ခန္တီးမြို့နယ်မှာ လက်နက်ခဲယမ်းနဲ့ လူအချို့ ဖမ်းဆီးခံရ

ဒီဇင်ဘာ ၊ ၁၆ ၊ ၂၀၂၂
SP (VOM)

စစ်ကိုင်းတိုင်း၊ ခန္တီးခရိုင် ၊ ခန္တီးမြို့နယ် ၊ ဆင်သေကျေးရွာမှာ မနေ့ ဒီဇင်ဘာ ၁၅ ရက် နေ့လယ် ၁ နာရီဝန်းကျင်က လက်နက်ခဲယမ်းတွေနဲ့အတူ လူအချို့ဖမ်းဆီးရမိတယ်လို့ ခရိုင် ထွေ/အုပ် အသိုင်း အဝိုင်းဆီက သိရပါတယ်။

” ဆင်သေရွာမှာနေတဲ့ ၊ ကိုအောင်သီဟထွန်းဆိုသူကို ပစ္စတိုသေနတ် ၁ လက် ၊ ကျည်အိမ် ၁ ခု နဲ့ ခဲယမ်းတွေ ဖမ်းဆီးရမိတယ် “လို့ မြို့နယ် ထွေ / အုပ် အသိုင်းအဝိုင်းနဲ့ နီးစပ်သူ တယောက်က ပြောပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၃ ရက်ကလည်း ခန္တီးမြို့ ၊ ဇီးဖြူကုန်းရပ်ကွက်မှာနေတဲ့ ဦးဌေးလင်းရဲ့ နေအိမ် စတိုခန်းထဲက ၇.၆၂ မမကျည် ၂၇တောင့် ၊ ၅.၅၆ မမကျည် ၂၅၇ တောင့် ၊ ၈၅.၂ကျည် ၅တောင့် ၊ ၉ မမ ကျည် ၁တောင့် ၊ပစ္စတိုသေနတ်ထည့်တဲ့ သားရေ အိတ် ၅ အိတ် ၊ ဘိန်းဖြူဟုယူဆရသော ဖြူ/ ဝါရောင်စပ်ကြားမှုန့် ၉ ဂရမ်ခန့်ပါ ဆပ်ပြာခွက်(၄)ခွက် တို့အား သိမ်းဆည်းရမိတယ်လို့ သိရပါတယ်။

အဲ့ဒိအပြင် ခန္တီးမြို့နယ်၊ အောင်သာယာကျေးရွာအနီး ချင်းကွင်း မြစ်ကမ်းဘေး ကိုင်းတောကြားမှာ AK-47 သေနတ် ၁ လက်၊ ကျည်အိမ် ၁ ခု၊ ၇.၆၅ကျည် ၂ တောင့်၊ ၉ မမ စတင်းသေနတ် ၁ လက်၊ ကျည်အိမ် ၁ ခု၊ ၉ မမပစ္စတို သေနတ် ၇ လက်နဲ့ ကျည်အိမ် ၉ ခုကို ထပ်မံသိမ်းဆည်းရမိတယ်လို့ သိရပါတယ်။

အဲ့ဒါကြောင့် ခန္တီးမြို့နယ်မှာ လက်နက်ခဲယမ်းနဲ့ မူးယစ်ဆေးဝါ ရောင်းဝယ် ဖောက်ကားတဲ့ လူ ၇ ဦးကို ခန္တီးမြို့မရဲစခန်းက အမှုဖွင့်အရေးယူထားတယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #ခန္တီး

Related posts

Leave a Comment

VOM News

FREE
VIEW