ယူကရိန်းကို မြေပြင်ထိုးစစ်အကြီးအကျယ်လုပ်ဖို့ ရုရှားစီစဥ်နေ

ကိယက်ဗ်၊ ဒီဇင်ဘာ-၁၆-၂၀၂၂
မျိုးဆက်(VOM)

ယူကရိန်း စစ်မြေပြင်မှာ ကြာသေးမီက ရုရှားစစ်တပ်ဟာ ဆုတ်ယုတ်မှုတွေရှိနေသော်လည်း ယခုနှစ်သစ်အစောပိုင်းမှာက မြေပြင်ထိုးစစ်အကြီးအကျယ်လို့ဖို ရုရှားက စီစဉ်နေကြောင်းယူကရိန်းက ပြောပါတယ်။

အဲဒီမြေပြင် ထိုးစစ်ကို အရှေ့ဘက် ဒွန်ဘာ့စ်ဒေသ၊ တောင်ဘက် သို့မဟုတ် ကိယက်ဗ်မြို့သို့ပင် ဝင်ရောက်လာနိုင်ကြောင်း ယူကဏိန်အကြီးတန်း စစ်ဗိုလ်ချုပ်တွေက သတိပေး ပြောဆိုပါတယ်။

အနောက်နိုင်ငံမှ လေ့လာသုံးသပ်သူတွေကတော့ ရုရှားရဲ့ မြေပြင်ထိုးစစ်တွေကို အောင်မြင်စွာ လုပ်ဆောင်နိုင်မှုစွမ်းရည်ဟာ လျင်မြန်စွာ ကျဆင်းလာတယ်လို့ ဆိုကြပါတယ်။

စစ်ပွဲဟာ ယခုအခါ အမြောက်ခဲယမ်းတွေ ပြတ်လပ်မှုနဲ့ ရင်ဆိုင်နေရတဲ့ ရုရှားအတွက်သာ ထိခိုက်ဆုံးရုံးလိမ့်မယ်လို့ ဗြိတိန် အကြီးတန်း စစ်ဘက်အရာရှိ ရေတပ်ဗိုလ်ချုပ်ကြီး Sir Tony Radakin က ယခုသီတင်းပတ်အတွင်း ပြောဆိုထားပါတယ်။

ရုရှားရဲ့ထိုစစ်ဟာ ဇန်နဝါရီဆန်းမှာ ဖြစ်ပွားနိုင်ပေမယ့် နွေဦးရာသီမှာ ပိုပြီးဖြစ်နိုင်ချေများကြောင်း ယူကရိန်းတာဝန်ရှိသူတွေက ပြောပါတယ်။

Ref:BBC
Photo:AP
#voiceofmyanmar #VOM #ကိယက်ဗ်

Related posts

Leave a Comment

VOM News

FREE
VIEW