ဂမ်ဘီယာနိုင်ငံမှာ မအောင်မြင်တဲ့ အာဏာသိမ်းမှု ဖြစ်ပွား

ဘန်ဂျူလ် ၊ဒီဇင်ဘာ-၂၂-၂၀၂၂
မျိုးဆက်(VOM)

ဂမ်ဘီယာအစိုးရကို ဖြုတ်ချပြီး အာဏာသိမ်းရန်ကြံစည်မှုကို တားဆီးထိန်းချုပ်နိုင်ခဲ့ကြောင်း ဂမ်ဘီယာအစိုးရက ဒီဇင်ဘာ ၂၁ ရက်မှာ ထုတ်ပြန်ပါတယ်။

အာဏာသိမ်းဖို့ကြံစည်တဲ့ စစ်သားလေးဦးကို ဖမ်းဆီးထိန်းသိမ်းထားပြီး ကြံရာပါသုံးဦးကတော့ ထွက်ပြေးလွတ်မြောက်နေကြောင်း ဂမ်ဘီယာအစိုးရရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

လွန်ခဲ့တဲ့နှစ်ရွေးကောက်ပွဲမှာ ဒုတိယသက်တမ်းထပ်မံအနိုင်ရရှိခဲ့တဲ့ သမ္မတအက်ဒါမာဘောရိုးကိုဖြုတ်ချဖို့ ဒီဇင်ဘာ ၂၀ ရက်က ကြံစည်မှုရဲ့နောက်ကွယ်မှာ ဘယ်သူကြိုးကိုင်တယ်ဆိုတာ ရှင်းလင်းစွာ မသိရသေးပါဘူး။

လက်ရှိချိန်ထိ မြို့တော်ဘန်ဂျူလ်မှာ အခြေအနေအေးဆေးတည်ငြိမ်နေပြီး သေနတ်သံတွေလဲမကြားရသလို မဟာဗျူဟာမြောက်နေရာတွေမှာ လုံခြုံရေးအတွက် သစ္စာခံတပ်တွေ ဖြန့်ကြက်ချထားတဲ့ အရိပ်အယောင်လည်းမရှိပါဘူး။

ဒါပေမယ့် အရန်တပ်တွေကို အသင့်ပြင်ထားကြောင်း နဲ့အခြေအနေအားလုံး ထိန်းချုပ်မှုအောက်မှာ ရှိတယ်လို့ ဂမ်ဘီယာအစိုးရရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဂမ်ဘီယာနိုင်ငံဟာ နိုင်ငံတွင်းရှိ ကမ်းခြေတွေနဲ့ တောရိုင်းတိရိစ္ဆာန်တွေကြောင့် အားလပ်ရက်ခရီးသွားတွေအကြား ရေပန်းစားပြီး နိုင်ငံရေးတည်ငြိမ်တဲ့ အနောက်အာဖရိကရှိ နိုင်ငံတနိုင်ငံဖြစ်ပါတယ်။

Ref: BBC
#voiceofmyanmar #VOM #ဘန်ဂျူလ်

Related posts

Leave a Comment

VOM News

FREE
VIEW