ထိုင်းရွေးကောက်ပွဲမှာ ၀င်ပြိုင်ဦးမယ်လို့ အာဏာသိမ်းခေါင်းဆောင် ၀န်ကြီးချုပ်ပရာယွတ် ကြေညာ

ဒီဇင်ဘာ-၂၃-၂၀၂၂
မျိုးဆက်(VOM)

ထိုင်းနိုင်ငံမှာ လာမယ့်နှစ်မေလမတိုင်မီကျင်းပမယ့် အထွေထွေရွေးကောက်ပွဲမှာ နောက်ထပ်၀န်ကြီးချုပ်သက်တမ်းအတွက် ထပ်မံယှဉ်ပြိုင်သွားမယ်လို့ ထိုင်း၀န်ကြီးချုပ် ပရာယွတ်ချန်အိုချာက ဒီဇင်ဘာ ၂၃ ရက်မှာ ကြေညာလိုက်ပါတယ်။

ပရာယွတ်ဟာ ၂၀၁၉ ခုနှစ် အငြင်းပွားဖွယ်ရွေးကောက်ပွဲမှာ ၀န်ကြီးချုပ်မဖြစ်မီ ၂၀၁၄ ခုနှစ် အာဏာသိမ်းမြှု့ဖစ်ပွားပြီးနောက် အာဏာကို ရယူခဲ့ပါတယ်။

အသစ်တည်ထောင်လိုက်တဲ့ ယူနိုက်တက်ထိုင်းနေရှင်းပါတီက မိမိကိုထောက်ခံဖို့ ကမ်းလှမ်းထားကြောင်း ထိုင်း၀န်ကြီးချုပ် ပရာယွတ်ချန်အိုချာက ပြောပါတယ်။

ပရာယွတ်ဟာ အာဏာရညွှန့်ပေါင်းအဖွဲ့ကို ဦးဆောင်နေတဲ့ သူ့ရဲ့ ပီပီအာပီပါတီကနေ နှုတ်ထွက်ဖွယ်ရှိနေပါတယ်။

ပီပီအာပီပါတီဟာ ပါတီအကြီးအကဲနဲ့ ဒုတိယ၀န်ကြီးချုပ် ပရာ၀တ်၀န်ဆူ၀မ်ကို ရွေးကောက်ပွဲမှာ ပါတီရဲ့ ကိုယ်စားလှယ်လောင်းအဖြစ် ကြေညာထားပါတယ်။

၀န်ကြီးချုပ် ပရာယွတ်ချန်အိုချာနဲ့ ဒုတိယ၀န်ကြီးချုပ် ပရာ၀တ်ဆူ၀မ်တို့နှစ်ဦးစလုံးဟာ ထိုင်းစစ်တပ်မှ အမှုထမ်းခဲ့ကြသူတွေဖြစ်ပြီး သူတို့ရဲ့ နိုင်ငံရေးကံကြမ္မာက ဆယ်စုနှစ်များစွာ ပတ်သက်ရောယှက်နေခဲ့ပါတယ်။

အတိုက်အခံဖြူထိုင်းပါတီဟာ ရွေးကောက်ပွဲ၀င်ရောက်ယှဉ်ပြိုင်ဖို့ အတားအဆီးမရှိပေမယ့် လက်ရှိထိုင်းဖွဲ့စည်းပုံအခြေခံဥပဒေအရ စစ်တပ်နဲ့ ဆက်နွယ်နေတဲ့ပါတီတွေသာ အသာစီးရနိုင်တဲ့ အခြေအနေဖြစ်ပါတယ်။

Ref: AFP
Ref: AFP
#voiceofmyanmar #VOM #ထိုင်းရွေးကောက်ပွဲ #၀င်ပြိုင်ဦးမယ်လို့ #၀န်ကြီးချုပ်ပရာယွတ်ကြေညာ

Related posts

Leave a Comment

VOM News

FREE
VIEW