၅ ရက်ကျော်ကြာ ပျောက်ဆုံးနေတဲ့ ၅ နှစ်အရွယ် မောင်ဇွဲဝေယံထွန်းကို ဘေးချင်းကပ်လျက်တိုက်ခန်းမှာ ပြန်တွေ့

မန္တလေး၊ ဒီဇင်ဘာ- ၁၆ – ၂၀၂၂
ND(VOM)

မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်မှာ ဒီဇင်ဘာ ၁၁ ရက်နေ့ကတည်းက ပျောက်ဆုံးနေတဲ့ အသက် ၅ နှစ်အရွယ် ဇွဲဝေယံထွန်းကို ဒီကနေ့မနက် က ဘေးချင်းကပ်လျက် တိုက်ခန်းမှာ ပြန်တွေခဲ့တယ်လို့ မိသားစုဝင်အသိုင်းဝိုင်းကနေ သိရပါတယ်။

“အဲ့ဒီနေ့ နေ့လယ်က ကလေးက အိမ်ရှေ့မှာ ဆော့နေတာ ပျောက်သွားတာနဲ့ အိမ်အနီးနားပတ်ဝန်းကျင်က CCTV တွေကို ကြည့်တော့ ကလေးက အဲ့ဒီအိမ်ရှေ့က သစ်ပင်နားတင်ပျောက်သွားတာ လမ်းဘက်တွေ ထွက်သွားတာလည်း မတွေ့လိုက်ဘူး။ ဒီကနေ့မနက် ဘေးအိမ်က တယောက်က ဖုန်းဆက်လာတယ်။ မသင်္ကာလို့ ဒီအိမ်ထဲဝင်ရှာကြည့်စမ်းပါအုံးဆိုလို့ ဝင်ရှာတာ အပေါ်ထပ်က အခန်းထဲမှာ ကလေးကို စောင်ခြုံထားတဲ့အနေအထားနဲ့တွေ့တာပါ”လို့ မိသားစုဝင် အသိုင်းအဝိုင်းနဲ့ နီးစပ်သူတဦးက ပြောပါတယ်။

ဇွဲဝေယံထွန်းဟာ ဒီဇင်ဘာ ၁၁ ရက်နေ့ မွန်းလွဲ၂ နာရီ ၄၅ မိနစ်အချိန် ၇၁ လမ်း ၃၀×၃၁ လမ်းကြားက နေအိမ်ရှေ့မှာဆော့ကစားနေစဥ် မှာ ပျောက်ဆုံးခဲ့တာဖြစ်ပြီး ဘေးချင်းကပ်လျက်တိုက်ခန်းမှာ ဒီကနေ့မနက်က ပြန်လည်တွေ့ရှိခဲ့ပြီး အမှတ် ၃ နယ်မြေ ရဲစခန်းမှာ အမှုဖွင့်တာတွေ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #မန္တလေး

Related posts

Leave a Comment

VOM News

FREE
VIEW