တရုတ်နဲ့အငြင်းပွားဖွယ်နယ်စပ်မှာ အမေရိကန်-အိန္ဒိယ ပူးတွဲစစ်ရေးလေ့ကျင့်ဖို့ စီစဉ်နေ

ဒေလီ၊ နို၀င်ဘာ-၁၆-၂၀၂၂
မျိုးဆက်(VOM)

အမေရိကန်နဲ့ အိန္ဒိယတို့ရဲ့နှစ်စဉ်ပူးတွဲစစ်ရေးလေ့ကျင့်မှုကို ယခုလအတွင်း ပြုလုပ်သွားဖို့ စီစဉ်နေကြောင်း အိန္ဒိယစစ်တပ်က နို၀င်ဘာ ၁၅ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။

အဲဒီစစ်ရေးလေ့ကျင့်မှုကို တရုတ်နိုင်ငံနဲ့ အငြင်းပွားဖွယ် နယ်နိမိတ်ချင်းထိစပ်နေတဲ့ ဥတာရာခန်းပြည်နယ်မှာ ပြုလုပ်သွားမှာဖြစ်ပြီး ထောက်ပံ့ပို့ဆောင်ရေး၊ တောင်ပေါ်ဒေသစစ်ရေးလှုပ်ရှားမှု၊ ဆိုးရွားတဲ့ မြေပြင်အနေအထားနဲ့ ရာသီဥတုအခြေအနေတို့မှာ တိုက်ခိုက်ရေးနဲ့ ဆေးဘက်ဆိုင်ရာ အကူအညီပေးရေး လေ့ကျင့်မှုတွေ ပါ၀င်မှာဖြစ်ပါတယ်။

အိန္ဒိယနှဲ့ တရုတ်နိုင်ငံတို့အကြား နယ်နိမိတ်အငြင်းပွားမှုဟာ ကာလအတန်ကြာဆက်လက်ဖြစ်ပွားနေပြီး ၂၀၂၀ ခုနှစ်ကဖြစ်ပွားခဲ့တဲ့ ပဋိပက္ခများအတွင်း နှစ်နိုင်ငံမှတပ်ဖွဲ့၀င်တွေ ထိခိုက်ကျဆုံးမှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။

အိန္ဒိယနိုင်ငံဟာ တရုတ်နိုင်ငံရဲ့တိုးပွားလာတဲ့ ရေကြောင်းဆိုင်ရာလှုပ်ရှားမှုတွေကို တန်ပြန်ဖို့အတွက် သူ့ရဲ့ရေတပ်စွမ်းရည်ကိုလည်း မြှင့်တင်ဖို့ စီစဉ်နေပါတယ်။

ဂျပန်နိုင်ငံအနီး ပစိဖိတ်ဒေသမှာ နို၀င်ဘာ ၁၅ ရက်ကပြီးဆုံးခဲ့တဲ့ အမေရိကန်၊ ဂျပန်နဲ့ သြစတြေးလျတပ်တွေပါ၀င်တဲ့ ပူးတွဲစစ်ရေးလေ့ကျင့်မှုမှာ အိန္ဒိယရေတပ်လည်း ပါ၀င်လုပ်ဆောင်ခဲ့ပါတယ်။

Ref: NHK
#voiceofmyanmar #VOM #ဒေလီ

Related posts

Leave a Comment

VOM News

FREE
VIEW