သင်္ဃန်းကျွန်းပို့စ် မီဒီယာမှ အယ်ဒီတာချုပ်နဲ့ တာဝန်ခံအယ်ဒီတာ ထောင် ၅ နှစ်စီချမှတ်ခံရ

ဒီဇင်ဘာ၊၁၆-၂၀၂၂ MM(VOM) အင်စိန် အကျဉ်းထောင်မှာ ဖမ်းဆီးခံထားရတဲ့ သင်္ဃန်းကျွန်းပို့စ်မီဒီယာက အယ်ဒီတာချုပ် ကိုဝေလင်းယု နဲ့ တာဝန်ခံအယ်ဒီတာ မထက်ထက်အောင်တို့ကို ဒီနေ့ ဒီဇင်ဘာ ၁၆ ရက်က ထောင်ဒဏ် ၅ နှစ်အမိန့်ချမှတ်လိုက်တယ်လို့ သိရပါတယ်။ ထောင်ဒဏ်ချမှတ်ခံရတဲ့ ကိုဝေလင်းယုနဲ့ မထက်ထက် အောင်မှာ ၂၀၂၁ ခုနှစ်၊မေလကမြောက် ဥက္ကလာပမြို့နယ်အတွင်းက နေအိမ်တလုံးမှာ ဖမ်းဆီးခံခဲ့ရတာဖြစ်ပြီး အမှုဖွင့်တရားစွဲဆိုတာခံရပြီး အချိန် တနှစ်ကျော်အကြာမှာ အခုလိုထောင်ဒဏ်ချမှတ်ခဲ့တာဖြစ်တယ်လို့ နိုင်ငံရေး အကျဉ်းသားတွေကို ကူညီပေးနေတဲ့ တရားလွှတ်တော်ရှေ့နေတယောက်ကပြောပါတယ်။ ”သူတို့ ၂ယောက်က အင်စိန်အကျဉ်းထောင်မှာ အဖမ်းခံ ထားရတာပါ ၊ ဒီကနေ့အထူး တရားရုံးကနေ အမိန့်ချတာ ၊ ပေါက်ကွဲစေတတ်တဲ့ ဝတ္တုပစ္စည်းများ အက်ဥပဒေပုဒ်မ ၅ နဲ့ ၁ယောက်ကို အလုပ်နဲ့ ထောင်ဒဏ် ၅ နှစ်စီ ချမှတ် လိုက်တာ ၊လက်ရှိ ၂…

Read More

ဒဂုံကျောင်းသားတယောက်နဲ့ အလုပ်သမားရေးဆောင်ရွက်သူ ၃ယောက် ထောင်ဒဏ်အသီးသီးချမှတ်ခံရ

ဒီဇင်ဘာ ၁၆-၂၀၂၂ VOM (GG) မြန်မာနိုင်ငံလုံးဆိုင်ရာအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် CTUM က အလုပ်သမားအရေးဆောင်ရွက်သူအဖွဲ့ဝင် ၃ ယောက်နဲ့ ဒဂုံတက္ကသိုလ်ကျောင်းသား တယောက်ကို ထောင်ဒဏ် အသီးသီးအမိန့် ချမှတ်လိုက်တယ်လို့သိရပါတယ်။ ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂဗဟိုအလုပ်အမှုဆောင်ဖြစ်တဲ့ ကိုရဲလင်းဦး(ရှေးဟောင်းသုတေသန – ဒုတိယနှစ်)ကို မနေ့ ဒီဇင်ဘာ ၁၅ ရက်နေ့ မှာ အင်းစိန်ထောင်တွင်းတရားရုံးက အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၂(က)နဲ့ ထောင် ၇ နှစ်ထပ်မံချမှတ်လိုက်တာဖြစ်ပါတယ်။ CTUM အဖွဲ့ဝင်တွေဖြစ်တဲ့ မခိုင်သဉ္ဇာအေး (ခ)ဘုတ်ဘုတ်၊ မအိဖြူမြင့်နဲ့ ကားသမားဖြစ်သူ ဦး ဉာဏ်စိန်တို့ သုံးယောက်လုံးကိုလည်း ပုဒ်မ ၅၀၅ ကနဲ့ တရားစွဲဆိုပြီး ဒီဇင်ဘာ ၁၅ ရက်နေ့မှာပဲ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၃နှစ်စီချမှတ်လိုက်တာဖြစ်တယ်လို့သိရပါတယ်။ ” ကိုရဲလင်းဦးက အရင်က ထောင် ၃ နှစ် ချခံထားရတော့ အခုဆို ၁၀ နှစ်ရှိသွားတာပေါ့။…

Read More

မလေးရှားနိုင်ငံ ဆီလန်ဂေါပြည်နယ်မှာမြေပြိုမှု ၁၆ ဦးသေဆုံး ၊ အများအပြား ပျောက်ဆုံးနေ

ကွာလာလမ်ပူ၊ ဒီဇင်ဘာ-၁၆-၂၀၂၂ မျိုးဆက်(VOM) မလေးရှားနိုင်ငံ ဆီလန်ဂေါပြည်နယ်မှာ မြေပြိုကျမှုကြောင့် လူ ၁၆ ဦး သေဆုံးပြီး အများအပြား ပျောက်ဆုံးနေဆဲဖြစ်ကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။ ဘာတန်ကာလီ မြို့နယ်မှာ ဒီဇင်ဘာ ၁၅ ရက်က မြေပြိုမှုဖြစ်ပွားချိန်မှာ တောင်ကုန်းအောက်မှာ စခန်းချသူတွေဟာ အိပ်ပျော်နေကြတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ ကလေးငယ်တွေအပါအဝင် လူ ၉၀ ကျော်အခြေစိုက်စခန်းမှာ စခန်းချနေချိန်ဖြစ်ပါတယ်။ ရာနှဲ့ချီတဲ့ ကယ်ဆယ်ရေးသမားတွေဟာ သောကြာနေ့မနက်ပိုင်းမှာ အသက်ရှင်ကျန်ရစ်သူတွေကို ရှာဖွေဖို့ အပူတပြင်းကြိုးစားနေကြပါတယ်။ မြေပြိုမှုာ စခန်းချနေရာထက် မီတာ ၃၀ (ပေ ၁၀၀) ကျော်မြင့်သော ကုန်းစောင်းတခုက နေပြိုကျခဲ့ပြီး မြေတစ်ဧက ဖြတ်ကျော်သွားခဲ့တယ်လို့ တာဝန်ရှိသူတွေကပြောပါတယ်။ သောကြာနေ့ မွန်းလွဲပိုင်းအထိ အာဏာပိုင်ွတွေက လူ ၆၀ ကျော်ကို ကယ်ဆယ်နိုင်ခဲ့ပြီး ၁၇ ဦး ပျောက်ဆုံးနေဆဲဖြစ်ကြောင်း ပြောပါတယ်။ Ref:BBC…

Read More

ပခုက္ကူ – ရေစကြိုကားလမ်းမှာ လူ ၂ဦး ပစ်သတ်ခံရ

ဒီဇင်ဘာ ၊ ၁၆ ၊ ၂၀၂၂ SP (VOM) မကွေးတိုင်း ၊ ပခုက္ကူခရိုင် ၊ ရေစကြိုမြိုနယ် ၊ ကျောက်လှေခါး ကျေးရွာအနီး ပခုက္ကူ – ရေစကြိုကားလမ်းမှာ ဒီကနေ့ ဒီဇင်ဘာ ၁၆ ရက် မနက်အစောပိုင်းက ကြက်သွန်ပွဲစားဖြစ်သူ သားအဖ ၂ ယောက်ကို ပစ်သတ်ပြီး ကြက်သွန်ကား လုယူခံရတယ်လို့ ပခုက္ကူ ကြက်သွန်လုပ်ငန်းရှင်တွေဆီက သိရပါတယ်။ ” အသတ်ခံရတဲ့ ကြက်သွန်ပွဲစား ၂ ယောက်က ရေစကြိုမြို့နယ် ၊ ဂွက်ကြီးကျေးရွာမှာနေတဲ့ ဦးဇော်လွင်နဲ့ သူ့သား ကိုမင်းခန့်ဇော် တို့ဖြစ်တယ် ၊ ဒီမနက် အစောပိုင်းက ဂွက်ကြီးရွာကနေ ပခုက္ကူမြို့ဆီ ကြက်သွန်နီအိတ်တွေ ပို့ဖို့ ကားနဲ့အလာ လမ်းမှာ သားအဖ ၂ ယောက်စလုံး ပစ်သတ်ခံရပြီး ကြက်သွန်ကားကို လုယူသွားတာဖြစ်တယ်…

Read More

ယူကရိန်းကို မြေပြင်ထိုးစစ်အကြီးအကျယ်လုပ်ဖို့ ရုရှားစီစဥ်နေ

ကိယက်ဗ်၊ ဒီဇင်ဘာ-၁၆-၂၀၂၂ မျိုးဆက်(VOM) ယူကရိန်း စစ်မြေပြင်မှာ ကြာသေးမီက ရုရှားစစ်တပ်ဟာ ဆုတ်ယုတ်မှုတွေရှိနေသော်လည်း ယခုနှစ်သစ်အစောပိုင်းမှာက မြေပြင်ထိုးစစ်အကြီးအကျယ်လို့ဖို ရုရှားက စီစဉ်နေကြောင်းယူကရိန်းက ပြောပါတယ်။ အဲဒီမြေပြင် ထိုးစစ်ကို အရှေ့ဘက် ဒွန်ဘာ့စ်ဒေသ၊ တောင်ဘက် သို့မဟုတ် ကိယက်ဗ်မြို့သို့ပင် ဝင်ရောက်လာနိုင်ကြောင်း ယူကဏိန်အကြီးတန်း စစ်ဗိုလ်ချုပ်တွေက သတိပေး ပြောဆိုပါတယ်။ အနောက်နိုင်ငံမှ လေ့လာသုံးသပ်သူတွေကတော့ ရုရှားရဲ့ မြေပြင်ထိုးစစ်တွေကို အောင်မြင်စွာ လုပ်ဆောင်နိုင်မှုစွမ်းရည်ဟာ လျင်မြန်စွာ ကျဆင်းလာတယ်လို့ ဆိုကြပါတယ်။ စစ်ပွဲဟာ ယခုအခါ အမြောက်ခဲယမ်းတွေ ပြတ်လပ်မှုနဲ့ ရင်ဆိုင်နေရတဲ့ ရုရှားအတွက်သာ ထိခိုက်ဆုံးရုံးလိမ့်မယ်လို့ ဗြိတိန် အကြီးတန်း စစ်ဘက်အရာရှိ ရေတပ်ဗိုလ်ချုပ်ကြီး Sir Tony Radakin က ယခုသီတင်းပတ်အတွင်း ပြောဆိုထားပါတယ်။ ရုရှားရဲ့ထိုစစ်ဟာ ဇန်နဝါရီဆန်းမှာ ဖြစ်ပွားနိုင်ပေမယ့် နွေဦးရာသီမှာ ပိုပြီးဖြစ်နိုင်ချေများကြောင်း ယူကရိန်းတာဝန်ရှိသူတွေက ပြောပါတယ်။ Ref:BBC Photo:AP…

Read More

ခန္တီးမြို့နယ်မှာ လက်နက်ခဲယမ်းနဲ့ လူအချို့ ဖမ်းဆီးခံရ

ဒီဇင်ဘာ ၊ ၁၆ ၊ ၂၀၂၂ SP (VOM) စစ်ကိုင်းတိုင်း၊ ခန္တီးခရိုင် ၊ ခန္တီးမြို့နယ် ၊ ဆင်သေကျေးရွာမှာ မနေ့ ဒီဇင်ဘာ ၁၅ ရက် နေ့လယ် ၁ နာရီဝန်းကျင်က လက်နက်ခဲယမ်းတွေနဲ့အတူ လူအချို့ဖမ်းဆီးရမိတယ်လို့ ခရိုင် ထွေ/အုပ် အသိုင်း အဝိုင်းဆီက သိရပါတယ်။ ” ဆင်သေရွာမှာနေတဲ့ ၊ ကိုအောင်သီဟထွန်းဆိုသူကို ပစ္စတိုသေနတ် ၁ လက် ၊ ကျည်အိမ် ၁ ခု နဲ့ ခဲယမ်းတွေ ဖမ်းဆီးရမိတယ် “လို့ မြို့နယ် ထွေ / အုပ် အသိုင်းအဝိုင်းနဲ့ နီးစပ်သူ တယောက်က ပြောပါတယ်။ ဒါ့အပြင် ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၃ ရက်ကလည်း ခန္တီးမြို့ ၊ ဇီးဖြူကုန်းရပ်ကွက်မှာနေတဲ့ ဦးဌေးလင်းရဲ့ နေအိမ်…

Read More

၅ ရက်ကျော်ကြာ ပျောက်ဆုံးနေတဲ့ ၅ နှစ်အရွယ် မောင်ဇွဲဝေယံထွန်းကို ဘေးချင်းကပ်လျက်တိုက်ခန်းမှာ ပြန်တွေ့

မန္တလေး၊ ဒီဇင်ဘာ- ၁၆ – ၂၀၂၂ ND(VOM) မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်မှာ ဒီဇင်ဘာ ၁၁ ရက်နေ့ကတည်းက ပျောက်ဆုံးနေတဲ့ အသက် ၅ နှစ်အရွယ် ဇွဲဝေယံထွန်းကို ဒီကနေ့မနက် က ဘေးချင်းကပ်လျက် တိုက်ခန်းမှာ ပြန်တွေခဲ့တယ်လို့ မိသားစုဝင်အသိုင်းဝိုင်းကနေ သိရပါတယ်။ “အဲ့ဒီနေ့ နေ့လယ်က ကလေးက အိမ်ရှေ့မှာ ဆော့နေတာ ပျောက်သွားတာနဲ့ အိမ်အနီးနားပတ်ဝန်းကျင်က CCTV တွေကို ကြည့်တော့ ကလေးက အဲ့ဒီအိမ်ရှေ့က သစ်ပင်နားတင်ပျောက်သွားတာ လမ်းဘက်တွေ ထွက်သွားတာလည်း မတွေ့လိုက်ဘူး။ ဒီကနေ့မနက် ဘေးအိမ်က တယောက်က ဖုန်းဆက်လာတယ်။ မသင်္ကာလို့ ဒီအိမ်ထဲဝင်ရှာကြည့်စမ်းပါအုံးဆိုလို့ ဝင်ရှာတာ အပေါ်ထပ်က အခန်းထဲမှာ ကလေးကို စောင်ခြုံထားတဲ့အနေအထားနဲ့တွေ့တာပါ”လို့ မိသားစုဝင် အသိုင်းအဝိုင်းနဲ့ နီးစပ်သူတဦးက ပြောပါတယ်။ ဇွဲဝေယံထွန်းဟာ ဒီဇင်ဘာ ၁၁ ရက်နေ့ မွန်းလွဲ၂ နာရီ…

Read More

ဧရာဝတီတိုင်းက ရွှေပန်းတိမ်ပညာရှင်နဲ့ လုပ်သား ၃၀၀ နီးပါး အလုပ်လက်မဲ့ဖြစ်နေလို့ အခက်အခဲဖြစ်နေ

ဒီဇင်ဘာ၊ ၁၆-၂၀၂၂ MM(VOM) ဧရာဝတီတိုင်းမှာ ကိုဗစ်-၁၉ကပ်ရောဂါဖြစ်ပွားတာနဲ့ နိုင်ငံရေး အကျပ်အတည်းကြောင့် ယာယီရပ်နားခဲ့တဲ့ ရွှေပန်းတိမ်လုပ်ငန်းတွေဟာ ဒီကနေ့အထိ ပြန်လည် မလုပ်ကိုင်နိုင်သေးတာကြောင့် ရွှေပန်းတိမ် လုပ်သားတွေနဲ့ ရွှေပန်းတိမ်ပညာရှင် အယောက် ၃၀၀ နီးပါး အလုပ်လက်မဲ့ဖြစ်နေရတယ်လို့ သိရပါတယ်။ ကိုဗစ်-၁၉ရောဂါဖြစ်ပွားတာနဲ့ နိုင်ငံရေးအကျပ် အတည်းကြောင့် ပြီးခဲ့တဲ့ ၂၀၂၁ နှစ်ဆန်းပိုင်းကနေ စတင်ကာ ရွှေပန်းတိမ်လုပ်ငန်းတွေ အားလုံး လုံးဝ ရပ်ဆိုင်းခဲ့ရတာဖြစ်တယ်လို့ သိရပါတယ်။ ရပ်ဆိုင်းခဲ့ရတဲ့ ရွှေပန်းတိမ်လုပ်ငန်းတွေမှာ လက်ရှိ အချိန်အထိ ပြန်လည် မလည်ပတ်နိုင်သေးတာကြောင့် ရွှေပန်းတိမ်လုပ်ရာမှာ အဓိကကျတဲ့ ပန်းတိမ် ပညာရှင်တွေ၊ ရွှေပန်းတိမ်ခုတ် လုပ်သား အားလုံး အယောက် ၃၀၀ နီးပါး အလုပ်လက်မဲ့ဖြစ်နေရပြီး အခက်အခဲတွေ ဖြစ်ပေါ်နေတယ်လို့ ပုသိမ်မြို့က ပန်းတိမ်ပညာရှင်တယောက်က ပြောပါတယ်။ ”ကျွန်တော်ဆို ဘာမှ မလုပ်တတ်တာ ၊ ဒီပန်းတိမ် လုပ်ငန်းကို…

Read More

ညောင်ပင်ဈေး၊ ရွှေလေးနှင့် မိုးပေါ်မှာ မာဃ

ဆူးငှက် နှောင်း မိုးဦးရာသီ ရွက်သစ်တွေ အရွယ်ရောက်သော်လည်း လက်ကျန်ရွက်အိုတို့ ကြွေကျနေဆဲလေ။ တစ်ခါတစ်ရံ လေရူးတစ်ချက်ကလေး ဝှေ့တတ်သေး၏။ လမ်းမပေါ်မှာ ကုက္ကိုရွက်ဝါတွေက ရှပ်တိုက်ပြေးနေပါပကော…။ လမ်းဘေး ကျုံးရေကန်လေးမှာ ရေတွေ လျှံကျနေသည်။ ကျုံးရေကန်ဘေးမှာ ကုက္ကိုပင်ကြီးတွေ စီးမိုးထားသည်။ သူတို့က ရွက်ဝါတွေကို ခါချနေသည်။ အမှတ်၁၀ ဘတ်စ်ကားတစ်စီးက ညောင်ပင်ဈေး မှတ်တိုင်တွင် ခပ်နှေးနှေး ထိုးဆိုက်၏။ တောင်း တစ်လုံးနှင့် မိန်းမကြီးတစ်ဦး ဆင်းသည်။ ဝပ်ရှော့အလုပ်သမားနှင့် တူသော လူငယ်နှစ်ယောက်က ကားပစ္စည်းအစိတ်အပိုင်းတစ်ခုကို ဘတ်စ်ကားနောက်ပေါက်က မနိုင့်တနိုင် မ,တင်ပြီး နောက်ခုံပေါ် လွှားခနဲ ခုန်တက်၏။ စပယ်ယာ က ““ဆွဲဆရာ၊ စီလမ်းတောက်လျှောက်”” ဟု အော်သည်။ ဒရိုင်ဘာဂီယာ တဂီးဂီး ထိုးပြီး ကားကြီး တအိအိ ထွက်သည်။ ညောင်ပင်ဈေးနှင့် မျက်စောင်းထိုး အလယ်တန်းကျောင်းထဲက စာအံသံများ ကြားနေရ၏။…

Read More
VOM News

FREE
VIEW