ရွှေဘို​မြို့နယ် ဆင်အင်းနယ်မြေရဲစခန်းနားမှာ ထိတွေ့တိုက်ပွဲဖြစ်ပွား

နိုဝင်ဘာ ၊ ၂၀ ၊ ၂၀၂၂ SP( VOM) စစ်ကိုင်းတိုင်း ၊ ရွှေဘိုခရိုင် ၊ ရွှေဘိုမြို့နယ် ၊ ဆင်အင်းကျေးရွာ ၊ ဆင်အင်းနယ်မြေရဲစခန်းနားမှာ ဒီကနေ့ မနက်ပိုင်းက နယ်မြေရှင်းလင်းရေး စစ်ကြောင်းအဖွဲ့နဲ့ အမည်မသိ လက်နက်ကိုင်အဖွဲ့တွေအကြား ထိတွေ့တိုက်ပွဲဖြစ်ပွားပြီး အလောင်းတွေနဲ့ လက်နက်ခဲယမ်းတွေကို စစ်ကြောင်းအဖွဲ့က သိမ်းဆည်းသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ “ဆင်အင်းရွာရဲ့ အနောက်တောင်ဘက် မူးမြစ်နားမှာ ဒီမနက် ၈ နာရီဝန်းကျင်က ဖြစ်တာပါ ၊ ပစ်ခတ်သံတွေကြားရတော့ ထွက်ပြေးတိမ်းရှောင်နေရတာကြောင့် ဘယ်အဖွဲ့နဲ့ ဖြစ်တယ်ဆိုတာ သေခြာမသိရဘူး ၊ ပစ်ခတ်ချိန် အနည်းငယ်ကြာတယ်”လို့ ဆင်အင်းနယ် ဒေသခံတယောက်က ပြောပါတယ်။ အဲ့ဒီဖြစ်စဥ်နဲ့ပတ်သက်ပြီး ရွှေဘိုခရိုင် လုံခြုံရေးအဖွဲ့နဲ့ နီးစပ်သူ တယောက်က” ဆင်အင်းရွာမှာ အခြေပြုတဲ့ စခန်းတခုကို နယ်မြေရှင်းလင်းရေး စစ်ကြောင်းအဖွဲ့က ဝင်ရောက်စီးနင်း သိမ်းဆည်းတာဖြစ်တယ်…

Read More

မွေးမြူရေးအစာတွေ စျေးတက်တာကြောင့် တနိုင်တပိုင်မွေးမြူသူတွေ အခက်အခဲဖြစ်နေ

နိုဝင်ဘာ ၂၀-၂၀၂၂ GG(VOM) ဝက် အပါအဝင် ကြက် ၊ ဘဲ ၊ ငါး အပါအဝင် မွေးမြူရေးအစာအစာတွေ စျေးနူန်းမြင့်တက်လာတာကြောင့် တနိုင်တပိုင်မွေးမြူရေးလုပ်ကိုင်သူတွေ အခက်အခဲဖြစ်နေ​ကြရတယ်လို့သိရပါတယ်။ ကုမ္ပဏီကထုတ်တဲ့ မွေးမြူရေးအစာစျေးနူန်းတွေကသာ တက်နေပြီး မွေးမြူရေးလုပ်ကိုင်သူတွေက ဝက် ၊ ကြက် ၊ ဘဲတွေကို ပြန်လည်ရောင်းချတဲ့အခါမှာတော့ ဝယ်ရောင်းလုပ်ကိုင်တဲ့ အဝယ်ပွဲစားဆိုသူတွေက ခြံဖမ်းစျေးကို စျေးနှိမ်တာကြောင့် အရှုံးနဲ့ရင်ဆိုင်ရတာရှိနေပါတယ်။ ဒါ့အပြင် ဝက်ခြံတွေမှာ ဝက်တွေနာတာကြောင့် ဝက်​ြခံအုပ်လိုက်သေဆုံးတာတွေ၊ တနိုင်တပိုင်မွေးမြူရေးလုပ်သူတွေ ခြံမှာလည်း ဝက်နာသေဆုံးတာတွေရှိနေပါတယ်။ ” အခုဆို အစာစျေးက တလကို ၂ကြိမ်လောက်တက်နေတယ်။ အဲ့ဒီတော့ အရင်ကနဲ့ပြန်ကြည့်ရင် အစာအိတ် တအိတ်ကို ၅၀၀၀ လောက်တက်နေတယ်။ တလကို အစာအိတ် ၆အိတ်လောက် ကျနော်တို့ ဝက်ကျွေးရတယ်ဆိုရင် ၃၀၀၀၀ လောက်များသွားပြီ။ ဆေးဖိုးကရှိသေးတယ်။အစာစျေးတွေက အကုန်တက်နေတာ၊အဲ့ဒီအထဲမှာမှ ဝက်က တနိုင်တပိုင်လုပ်သူလည်းများတယ်၊အကြီးကျယ်မွေးသူလည်းများတယ်။ဝက်နာမိရင်တခြံလုံးအပြတ်ပဲ ၊…

Read More

ကြံ ၁ တန် အမြင့်ဆုံး ကျပ် ၉ သောင်း သတ်မှတ်ပေမယ့် တောင်သူတွက်ခြေကိုက်တဲ့ဈေး မဟုတ်သေး

နိုဝင်ဘာ ၂၀ – ၂၀၂၂ SN (VOM) အခုနှစ် ကြံရာသီအတွက် ကြံ ၁ တန်ကို အနိမ့်ဆုံး ကျပ် ၇ သောင်းကနေ အမြင့်ဆုံး ကျပ် ၉ သောင်းအထိ သတ်မှတ်ထားပေမယ့် တောင်သူတွေအတွက် တွက်ခြေကိုက်တဲ့ဈေး မဟုတ်သေးဘူးလို့ သိရပါတယ်။ ပြီးခဲ့တဲ့ ဩဂုတ်လတုန်းက ကြံ ၁ တန်ကို ကျပ် ၈ သောင်းနှုန်းနဲ့ ဝယ်ယူမယ်လို့ သကြားစက်အချို့က ကြေညာခဲ့ပြီး အခု နိုဝင်ဘာလမှာတော့ ကျပ် ၉ သောင်းအထိ မြင့်တက်လာတာဖြစ်ပါတယ်။ လာမယ့် ဒီဇင်ဘာမှာ ကြံရာသီ စတင်တော့မှာဖြစ်တဲ့အတွက် ရှမ်းပြည်နယ်(မြောက်ပိုင်း) နဲ့ စစ်ကိုင်းတိုင်းဒေသကြီးတို့မှာ သကြားစက်တွေတည်ကာ ပြင်ဆင်နေကြပြီဖြစ်ပါတယ်။ “သူတို့ဖွင့်ထားတဲ့ ဈေးကတော့ ၇ သောင်းကနေ ၉ သောင်းအထိလို့ သိရတယ်။ ဒါပေမယ့် ကျွန်တော်တို့တောင်သူတွေအတွက်ကတော့ ဒီဈေးရလည်း…

Read More

ခရမ်းမှာ ရပ်ကွက်နဲ့ကျေးရွာပါမကျန် ဆိုင်ကယ်စီးခွင့်ပိတ်မယ်

နိုဝင်ဘာ ၂၀ GG(VOM) ရန်ကုန်တိုင်း၊ ခရမ်းမြို့နယ်ထဲက ရပ်ကွက်၊ကျေးရွာ ပါမကျန် အားလုံး လာမယ့်နိုဝင်ဘာ ၂၆ ရက်နေ့ကစပြီး ဆိုင်ကယ်စီးခွင့်ပိတ်မှာဖြစ်တယ်လို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့က အသိပေးလိုက်ပါတယ်။ ရပ်ရွာတွေအထိပါ ဆိုင်ကယ်စီးခွင့်ပိတ်မယ့်အစီစဥ်က ကျေးရွာနေထိုင်သူတွေအတွက် အမှန်တကယ် အဆင်မပြေကြောင်း၊သွားလာရေး အလွန်ခက်ခဲတာတွေဖြစ်လာနိုင်တဲ့အပြင် ကျန်းမာရေးကိစ္စတွေအတွက်သွားလာရာမှာပါ အခက်ကြုံတာကြောင့် ဒုက္ခရောက်နိုင်တယ်လို့ ခရမ်းဒေသခံတချို့က ပြောပါတယ်။ ” ရွာတွေမှာက ဆိုင်ကယ်အဓိကအသုံးပြုလုပ်ကိုင်နေရတာ၊တခုခုဆို ဒီဆိုင်ကယ်ပဲရှိတာ။စက်ဘီးနဲ့က အနီးအနားလောက်ပဲအဆငိပြေတာ၊ ပစ္စည်းဝိတ်များတာဆိုရင်လည်း ဆိုင်ကယ်ကမှ အဆင်ပြေတာ ။သူတို့ဘယ်လိုစိတ်ကူးနဲ့ဆိုင်ကယ်စီးခွင့်ပိတ်လဲ စဥ်းစားမရဘူး။ ရွာမှာက ဘေးတွဲဆိုင်ကယ်ကလည်း လိုချင်တဲ့အချိန် ငှားမရနိုင်ဘူး။တနေ့လုပ်မှ တနေ့စားရသူတွေဆို ငှားခအပိုမပေးနိုင်ဘူးလေ ၊ ပြီးခဲ့တဲ လကတည်းက ဆိုင်ကယ်စီးခွင့်ပိတ်တယ် စီးမရဘူးလို့ အသိပေးတာမျိုးလည်းရှိခဲ့ပေမယ့် အခုကတော့ စာထုတ်တာပေါ့။ရွာတွေအထိတော့ မပါလောက်ဘူးထင်တာ”လို့ ဒေသခံတဦးက ပြောပါတယ်။ အုပ်ချုပ်ရေးအဖွဲ့ ကတော့ အခုလို ဆိုင်ကယ်စီးခွင့်ပိတ်တာဟာ အရပ်သားပြည်သူတွေနဲ့ နိုင်ငံ့ဝန်ထမ်းတွေ ၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးတွေကို…

Read More

ပြည်တွင်းကြက်သွန်နီဈေး အမြင့်ပိုင်းမှာ ဆက်လက် တည်ရှိနေ

နိုဝင်ဘာ ၂၀ – ၂၀၂၂ SN (VOM) ပြည်တွင်းက ကြက်သွန်နီတွေဟာ အသစ်ပေါ်ချိန်မှာ ဈေးနှုန်း ကျဆင်းလေ့ရှိပေမယ့် ကြက်သွန်ဒိုင်တွေနဲ့ ကုန်စည်ဒိုင်တွေကို ကြက်သွန်ဝင်ရောက်မှု နည်းပါးနေတာကြောင့် ဈေးနှုန်းအမြင့်ပိုင်းမှာသာ ဆက်လက်တည်ရှိနေတယ်လို့ ကြက်သွန်ကုန်သည်တွေနဲ့ ပွဲရုံတွေဆီက သိရပါတယ်။ လက်ရှိ ကြက်သွန်နီစိုက်ပျိုးရာဒေသတွေမှာ တိုက်ပွဲတွေဖြစ်ပွားနေပြီး ကျေးရွာတွေနဲ့ စိုက်ခင်းတွေ မီးရှို့ဖျက်စီးခံနေရတာကြောင့် ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေကြရတဲ့အတွက် ကြက်သွန်စိုက်ဧကတွေ နည်းပါးခဲ့ပြီး ကုန်အဝင်နည်းနေတာဖြစ်တယ်လို့ ကုန်သည်တဦးက ပြောပါတယ်။ ဒါ့အပြင် အခုနှစ်အတွင်း မုန်တိုင်းမိုး ရွာသွန်းမှုတွေကြောင့်လည်း ကြက်သွန်ခင်းတွေထဲ ရေဝင်ရောက်ခဲ့တာကြောင့် ပျက်စီးဆုံးရှုံးမှုတွေ ဖြစ်ပေါ်ခဲ့ပြီး ကြက်သွန်အထွက်နှုန်း ထိခိုက်ခဲ့တယ်လို့ သူက ပြောပါတယ်။ “အရင်ကတော့ မိုးကြက်သွန်နီတွေပေါ်လာရင် ဈေးကျမယ်လို့ ခန့်မှန်း‌ထားပေမယ့် အခုတော့ ကုန်အဝင်နည်းနေသေးလို့ ဈေးကကျမလာသေးဘူး။ ဒီနှစ်မှာက တိုက်ပွဲတွေကလည်းဖြစ်နေတော့ စိုက်ပျိုးဧကလည်း နည်းနေတယ်။ မိုးကလည်း အခုထိကို မပြတ်သေးတော့ အခင်းတွေထဲ…

Read More

စိတ်အားလူအား ၊ အနားယူအပန်းဖြေ ၊နေချင်မိသေး

ဆူးငှက် ငယ်ဘဝကို ပြန်တွေးလိုက်တော့ မေးခွန်းတစ်ခုကခေါင်းထဲသို့ ရုတ်ချည်းပေါ်လာသည်။ ““ဘာလို့ အားနေတာပါလိမ့်…””တဲ့။ ဟုတ်သည်၊ ငယ်ဘဝကိုပြန်တွေးလိုက်တိုင်း အားနေတဲ့ ရက်တွေက များနေတာကိုး။ ထိုအခါ ပြန်လှန်မေးခွန်းထုတ် စရာတစ်ခုကလည်း ရှိလာချေ၏။ “ကလေးဘဝပဲဗျာ၊ ဘာလုပ်စရာ ရှိတာမှတ်လို့၊ အားမနေပေဘူးလား” ဟူလို့။ တကယ်တော့ ငယ်ဘဝဟုသာ သိမ်းကျုံးခေါ်လိုက်ရသည်သေချာပြန်စဉ်းစားကြည့်တော့ မနေ့တစ်နေ့က အထိ အားနေသေးသည် မဟုတ်လော။ ဘာလို့များ တစ်နှစ်ထက် တစ်နှစ်၊ တစ်လထက်တစ်လ၊ တစ်ရက်ထက်တစ်ရက် မအားလပ်မှုတွေ ဖိစီးလာပါလိမ့်။ မအားလပ်မှုတွေများလာမှ အားလပ်မှု၏တန်ဖိုးကို သိလာသည်။ အားလပ်ခြင်း၏ အရသာကို သိလာသည်။ အားလပ်မှုဆိုသည်နှင့်အတူ နောက်ကွယ်မှ ဝါသနာပါသည့်၊နှစ်ခြိုက်သည့်လုပ်ငန်းများကို စိတ်လို လက်ရ လုပ်ကိုင်နိုင်၍ ဝမ်းသာပီတိဖြစ်ရခြင်းဟူသည်ကလည်း ကပ်ပါလာသည် မဟုတ်လော။ ပြေးဟယ် လွှားဟယ် အလုပ်ရှုပ်နေချိန်မှာ စိတ်တွေက အများသား။ မပြတ်သေးသော အလုပ်တစ်ခုအတွက် နောက်ဆံတင်း။ ချိန်းဆိုထားသည့် ကိစ္စတစ်ခုအတွက်…

Read More
VOM News

FREE
VIEW