ပုသိမ်ကြီးမြို့နယ်က အောင်သပြေရွှေဆိုင် သိန်း ၁၄၀၀ ကျော် ဓားပြတိုက်ခံရ

ဒီဇင်ဘာ ၊ ၂၃ ၊ ၂၀၂၂
SP (VOM)

မန္တလေးတိုင်း ၊ ပုသိမ်ကြီးမြို့နယ်၊ ရန်ကင်းတောင်ကျေးရွာအုပ်စု၊ မြိုသာကုန်းကျေးရွာ၊ မန္တလေး-ပုသိမ်ကြီးသွားကားလမ်းဘေးမှာရှိတဲ့ အောင်သပြေရွှေဆိုင်မှာ မနေ့ ဒီဇင်ဘာ ၂၂ ရက် ၊ နေ့လယ်ပိုင်းက ဓားပြတိုက်ခံရပြီး ရွှေထည်ပစ္စည်းမျိုးစုံ ၅၀ ကျပ်သား ပါသွားတယ်လို့ မန္တလေးရွှေလုပ်ငန်းရှင် အသိုင်းအဝိုင်းဆီက သိရပါတယ်။

“Mask တပ်ထားတဲ့ လူ ၄ ယောက်က ဆိုင်ထဲကို ဝင်လာပြီး သေနတ် တချက်ပစ်ဖောက်တယ် ၊ ဆိုင်ဝန်ထမ်းတွေကို ဝမ်းလျားမှောက်ခိုင်းထားပြီး ကောင်တာထဲက ရွှေထည်ပစ္စည်းတွေကို လုယူ ဓားပြတိုက်သွားတာ”လို့ အဲ့ဒီ ရွှေဆိုင်နဲ့ နီးစပ်သူတယောက်က ပြောပါတယ်။

အဲ့ဒီ ဓားပြမှုဖြစ်စဥ်နဲ့ ပတ်သက်ပြီး ပုသိမ်ကြီးမြို့နယ်လုံခြုံရေးအဖွဲ့နဲ့ နီးစပ်သူတယောက်က ” အောင်သပြေရွှေဆိုင်မှာ ဖြစ်တာပါ ၊ ရွှေထည်ပစ္စည်း ၅၀ ကျပ်သား ( ခန့်မှန်း ကာလတန်ဖိုး သိန်း ၁၄၀၀ ကျော်)ဖိုးပါသွားတယ် ” လို့ ပြောပါတယ်။

အဲ့ဒီ ဓားပြမှုကိုလည်း အမှုဖွင့် စုံစမ်းစစ်ဆေးနေတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်း ဒီဇင်ဘာလ ၂၀ ရက်နေ့ကလည်း ပြည်ကြီးတံခွန်မြို့နယ်မှာရှိတဲ့ မောသစ်ရွှေဆိုင် နေအိမ်ရှေ့မှာ ရွှေအလေးချိန် ၁ ပိသာနဲ့ ငွေစက္ကူရောရာ သိန်း ၁၀၁ ကျပ် ဓားပြတိုက်ခံရတာ ဖြစ်ခဲ့ပါတယ်။

အဲ့ဒီ ဒီဇင်ဘာ ၂၀ရက်ကပဲ မန္တလေးတိုင်း ၊ တောင်သာမြို့မှာရှိတဲ့ ဦးဆင့်ရွှေပန်းထိမ်ဆိုင်လည်း ရွှေအလေးချိန် ၁ ပိဿာ၊ ၄၀ ကျပ်သား ဓားပြတိုက်ခံရပါသေးတယ်။

#voiceofmyanmar #VOM #မန္တလေး

Related posts

Leave a Comment

VOM News

FREE
VIEW