သရုပ်ဆောင် သင်ဇာဝင့်ကျော် ထောင်ဒဏ် ၅ နှစ် ချမှတ်ခံရ

ဒီဇင်ဘာ ၂၃ – ၂၀၂၂ SN (VOM) သရုပ်ဆောင်သင်ဇာဝင့်ကျော်ကို ဒီဇင်ဘာ ၂၃ ရက် ဒီကနေ့မှာ ထောင်ဒဏ် ၅ နှစ် ချမှတ်ခံရတယ်လို့ တရားရုံးနဲ့ နီးစပ်တဲ့အသိုင်းအဝိုင်းက သိရပါတယ်။ ရန်ကုန်အင်းစိန်ထောင်တွင်းတရားရုံး၊ မရမ်းကုန်းမြို့နယ် တရားခွင်ကနေ ထောင်ဒဏ် ချမှတ်ခဲ့တာဖြစ်ပြီး ကာယအိန္ဒြေပျက်ပြားစေတဲ့ အဖော်အချွတ်ဓာတ်ပုံတွေနဲ့ ဗွီဒီယိုတွေကို လူမှုကွန်ရက်မှာ အခကြေးငွေရယူကာ ဖြန့်ဝေတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ပြီးခဲ့တဲ့ သြဂုတ်လက အီလက်ထရောနစ်ပုဒ်မ ၃၃(က) နဲ့ တရားစွဲဆိုထားတာ ဖြစ်ပါတယ်။ “ဒါဟာ မျှတတဲ့ အရေးယူမှု မဟုတ်ဘူး။ လူ့အခွင့်အရေး ချိုးဖောက်တာပဲ ဖြစ်တယ်။ အီလက်ထရွန်နစ် ဆက်သွယ်ဆောင်ရွက်ရေး ဥပဒေ ပုဒ်မ – ၃၃ (က) အရ မြန်မာ့ ယဉ်ကျေးမှုကို ထိခိုက်စေတယ် ဆိုတဲ့နေရာမှာ ဘယ်လိုအကြောင်းအရာ၊ လုပ်ငန်းမျိုး တွေက ထိခိုက်စေသလဲဆိုတဲ့…

Read More

ထိုင်းရွေးကောက်ပွဲမှာ ၀င်ပြိုင်ဦးမယ်လို့ အာဏာသိမ်းခေါင်းဆောင် ၀န်ကြီးချုပ်ပရာယွတ် ကြေညာ

ဒီဇင်ဘာ-၂၃-၂၀၂၂ မျိုးဆက်(VOM) ထိုင်းနိုင်ငံမှာ လာမယ့်နှစ်မေလမတိုင်မီကျင်းပမယ့် အထွေထွေရွေးကောက်ပွဲမှာ နောက်ထပ်၀န်ကြီးချုပ်သက်တမ်းအတွက် ထပ်မံယှဉ်ပြိုင်သွားမယ်လို့ ထိုင်း၀န်ကြီးချုပ် ပရာယွတ်ချန်အိုချာက ဒီဇင်ဘာ ၂၃ ရက်မှာ ကြေညာလိုက်ပါတယ်။ ပရာယွတ်ဟာ ၂၀၁၉ ခုနှစ် အငြင်းပွားဖွယ်ရွေးကောက်ပွဲမှာ ၀န်ကြီးချုပ်မဖြစ်မီ ၂၀၁၄ ခုနှစ် အာဏာသိမ်းမြှု့ဖစ်ပွားပြီးနောက် အာဏာကို ရယူခဲ့ပါတယ်။ အသစ်တည်ထောင်လိုက်တဲ့ ယူနိုက်တက်ထိုင်းနေရှင်းပါတီက မိမိကိုထောက်ခံဖို့ ကမ်းလှမ်းထားကြောင်း ထိုင်း၀န်ကြီးချုပ် ပရာယွတ်ချန်အိုချာက ပြောပါတယ်။ ပရာယွတ်ဟာ အာဏာရညွှန့်ပေါင်းအဖွဲ့ကို ဦးဆောင်နေတဲ့ သူ့ရဲ့ ပီပီအာပီပါတီကနေ နှုတ်ထွက်ဖွယ်ရှိနေပါတယ်။ ပီပီအာပီပါတီဟာ ပါတီအကြီးအကဲနဲ့ ဒုတိယ၀န်ကြီးချုပ် ပရာ၀တ်၀န်ဆူ၀မ်ကို ရွေးကောက်ပွဲမှာ ပါတီရဲ့ ကိုယ်စားလှယ်လောင်းအဖြစ် ကြေညာထားပါတယ်။ ၀န်ကြီးချုပ် ပရာယွတ်ချန်အိုချာနဲ့ ဒုတိယ၀န်ကြီးချုပ် ပရာ၀တ်ဆူ၀မ်တို့နှစ်ဦးစလုံးဟာ ထိုင်းစစ်တပ်မှ အမှုထမ်းခဲ့ကြသူတွေဖြစ်ပြီး သူတို့ရဲ့ နိုင်ငံရေးကံကြမ္မာက ဆယ်စုနှစ်များစွာ ပတ်သက်ရောယှက်နေခဲ့ပါတယ်။ အတိုက်အခံဖြူထိုင်းပါတီဟာ ရွေးကောက်ပွဲ၀င်ရောက်ယှဉ်ပြိုင်ဖို့ အတားအဆီးမရှိပေမယ့် လက်ရှိထိုင်းဖွဲ့စည်းပုံအခြေခံဥပဒေအရ စစ်တပ်နဲ့ ဆက်နွယ်နေတဲ့ပါတီတွေသာ…

Read More

ချောင်းအစပ်မှာရှိတဲ့ သစ်ပင်တွေ ရေသွားလောင်းတဲ့ မိခင်နဲ့ ကလေး ၂ ဦး ရေနစ်သေဆုံး

ဒီဇင်ဘာ၊၂၃-၂၀၂၂ MM(VOM) ချောင်းအစပ်မှာရှိတဲ့ အိမ်ဥယျာဉ်ခြံထဲက သစ်ပင်တွေကို ရေသွားလောင်းတဲ့ မိခင်နဲ့ အသက် ၃ နှစ်အရွယ်ကလေး ၁ ယောက် အပါအဝင် ၃ ယောက်ရေနစ်သေဆုံးမှု မနေ့ ဒီဇင်ဘာ ၂၂ရက် ညပိုင်းက ရခိုင်ပြည်နယ်၊ကျောက်ဖြူမြို့နယ်၊ ကုလားဘာကျေးရွာမှာ ဖြစ်ပွားခဲ့တာလို့ သိရပါတယ်။ ရေနစ်သေဆုံးသူ မိသားစုဝင် ၃ ယောက်ဟာ ကုလားဘာကျေးရွာအပြင် ချောင်းနံဘေးမှာရှိတဲ့ ဥယျာဉ်ခြံမြေအတွင်း သစ်ပင်တွေကို ရေသွားလောင်းရင်း ရုတ်တရက် ချောင်းထဲကို ပြုတ်ကျပြီး ရေနစ်သေဆုံးတာလို့ ဒေသခံ ပရဟိတအဖွဲ့ဝင်တယောက်ကပြောပါတယ်။ ”သက်ဆိုင်ရာကလည်း ရေနစ် သေဆုံးတာလို့ ဒီလိုပဲ မှတ်ချက်ပေးပါတယ် ၊ ရေနစ်သေဆုံးသွားသူတွေက မိခင်ဖြစ်သူ ဒေါ်မဖြူတင် အသက် ၃၈ နှစ်ရယ် ၊သမီးကြီးဖြစ်သူ အသက် ၁၅ နှစ် အရွယ် ၉ တန်းကျောင်း သူရယ် ၊ သမီးငယ်ဖြစ်သူ…

Read More

ယူကရိန်းစစ်ပွဲ အဆုံးသတ်လိုကြောင်း ရုရှားသမ္မတပူတင် ထုတ်ဖော်ပြောဆို

မော်စကို၊ ဒီဇင်ဘာ-၂၃-၂၀၂၂ မျိုးဆက်(VOM) ယူကရိန်းစစ်ပွဲကို အဆုံးသတ်လိုကြောင်း ရုရှားသမ္မတ ပူတင်က ဒီဇင်ဘာ ၂၂ ရက်မှာ ထုတ်ဖော်ပြောဆိုလိုက်ပြီး စစ်ပွဲအဆုံးသတ်ရေးအတွက် သံတမန်နည်းလမ်းအရ ဖြေရှင်းနည်းတွေ မဖြစ်မနေပါ၀င်လိမ့်မယ်လို့ ပြောပါတယ်။ ယူကရိန်းသမ္မတ ဇီလန်စကီးကို အိမ်ဖြူတော်မှာ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က လက်ခံတွေ့ဆုံပြီး ယူကရိန်းကို ဆက်လက်ထောက်ပံ့သွားမယ်လို့ အမေရိကန်က ကတိပြုပြီးတရက်အကြာမှာ ယူကရိန်းစစ်ပွဲအဆုံးသတ်လိုကြောင်း ပူတင်က မှတ်ချက်ပြုပြောဆိုလိုက်တာဖြစ်ပါတယ်။ မိမိတို့ရဲ့ ရည်မှန်းချက်ဟာ စစ်ရေးပဋိပက္ခကို ကျယ်ပြန့်အောင်လုပ်ဖို့မဟုတ်ဘဲ ဆန့်ကျင်ဘက်အားဖြင့် အဆုံးသတ်ဖို့ဖြစ်ပြီး ဒါကိုအဆုံးသတ်ဖို့ ကြိုးစားသွားမယ်လို့ ရုရှားသမ္မတ ပူတင်က ပြောပါတယ်။ ဖေဖော်ဝါရီ ၂၄ ရက်မှာ ယူကရိန်းကို ရုရှားကကျူးကျော်တိုက်ခိုက်ပြီးနောက်ပိုင်း ပူတင်ဟာ စစ်ပွဲကို အဆုံးသတ်ရေးအတွက် စေ့စပ်ညှိနှိုင်းဖို့ ဆန္ဒရှိကြောင်း လုံး၀မပြသခဲ့ဘူးလို့ အိမ်ဖြူတော်ပြောရေးဆိုခွင့်ရှိသူ ဂျွန်ခရီဘီက ပြောပါတယ်။ သမ္မတဂျိုးဘိုင်ဒင်အနေနဲ့ ရုရှားသမ္မတပူတင်နဲ့ တွေ့ဆုံဆွေးနွေးရေးကို လမ်းဖွင့်ထားကြောင်း၊ သို့သော် ပူတင်အနေနဲ့…

Read More

မြန်မာ့အရေး အာဆီယံနိုင်ငံခြားရေး၀န်ကြီးအချို့ ဘန်ကောက်မှာ အလွတ်သဘော ဆွေးနွေး

ဘန်ကောက်၊ ဒီဇင်ဘာ-၂၃-၂၀၂၂ မျိုးဆက်(VOM) အာဆီယံအဖွဲ့၀င်နိုင်ငံအချို့မှ နိုင်ငံခြားရေး၀န်ကြီးတွေဟာ မြန်မာ့အရေးနဲ့ပတ်သက်ပြီး အလွတ်သဘောဆွေးနွေးပွဲကို ဒီဇင်ဘာ ၂၂ ရက်က ထိုင်းနိုင်ငံ ဘန်ကောက်မှာ ကျင်းပခဲ့ပါတယ်။ အဲဒီဆွေးနွေးပွဲမှာ မြန်မာစစ်တပ်က ကိုယ်စားလှယ်တဦးပါ၀င်ခဲ့ပြီး ဆွေးနွေးပွဲကို ထိုင်နိုင်ငံက ဦးဆောင်ပြီး ကမကထပြုကျင်းပခဲ့ခြင်းဖြစ်ကာ မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးသံတမန် ကမ္ဘောဒီးယားနိုင်ငံခြားရေး၀န်ကြီး ပရက်ခ်ဆိုခွန်လည်း တက်ရောက်ခဲ့ပါတယ်။ ဆွေးနွေးပွဲတက်ရောက်သူတွေအနေနဲ့မြန်မာ့အရေး အာဆီယံဘုံသဘောတူညီချက်ငါးချက်ကို အကောင်အထည်ဖော်ရာမှာ တိုးတက်မှုကို ဘယ်လိုအရှိန်မြှင့်မလဲဆိုတာကို ပွင့်ပွင့်လင်းလင်းဆွေးနွေးနိုင်မယ်လို့ မျှော်လင့်ကြောင့် ယခုနှစ် အာဆီယံအလှည့်ကျဥက္ကဌ ကမ္ဘောဒီယားက အစောပိုင်းမှာ ပြောဆိုထားပါတယ်။ အဲဒီဆွေးနွေးပွဲကို ကမ္ဘောဒီးယား၊ လာအို၊ ဗီယက်နမ်နဲ့ ထိုင်းနိုင်ငံခြားရေး၀န်ကြီးတွေ တက်ရောက်ခဲ့ကြပြီး မလေးရှား၊ အင်ဒိုနီးရှားနဲ့ အခြားအာဆီယံနိုင်ငံတွေ တက်ရောက်ခြင်းမရှိပါဘူး။ အခုလိုအလွတ်သဘော ဆွေးနွေးမှုဟာ လွတ်လပ်ပြီး အပြုသဘောဆောင်တဲ့ ဆွေးနွေးမှုတွေ ပါ၀င်တယ်လို့ ထိုင်းနိုင်ငံခြားရေး၀န်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။ Ref: NHK Photo:AFP #voiceofmyanmar…

Read More

သေဒဏ်ချခံရသူတွေနဲ့ပတ်သက်လို့ ပြည်တွင်း၊ ပြည်ပကျောင်းသားအဖွဲ့အစည်း ၉၆ ဖွဲ့က အင်ဒိုနီးရှားသမ္မတထံ အိတ်ဖွင့်စာ ပေးပို့

ဒီဇင်ဘာ ၂၃ – ၂၀၂၂ SN (VOM) ဒဂုံတက္ကသိုလ်ကျောင်းသား ၇ ဦးအပါအဝင် နိုင်ငံရေးလှုပ်ရှားသူတွေ သေဒဏ်ချမှတ်ခံရတာနဲ့ ပက်သက်ပြီး လာမယ့် ၂၀၂၃ မှာ အာဆီယံဥက္ကဋ္ဌတာဝန် ထမ်းဆောင်တော့မယ့် အင်ဒိုနီးရှားသမ္မတဆီကို ပြည်တွင်း၊ ပြည်ပ ကျောင်းသားအဖွဲ့အစည်းတွေ စုပေါင်းပြီး အိတ်ဖွင့်ပေးစာ ပေးပို့ခဲ့တယ်လို့ သိရပါတယ်။ အဲ့ဒီ့ အိတ်ဖွင့်စာကို မြန်မာ၊ ထိုင်း၊ အင်ဒိုနီးရှားနဲ့ နီပေါနိုင်ငံက ကျောင်းသားအဖွဲ့အစည်း (၉၆) ဖွဲ့က စုပေါင်းပေးပို့ခဲ့တာ ဖြစ်ပါတယ်။ ဒီစာထဲမှာ ကျောင်းသားအဖွဲ့အစည်းတွေက သေဒဏ်ချမှတ်မှုအပါအဝင် ဒီမိုကရေစီအရေး လှုပ်ရှားသူတွေကို အရေးယူဖမ်းဆီးတာတွေ ရပ်တန့်ရေးနဲ့ နိုင်ငံရေးအကျဉ်းသားတွေ ပြန်လည်လွတ်မြောက်ရေးတို့အတွက် ဖြစ်နိုင်သမျှ နည်းလမ်းပေါင်းစုံနဲ့ အာဆီယံက ဖိအားပေးအရေးယူဖို့ တောင်းဆိုထားပါတယ်။ ဒါ့အပြင် နစက က လိုက်နာဆောင်ရွက်ဖို့ ပျက်ကွက်ရင် ယုံကြည်နိုင်လောက်တဲ့ ပြစ်ဒဏ်တွေထားရှိဖို့ ဘုံသဘောတူညီချက် ၅ ချက်…

Read More

ပုသိမ်ကြီးမြို့နယ်က အောင်သပြေရွှေဆိုင် သိန်း ၁၄၀၀ ကျော် ဓားပြတိုက်ခံရ

ဒီဇင်ဘာ ၊ ၂၃ ၊ ၂၀၂၂ SP (VOM) မန္တလေးတိုင်း ၊ ပုသိမ်ကြီးမြို့နယ်၊ ရန်ကင်းတောင်ကျေးရွာအုပ်စု၊ မြိုသာကုန်းကျေးရွာ၊ မန္တလေး-ပုသိမ်ကြီးသွားကားလမ်းဘေးမှာရှိတဲ့ အောင်သပြေရွှေဆိုင်မှာ မနေ့ ဒီဇင်ဘာ ၂၂ ရက် ၊ နေ့လယ်ပိုင်းက ဓားပြတိုက်ခံရပြီး ရွှေထည်ပစ္စည်းမျိုးစုံ ၅၀ ကျပ်သား ပါသွားတယ်လို့ မန္တလေးရွှေလုပ်ငန်းရှင် အသိုင်းအဝိုင်းဆီက သိရပါတယ်။ “Mask တပ်ထားတဲ့ လူ ၄ ယောက်က ဆိုင်ထဲကို ဝင်လာပြီး သေနတ် တချက်ပစ်ဖောက်တယ် ၊ ဆိုင်ဝန်ထမ်းတွေကို ဝမ်းလျားမှောက်ခိုင်းထားပြီး ကောင်တာထဲက ရွှေထည်ပစ္စည်းတွေကို လုယူ ဓားပြတိုက်သွားတာ”လို့ အဲ့ဒီ ရွှေဆိုင်နဲ့ နီးစပ်သူတယောက်က ပြောပါတယ်။ အဲ့ဒီ ဓားပြမှုဖြစ်စဥ်နဲ့ ပတ်သက်ပြီး ပုသိမ်ကြီးမြို့နယ်လုံခြုံရေးအဖွဲ့နဲ့ နီးစပ်သူတယောက်က ” အောင်သပြေရွှေဆိုင်မှာ ဖြစ်တာပါ ၊ ရွှေထည်ပစ္စည်း ၅၀ ကျပ်သား…

Read More

စစ်နွံထဲက အိမ်ပြန်အိပ်မက်

ဒီဇင်ဘာ ၂၃- ၂၀၂၂ SW (VOM) “ဒီကို ထွက်ပြေးမလာခင်တရက်ဆိုရင် ကျွန်မတို့ လင်မယားနှစ်ယောက်က တောင်ယာလုပ်နေတုန်း ပစ်ခတ်သံတွေကြားတော့ ကလေးတွေအိမ်မှာ ကြောက်လန့်ပြီးငိုနေကြတာ။ နောက်တနေ့ကျတော့ တိုက်ပွဲက ပိုပြင်းလာလို့ ထွက်ပြေးလာကြတာ”လို့ အသက် ၄၅ နှစ်အရွယ်ရှိတဲ့ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်က ရခိုင်တိုင်းရင်းသူတဦးဖြစ်တဲ့ ဒေါ်လှနုဖြူက ပြောပါတယ်။ လက်ရှိမှာ ဒေါ်လှနုဖြူတို့ဟာ စစ်တွေမြို့၊ မင်းဂံရပ်ကွက်က ဘုန်းတော်ကြီးကျောင်းစစ်ဘေးရှောင်စခန်းမှာခိုလုံနေတာတွေ့ခဲ့ရပြီး သူဟာ ပလက်ဝမြို့နယ်၊ လေလကျေးရွာအုပ်စုက စိမ်းညှင်းဝကျေးရွာဇာတိဖြစ်ပါတယ်။ ဒေါ်လှနုဖြူတို့မိသားစုဟာ လက်ရှိခိုလုံနေတဲ့ စစ်ဘေးရှောင်စခန်းမှာ ၆ ပေပတ်လည် စစ်ဘေးရှောင် တဲအိမ်တန်းလျားထဲက အခန်းကျည်းထဲမှာ မိသားစုဝင် ၅ ဦးနဲ့ ကျဉ်းကျဉ်းကျပ်ကျပ် နေထိုင်နေကြရတာဖြစ်ပါတယ်။ လက်ရှိမှာတော့ ဆယ်တန်းကျောင်းသူ တဦး၊ လေး တန်းကျောင်းသား တဦးနဲ့ တစ်နှစ်ကျော်အရွယ် ကလေးငယ်တဦးတို့နဲ့အတူ စစ်တွေမြို့၊ မင်းဂံရပ်ကွက်က ဘုန်းတော်ကြီးကျောင်း စစ်ဘေးရှောင်စခန်းက အခန်းကျဉ်းလေးမှာ…

Read More

စိုက်ပျိုး ရေ ပေး​ဝေတာ နည်းပါးနေတာကြောင့် တောင်သူတွေ လုပ်စားလို့မရဖြစ်နေ

ဒီဇင်ဘာ- ၂၃- ၂၀၂၂ (Voice of Myanmar) စပါး၊ ပဲ၊ နှမ်း၊ ပြောင်း၊ ပန်း စိုက်တောင်သူတွေအတွက် မြေတော် ရေတော် ရာသီအမှီကို ကျဲရတဲ့အခါမှာ ရေကိုအချိန်မှီမရတဲ့အပြင် စိုက်ပျိုးရေပေးဝေတာ နည်းပါးတာကြောင့် တောင်သူတွေ လုပ်စားလို့မရဘဲ အခက်အခဲဖြစ်နေတယ်လို့ ဒီကနေ့မနက်ပိုင်းက မန္တလေးတိုင်းအတွင်းမှာရှိတဲ့ စိုက်ပျိုးရေးလုပ်ငန်းရှင်တွေနဲ့ တောင်သူတွေကို တိုင်းအစိုးရအဖွဲ့က တွေ့ဆုံနှီးနှောဖလှယ်ပွဲမှာ တောင်သူတဦးက VOM ကိုပြောပါတယ်။ အခမ်းအနားဖွင့်ပွဲမှာ မန္တလေးတိုင်းဝန်ကြီးချုပ် ဦးမောင်ကိုက “သုတေသနလုပ်ငန်းများနဲ့ မျိုးကောင်းမျိုးသန့်တွေရရှိအောင် ဆောင်ရွက်သွားမှာဖြစ်ပြီး၊ စိုက်ပျိုးရေးလုပ်ငန်းမှာ လေးမျိုးပဲရှိပါတယ်။ မျိုး၊ မြေ၊ ရေ ဘယ်လောက်ကောင်းကောင်း နည်းပညာမပါဘူးဆိုရင် ဒီကနေ့ ကမ္ဘာနိုင်ငံတွေမှာ စိုက်ပျိုးရေးပညာနဲ့ နှိုင်းယှဥ်မယ်ဆိုရင် ကျနော်တို့ အနောက်ကျဆုံးသာဖြစ်ပါတယ်။ ဒါကြောင့် မျိုးကောင်းရဖို့နဲ့ အဟာရပြည့်ဝပြီး မြေသြဇာရရှိဖို့ ရေလုံးလောက်စွာရရှိရေး၊ နည်းစနစ်ကောင်းမွန်စွာနဲ့ စိုက်ပျိုးမယ်ဆိုခဲ့ရင် ကျနော်တို့ သီးနှံတွေဟာ တခြားတိုင်းတွေထက်…

Read More

မြိုင်မြို့နယ်မှာ ကား ၁ စီး ရပ်မပေးလို့ ပစ်ခတ်ခံရပြီး ကားပေါ်ပါ လူ ၃ ဦးသေဆုံး

ဒီဇင်ဘာ ၊ ၂၃ ၊ ၂၀၂၂ SP (VOM) မကွေးတိုင်း ၊ ​ပခုက္ကူခရိုင် ၊ မြိုင်မြို့နယ် ၊ ကြံ့စိမ့်ကြီးကျေးရွာနားမှာ မနေ့ ဒီဇင်ဘာ ၂၂ ရက် ၊ မနက် ၁၁ နာရီဝန်းကျင်က ကျေးရွာချင်းဆက်ကားလမ်းမှာ မောင်းနှင်လာတဲ့ကား ၁ စီးကို နယ်မြေရှင်းလင်းရေး အဖွဲ့က ပစ်ခတ်ဖမ်းဆီးတာကြောင့် ကားပေါ်ပါ လူ ၃ ယောက်စလုံး သေဆုံးသွားတယ်လို့ ဒေသခံ လူမှုကူညီရေးအဖွဲ့တွေဆီက သိရပါတယ်။ ” အိမ်စီးဘင်ကား အပစ်ခံရတာပါ ၊ ကားပေါ်မှာ လိုက်ပါလာတဲ့ အသက် ၂၀ နဲ့ ၃၀ ကြား အမျိုးသား ၃ ဦး ကျည်ဆံထိမှန် သေဆုံးသွားတယ် ၊ သေဆုံးသူတွေဟာ အခုထိတော့ ဘယ်သူဘယ်ဝါဖြစ်တယ်ဆိုတာ မသိရသေးဘူး ” လို့…

Read More
VOM News

FREE
VIEW