။
ဒါပေမယ့်လည်း ထိုင်းနိုင်ငံတွင်းမှာ သေနတ်အများအပြား တရားမ၀င် ပျံ့နှံ့ကိုင်ဆောင်နေကြပြီး ဒိအပေါ် ထိထိရောက်ရောက် အရေးယူနိုင်ခြင်းမရှိတာက သေနတ်ထိန်းချုပ်ရေးနဲ့ပတ်သက်ပြီး ထိုင်းအစိုးရအတွက် စိန်ခေါ်မှုတရပ်ဖြစ်ပါတယ်။
ထိုင်းနိုင်ငံမှာ ၂၀၁၇ ခုနှစ်စာရင်းအရ တရား၀င်သေနတ်ကိုင်ဆောင်သူ ၁၀ သန်းကျော်ရှိကြောင်း ဆွစ်ဇာလန်သုတေနသနအဖွဲ့တစ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။
အသက် ၂၀ နှစ်အထက် ရာဇ၀တ်မှတ်တမ်းမရှိဘဲ ၀င်ငွေပုံမှန်ရှိသူတွေအနေနဲ့ သေနတ်ကို တရား၀င်၀ယ်ယူကိုင်ဆောင်နိုင်ပြီး စျေးသက်သာတဲ့ သေနတ်တွေကို ဘတ် သုံးသောင်း သို့မဟုတ် ဒေါ်လာ ၈၀၀ နဲ့ ရောင်းချလျှက်ရှိပါတယ်။
Ref: NHK
#voiceofmyanmar #VOM #ဘန်ကောက်