သင်္ဃန်းကျွန်းပို့စ် မီဒီယာမှ အယ်ဒီတာချုပ်နဲ့ တာဝန်ခံအယ်ဒီတာ ထောင် ၅ နှစ်စီချမှတ်ခံရ

ဒီဇင်ဘာ၊၁၆-၂၀၂၂
MM(VOM)

အင်စိန် အကျဉ်းထောင်မှာ ဖမ်းဆီးခံထားရတဲ့ သင်္ဃန်းကျွန်းပို့စ်မီဒီယာက အယ်ဒီတာချုပ် ကိုဝေလင်းယု နဲ့ တာဝန်ခံအယ်ဒီတာ မထက်ထက်အောင်တို့ကို ဒီနေ့ ဒီဇင်ဘာ ၁၆ ရက်က ထောင်ဒဏ် ၅ နှစ်အမိန့်ချမှတ်လိုက်တယ်လို့ သိရပါတယ်။

ထောင်ဒဏ်ချမှတ်ခံရတဲ့ ကိုဝေလင်းယုနဲ့ မထက်ထက် အောင်မှာ ၂၀၂၁ ခုနှစ်၊မေလကမြောက် ဥက္ကလာပမြို့နယ်အတွင်းက နေအိမ်တလုံးမှာ ဖမ်းဆီးခံခဲ့ရတာဖြစ်ပြီး အမှုဖွင့်တရားစွဲဆိုတာခံရပြီး အချိန် တနှစ်ကျော်အကြာမှာ အခုလိုထောင်ဒဏ်ချမှတ်ခဲ့တာဖြစ်တယ်လို့ နိုင်ငံရေး အကျဉ်းသားတွေကို ကူညီပေးနေတဲ့ တရားလွှတ်တော်ရှေ့နေတယောက်ကပြောပါတယ်။

”သူတို့ ၂ယောက်က အင်စိန်အကျဉ်းထောင်မှာ အဖမ်းခံ ထားရတာပါ ၊ ဒီကနေ့အထူး တရားရုံးကနေ အမိန့်ချတာ ၊ ပေါက်ကွဲစေတတ်တဲ့ ဝတ္တုပစ္စည်းများ အက်ဥပဒေပုဒ်မ ၅ နဲ့ ၁ယောက်ကို အလုပ်နဲ့ ထောင်ဒဏ် ၅ နှစ်စီ ချမှတ် လိုက်တာ ၊လက်ရှိ ၂ ယောက်စလုံး အင်းစိန်ထောင်မှာပဲရှိတယ် ၊ ကျန်းမာရေးကောင်းကြပါတယ် ၊ အမှုအတွက် အပြီးသတ်လျှောက်လဲချက်ကို ပြီးခဲ့ ဒီဇင်ဘာ ၁၄ ရက်က ပေးခဲ့တာ ၊ ဒီကနေ့မှ အပြီးသတ်အမိန့်ချတာ။”လို့ သူက ဆက်ပြောပါတယ်။

မြန်မာနိုင်ငံမှာ နိုင်ငံရေးပြောင်းလဲတဲ့ ဖြစ်စဉ်တွေစတင် ဖြစ်တဲ့ ၂၀၂၁ခုနှစ် ဖေဖော်ဝါရီလမှ စတင်ကာ အချိန် ၂ နှစ်နီးပါး ရှိလာတဲ့အချိန်အထိ သတင်း ဌာန ၁၅ ခုထက်မနည်း ထုတ်ဝေခွင့်လိုင်စင် အပိတ်ခံရ ထားရတယ်လို့ သိရပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံတဝှမ်းမှာ ဝါရင့် သတင်းစာဆရာ ဦးစည်သူအောင်မြင်အပါအဝင် သတင်းဌာနပေါင်း ၄၀ ကျော်ကနေ သတင်းသမားအယောက် ၁၅၀ ကျော် ဖမ်းဆီးခံထားရတယ်လို့ သတင်းမှတ်တမ်းတွေအရ သိရပါတယ်။

#voiceofmyanmar #VOM #သင်္ဃန်းကျွန်းပို့စ်မီဒီယာ #အယ်ဒီတာချုပ်နဲ့တာဝန်ခံအယ်ဒီတာ #ထောင်၅နှစ်စီချမှတ်ခံရ

Related posts

Leave a Comment

VOM News

FREE
VIEW