ရွှေဘို​မြို့နယ် ဆင်အင်းနယ်မြေရဲစခန်းနားမှာ ထိတွေ့တိုက်ပွဲဖြစ်ပွား

နိုဝင်ဘာ ၊ ၂၀ ၊ ၂၀၂၂
SP( VOM)

စစ်ကိုင်းတိုင်း ၊ ရွှေဘိုခရိုင် ၊ ရွှေဘိုမြို့နယ် ၊ ဆင်အင်းကျေးရွာ ၊ ဆင်အင်းနယ်မြေရဲစခန်းနားမှာ ဒီကနေ့ မနက်ပိုင်းက နယ်မြေရှင်းလင်းရေး စစ်ကြောင်းအဖွဲ့နဲ့ အမည်မသိ လက်နက်ကိုင်အဖွဲ့တွေအကြား ထိတွေ့တိုက်ပွဲဖြစ်ပွားပြီး အလောင်းတွေနဲ့ လက်နက်ခဲယမ်းတွေကို စစ်ကြောင်းအဖွဲ့က သိမ်းဆည်းသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

“ဆင်အင်းရွာရဲ့ အနောက်တောင်ဘက် မူးမြစ်နားမှာ ဒီမနက် ၈ နာရီဝန်းကျင်က ဖြစ်တာပါ ၊ ပစ်ခတ်သံတွေကြားရတော့ ထွက်ပြေးတိမ်းရှောင်နေရတာကြောင့် ဘယ်အဖွဲ့နဲ့ ဖြစ်တယ်ဆိုတာ သေခြာမသိရဘူး ၊ ပစ်ခတ်ချိန် အနည်းငယ်ကြာတယ်”လို့ ဆင်အင်းနယ် ဒေသခံတယောက်က ပြောပါတယ်။

အဲ့ဒီဖြစ်စဥ်နဲ့ပတ်သက်ပြီး ရွှေဘိုခရိုင် လုံခြုံရေးအဖွဲ့နဲ့ နီးစပ်သူ တယောက်က” ဆင်အင်းရွာမှာ အခြေပြုတဲ့ စခန်းတခုကို နယ်မြေရှင်းလင်းရေး စစ်ကြောင်းအဖွဲ့က ဝင်ရောက်စီးနင်း သိမ်းဆည်းတာဖြစ်တယ် ၊ အမျိုးသား ရုပ်အလောင်း ၇ လောင်း ၊ သေနတ်မျိုးစုံ(၁၀) လက် ၊ 7.62ကျည်(၁၀၀၀) တောင့်၊ လက်ပစ်ဗုံး (၅) လုံး ၊ လက်လုပ်မိုင်း(၇၀)လုံး ၊ Drop ဗုံး (၁၅) လုံး၊ Key Pad ဖုန်း (၁၂)လုံး ၊ လျှပ်စစ်စနက်တံတွေ ၊ ယမ်းကြိုး​တွေ ၊ ဝါယာကြိုးခွေတွေ ၊ ဘတ္ထရီအိုးတွေနဲ့ ၊ CCTV (၁၀) လုံး ၊ ဒရုန်း (၂)စီး၊ ယမ်းပျော့(၁၀)ထုတ် ၊ ယူနီဖောင်း (၄၀) စုံ သိမ်းဆည်းရမိတယ် ၊ သူတို့ ဆုတ်ခွာသွားတဲ့ လမ်းကြောင်းကို လိုက်လံရှင်းလင်းနေတယ် ၊ နယ်မြေရှင်းလင်းရေး စစ်ကြောင်းဘက်က ထိခိုက် ဒဏ်ရာရတာ ၊ ကျဆုံးတာ မရှိဘူး “လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်း နိုဝင်ဘာ ၁၈ ရက်ကလည်း ရွှေဘိုခရိုင် ၊ ဝက်လက်မြို့နယ် ၊ ဇီးဖြူးကုန်းကျေးရွာနားမှာ ထိတွေ့တိုက်ပွဲငယ်ဖြစ်ပွားခဲ့ပါတယ် ။

ဒါ့အပြင် မနေ့ နိုဝင်ဘာ ၁၉ ရက်က ရွှေဘိုမြို့နယ် ၊ ဆိပ်ခွန်ကျေးရွာနားမှာ အလားတူ ထိတွေ့ပစ်ခတ်တာတွေ ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

#voiceofmyanmar #VOM #ရွှေဘို

Related posts

Leave a Comment

VOM News

FREE
VIEW